သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါးခေါင်းဆောင် al-Zawahri သေပြီဆိုတာ မှန်ရဲ့လား


 အယ်လ်ကိုင်းဒါးခေါင်းဆောင် Ayman al-Zawahri. (စက်တင်ဘာ ၄၊ ၂၀၁၄)
အယ်လ်ကိုင်းဒါးခေါင်းဆောင် Ayman al-Zawahri. (စက်တင်ဘာ ၄၊ ၂၀၁၄)

(Zawgyi / Unicode)

သေဆုံးသွားပြီလု့ိ လအတော်ကြာ သတင်းတွေထွက်နေတဲ့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် Ayman al-Zawahri ကို စက်တင်ဘာ ၁၁ ရက် 9/11 တိုက်ခိုက်မှု အနှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အတွက် ထုတ်ပြန်တဲ့ ဗွီဒီယိုခွေအသစ်မှာ ပြန်တွေ့လာရပါတယ်။

ဒီဗွီဒီယိုကို စနေနေ့က ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ဂျီဟတ်တိုက်ခိုက်ရေးသမားတွေရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာတွေကို စောင့်ကြည့်နေတဲ့ SITE ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ အဲဒီဗွီဒီယိုထဲမှာ al-Zawahri က ဂျေရုစလင်ဟာ ဘယ်တော့မှ ဂျူးတွေအတွက် ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့သလို ဇန်နဝါရီလထဲ ဆီးရီးယားက ရုရှားတပ်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု အပါအဝင် အယ်လ်ကိုင်းဒါးတွေရဲ့ တိုက်ခိုက်မှုတွေကို ချီးကျူးထားတယ်လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ အနှစ် ၂၀ စစ်ပွဲနောက်ပိုင်း အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းခဲ့တာကို al-Zawahri က ပြောထားပေမယ့် အခုလို တပ်တွေရုပ်သိမ်းဖို့ တာလီဘန်တွေနဲ့ ၂၀၂၀ ဖေဖော်ဝါရီလကတည်းက သဘောတူညီချက်ရထားတာ ဖြစ်တဲ့အတွက် အခု သူ့ရဲ့ ပြောဆိုချက်ဟာ မကြာခင်ကမှ ရိုက်ထားတဲ့ ဗွီဒီယိုလို့ ထောက်မပြနိုင်ကြောင်းလည်း SITE က ပြောပါတယ်။ ဒါ့အပြင် Al-Zawahri က ပြီးခဲ့တဲ့လထဲ တာလီဘန်တွေ အာဖဂန်မြို့တော် ကာဘူးလ်ကို သိမ်းယူခဲ့တာကိုလည်း ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဆီးရီးယားမြောက်ပိုင်းက Raqqa မြို့မှာ ရုရှားတပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာကိုတော့ ဖော်ပြထားကြောင်းနဲ့ အဲဒီအချိန်ကနေ စနေနေ့အထိ သူလှုပ်ရှားသွားလာနေတယ် ဆိုတာကို သက်သေပြနိုင်တာ ဒါမှမဟုတ် ဗွီဒီယိုထုတ်ပြန်ချက် တခုမှမရှိဘူးလို့လည်း ပြောပါတယ်။

၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ al-Zawahri ဖျားနာပြီး သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ စနေနေ့အထိ သူ အသက်ရှင်နေကြောင်း ပြနိုင်တဲ့ အထောက်ထား မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် သူသေဆုံးတာ ဖြစ်နိုင်သလို ဒီနှစ်ဆန်း ဇန်နဝါရီလ နောက်ပိုင်းမှာ သေဆုံးတာ ဖြစ်နိုင်တယ်လို့ SITE အဖွဲ့ ဒါရိုက်တာ Rita Katz က တွစ်တာမှာ ရေးပါတယ်။

အယ်လ်ကိုင်းဒါးတွေရဲ့ Sahab မီဒီယာဖောင်ဒေးရှင်းက ထုတ်ပြန်တဲ့ Al-Zawahri ရဲ့ မိန့်ခွန်းဗွီဒီယိုဟာ ၆၁ မိနစ် ၃၇ စက္ကန့် ရှည်ပါတယ်။

ဂျီဟတ်အုပ်စုတွေထဲမှာ မကြာခင်နှစ်တွေအတွင်း အယ်လ်ကိုင်းဒါးကို ယှဉ်လာသူကတော့ အိုင်အက်စ် အစွန်းရောက်အဖွဲ့ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံသား Al-Zawahri ဟာ အယ်လ်ကိုင်းဒါးခေါင်းဆောင် Osama bin Laden ၂၀၁၁ ခုနှစ်က ပါကစ္စတန်နိုင်ငံ Abbottabad မှာ သေဆုံးခဲ့တဲ့နောက် ခေါင်းဆောင် ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG