(Zawgyi / Unicode)
Al-Qaida အၾကမ္းဖက္အဖြဲ႔နဲ႔ ဆက္ႏႊယ္တဲ့ အစၥလာမၼစ္ အစြန္းေရာက္အဖြဲ႔ Jemaah Islamiyah အၾကမ္းဖက္အဖြဲ႔ ထိပ္ပိုင္းေခါင္းေဆာင္တဦးကို လက္ရဖမ္းဆီးလိုက္ႏုိင္ၿပီလို႔ အင္ဒိုနီးရွား အာဏာပိုင္ေတြက စေနေန႔က သတင္းထုတ္ျပန္လိုက္ပါတယ္။
Jemaah Islamiyah အစြန္းေရာက္အဖြဲ႔ဟာ အစၥလာမ္ႏိုင္ငံေတာ္ ထူေထာင္ေရးဆိုၿပီး အေရွ႕ေတာင္အာရွတဝန္း လူအမ်ားအျပားေသဆံုးတဲ့ အၾကမ္းဖက္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနတာပါ။
ဆူမားၾတားကၽြန္းအေရွ႕ဘက္ Lampung ကၽြန္းမွာရွိတဲ့ ေနအိမ္တလံုးကို ၾကာသပေတးေန႔ ေႏွာင္းပိုင္းတုန္းက အၾကမ္းဖက္မႈ တန္ျပန္ေရး ရဲတပ္ဖဲြ႔က ဝင္ေရာက္စီးနင္းရာမွာ Zulkarnaen လို႔ သိၾကတဲ့ Aris Sumarson ကို ဖမ္းဆီးရမိတာျဖစ္တယ္လို႔ အင္ဒိုနီးရွားအမ်ိဳးသားရဲတပ္ဖဲြ႔ ေျပာခြင့္ရသူက ေျပာပါတယ္။
လူ ၂၀၀ ေက်ာ္ ေသဆံုးခဲ့ရတဲ့ ၂၀၀၂ ခုႏွစ္ ဘာလီဗံုးေပါက္ကြဲမႈနဲ႔ ၂၀၀၃ ခုႏွစ္က အင္ဒိုနီးရွားႏုိင္ငံၿမိဳ႕ေတာ္ ဂ်ကာတာက Marriott Hotel အၾကမ္းဖက္တိုက္ခိုက္မႈေတြမွာ ေနာက္ကြယ္က ႀကိဳးကိုင္ပါဝင္သူလို႔ သံသယရွိခဲ့တဲ့ Zulkarnaen ဟာ ဖမ္းဆီးခံရစဥ္ ျပန္လည္ခုခံတာမ်ိဳး မရွိခဲ့ဘူးလို႔ အင္ဒိုရဲတပ္ဖဲြ႔က ေျပာပါတယ္။
ၿပီးခဲ့တဲ့လက ဖမ္းဆီးခဲ့တဲ့ အစြန္းေရာက္သံသယရွိသူေတြ မ်ားစြာကို စစ္ေၾကာေမးျမန္း စစ္ေဆးၿပီး ရလာတဲ့ သတင္းအခ်က္အလက္ေပၚ မူတည္ၿပီး Zulkarnaen ရဲ႕ေနရာကို စံုစမ္းေဖာ္ထုတ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။
အေရွ႕ေတာင္အာရွေဒသရဲ႕ Jemaah Islamiyah အစြန္းေရာက္အဖြဲ႔ဟာ Al-Qaida ေခါင္းေဆာင္ေဟာင္း အိုစမာဘင္လာဒင္နဲ႕ေရာ အာဖဂနစၥတန္က တာလီဘန္အဖဲြ႔နဲ႔ပါ တိုက္႐ိုက္ပတ္သက္မႈေတြ ရွိတာပါ။ ဒါေၾကာင့္လည္း ဒီအဖဲြ႔ေခါင္းေဆာင္ Zulkarnaen ကို ဒဏ္ခတ္အေရးယူထားတဲ့ Al-Qaida စာရင္းထဲ ကုလသမဂၢ လံုၿခံဳေရးေကာင္စီကေန ၂၀၀၅ ေမလကတည္းက ထည့္သြင္းထားပါတယ္။
ဇီဝေဗဒပညာရွင္တဦးျဖစ္တဲ့ Zulkarnaen ဟာ အာဖဂန္မွာ စစ္သင္တန္းသြားယူခဲ့တဲ့ ပထမဦးဆံုး အင္ဒိုနီးရွား စစ္ေသြးႂကြအုပ္စုထဲက တဦးျဖစ္ပါတယ္။
-------------------------
(Unicode)
Al-Qaida အဆက်အနွှယ် အကြမ်းဖက်ခေါင်းဆောင်တဦး အင်ဒိုနီးရှား ဖမ်းဆီးရမိ
Al-Qaida အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ Jemaah Islamiyah အကြမ်းဖက်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးကို လက်ရဖမ်းဆီးလိုက်နိုင်ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက စနေနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
Jemaah Islamiyah အစွန်းရောက်အဖွဲ့ဟာ အစ္စလာမ်နိုင်ငံတော် ထူထောင်ရေးဆိုပြီး အရှေ့တောင်အာရှတဝန်း လူအများအပြားသေဆုံးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
ဆူမားတြားကျွန်းအရှေ့ဘက် Lampung ကျွန်းမှာရှိတဲ့ နေအိမ်တလုံးကို ကြာသပတေးနေ့ နှောင်းပိုင်းတုန်းက အကြမ်းဖက်မှု တန်ပြန်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ Zulkarnaen လို့ သိကြတဲ့ Aris Sumarson ကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ အင်ဒိုနီးရှားအမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ၂၀၀၂ ခုနှစ် ဘာလီဗုံးပေါက်ကွဲမှုနဲ့ ၂၀၀၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာက Marriott Hotel အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ နောက်ကွယ်က ကြိုးကိုင်ပါဝင်သူလို့ သံသယရှိခဲ့တဲ့ Zulkarnaen ဟာ ဖမ်းဆီးခံရစဉ် ပြန်လည်ခုခံတာမျိုး မရှိခဲ့ဘူးလို့ အင်ဒိုရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့တဲ့ အစွန်းရောက်သံသယရှိသူတွေ များစွာကို စစ်ကြောမေးမြန်း စစ်ဆေးပြီး ရလာတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး Zulkarnaen ရဲ့နေရာကို စုံစမ်းဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသရဲ့ Jemaah Islamiyah အစွန်းရောက်အဖွဲ့ဟာ Al-Qaida ခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင်နဲ့ရော အာဖဂနစ္စတန်က တာလီဘန်အဖွဲ့နဲ့ပါ တိုက်ရိုက်ပတ်သက်မှုတွေ ရှိတာပါ။ ဒါကြောင့်လည်း ဒီအဖွဲ့ခေါင်းဆောင် Zulkarnaen ကို ဒဏ်ခတ်အရေးယူထားတဲ့ Al-Qaida စာရင်းထဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ၂၀၀၅ မေလကတည်းက ထည့်သွင်းထားပါတယ်။
ဇီဝဗေဒပညာရှင်တဦးဖြစ်တဲ့ Zulkarnaen ဟာ အာဖဂန်မှာ စစ်သင်တန်းသွားယူခဲ့တဲ့ ပထမဦးဆုံး အင်ဒိုနီးရှား စစ်သွေးကြွအုပ်စုထဲက တဦးဖြစ်ပါတယ်။