သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အယ္လ္ခိုင္းဒါးအဖဲြ႕ကို ေထာက္ပံ့သူ ၅ ဦး အေမရိကန္ ပိတ္ဆို႔ဒဏ္ခတ္


Al-Qaida Zawahri

{{Zawgyi/Unicode}}

Al-Qaida အဖဲြ႕ကို ကူညီေထာက္ပံေနတယ္ဆိုတဲ့စြပ္စဲြခ်က္နဲ႕ အီဂ်စ္ နဲ႕ တူရကီ ႏိုင္ငံသား ၅ ဦးကို အေမရိကန္ အစိုးရက ပိတ္ဆို႔အေရးယူမႈလုပ္လိုက္ပါတယ္။

ဒီလူေတြဟာ Al-Qaida ကိုေငြေၾကးကူညီေထာက္ပံမႈေတြျပဳလုပ္ေနၿပီး၊ တူရကီႏိုင္ငံကေနတဆင့္လုပ္ေဆာင္ေနတာလို႔ အေမရိကန္ ဘဏ႑ာေရး၀န္ႀကီးဌာန တာ၀န္ရွိသူ Andrea Gacki ကေျပာဆိုပါတယ္။

ေငြေၾကးေထာက္ပံမႈ ကြန္ယက္ေတြကို ေဖၚထုတ္အေရးယူႏိုင္ဖို႔ တူရကီႏိုင္ငံအပါအ၀င္ မဟာမိတ္ႏိုင္ငံေတြနဲ႕ ဆက္လက္ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔လည္းသူကေျပာဆိုခဲ့ပါတယ္။

အေရးယူခံရသူေတြထဲမွာ အီဂ်စ္ႏိုင္ငံသား ေရွ႕ေနတဦးျဖစ္တဲ့ Majdi Salim ဟာအဓိက ေနရာကေနခ်ိတ္ဆက္လုပ္ေဆာင္သူျဖစ္တယ္လို႔ဆိုပါတယ္။ အေရးယူခံရသူေတြထဲမွာ မက္ဂ်ဒီ အပါ၀င္ အီဂ်စ္ႏိုင္ငံသား ၂ ဦး နဲ႕ တူရကီႏိုင္ငံသား ၃ ဦး ေပါင္း ၅ ဦးျဖစ္ပါတယ္။

ဒီအေရးယူေဆာင္ရြက္မႈေၾကာင့္ သူတို႔နဲ႕ပတ္သက္တဲ့ ေငြေၾကး နဲ ့ပိုင္ဆိုင္မႈမ်ား၊ သူတို႔ နဲ႕ ပတ္သက္သူမ်ားရဲ ေငြေၾကးဆိုင္ရာလႈပ္ရွားမႈမ်ားကို ကန္႕သတ္ပိတ္ပင္သြားမွာျဖစ္ပါတယ္။ .....................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

Al-Qaida အဖွဲ့ကို ကူညီထောက်ပံနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အီဂျစ် နဲ့ တူရကီ နိုင်ငံသား ၅ ဦးကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုလုပ်လိုက်ပါတယ်။

ဒီလူတွေဟာ Al-Qaida ကိုငွေကြေးကူညီထောက်ပံမှုတွေပြုလုပ်နေပြီး၊ တူရကီနိုင်ငံကနေတဆင့်လုပ်ဆောင်နေတာလို့ အမေရိကန် ဘဏဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူ Andrea Gacki ကပြောဆိုပါတယ်။

ငွေကြေးထောက်ပံမှု ကွန်ယက်တွေကို ဖေါ်ထုတ်အရေးယူနိုင်ဖို့ တူရကီနိုင်ငံအပါအဝင် မဟာမိတ်နိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်းသူကပြောဆိုခဲ့ပါတယ်။

အရေးယူခံရသူတွေထဲမှာ အီဂျစ်နိုင်ငံသား ရှေ့နေတဦးဖြစ်တဲ့ Majdi Salim ဟာအဓိက နေရာကနေချိတ်ဆက်လုပ်ဆောင်သူဖြစ်တယ်လို့ဆိုပါတယ်။ အရေးယူခံရသူတွေထဲမှာ မက်ဂျဒီ အပါဝင် အီဂျစ်နိုင်ငံသား ၂ ဦး နဲ့ တူရကီနိုင်ငံသား ၃ ဦး ပေါင်း ၅ ဦးဖြစ်ပါတယ်။

ဒီအရေးယူဆောင်ရွက်မှုကြောင့် သူတို့နဲ့ပတ်သက်တဲ့ ငွေကြေး နဲ့ပိုင်ဆိုင်မှုများ၊ သူတို့ နဲ့ ပတ်သက်သူများရဲ ငွေကြေးဆိုင်ရာလှုပ်ရှားမှုများကို ကန့်သတ်ပိတ်ပင်သွားမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG