သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားအၾကမ္းဖက္ဝါဒီေတြ အာဖဂန္ကို အာ႐ုံက်လာ


အာဖဂန္နစၥတန္ႏုိင္ငံ Panjshir ခ႐ုိင္မွာ ေစာင့္ၾကပ္ေနတဲ့ တာလီဘန္တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (စက္တင္ဘာ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

9/11 ေခၚ စက္တင္ဘာ ၁၁ အၾကမ္းဖက္တိုက္ခိုက္မူအတြက္ လြန္ခဲ့တဲ့ အႏွစ္ ၂၀ တုန္းက အာဖဂန္နစၥတန္မွာ al-Qaida ေတြ ေျခကုပ္ယူခဲ့အၿပီး အခုလည္း ကမာၻတဝန္း မ်ိဳးဆက္သစ္ အၾကမ္းဖက္သမားေတြ သြားအေျခခ်မယ့္ လကၡဏာ ေပၚေနတယ္လို႔ သုံးသပ္မႈေတြ ထြက္လာပါတယ္။

အေမရိကန္နဲ႔ NATO မဟာမိတ္တပ္ေတြ အာဖဂန္က ဆုတ္ခြာအၿပီး တာလီဘန္ေတြ ျပန္သိမ္းယူႏိုင္ခဲ့တာေၾကာင့္ ႏိုင္ငံျခား အၾကမ္းဖက္သမားေတြလည္း ျပန္အားတက္လာကာ အာဖဂန္သြား အေျခခ်ဖို႔ ျေပာေနၾကၿပီလို႔ အၾကမ္းဖက္တိုက္ဖ်က္ေရး အရာရွိေတြနဲ႔ သုံးသပ္သူေတြက ဆိုပါတယ္။

ISIS အစၥလာမ္စစ္ေသြးႂကြအဖြဲ႔၊ al-Qaida နဲ႔ တာလီဘန္အဖြဲ႔ေတြကို ေစာင့္ၾကည့္ေနတဲ့ ကုလသမဂၢဆိုင္ရာ အဖြဲ႔က ညႇိဳႏႈိင္းေရးမွဴး Edmund Filtton-Brown က "သူတို႔ေတြ ေဆြးေႏြးေျပာဆိုေနၾကတာက အခုလို အာဖဂန္ကို သြားၾကဖို႔ပါပဲ" လို႔ အင္တာနက္ အြန္လုိင္းေဆြးေႏြးပြဲမွာ မေန႔က ေျပာလိုက္ပါတယ္။

"အာဖဂန္ကိုသြားဖို႔ သူတို႔ တကယ္ အရမ္းကို စိတ္အားတက္ႂကြေနၾကပါတယ္။ အေမရိကန္မွာ တိုက္ခိုက္ဖို႔ ဒီေျမမွာ စျဖစ္ခဲ့တယ္။ အခုလည္း ဒီေျမမွာပဲ အေမရိကန္ေတြ က်ဆုံးသြားၿပီ။ အေနာက္ႏိုင္ငံေတြ က်ဆုံးသြားၿပီ" ဆိုၿပီး အားတက္ေနၾကတယ္လို႔ ကုလညႇိဳႏႈိင္းေရးမွဴး Filtton-Brown က ဆက္ေျပာပါတယ္။

အခုလို အၾကမ္းဖက္သမားေတြ ေျပာဆိုေဆြးေႏြးမႈေတြဟာ ပိုအရွိန္ရလာေနၿပီလို႔ သံုးသပ္သူေတြကလည္း ေျပာပါတယ္။ ဝါရွင္တန္အေျခစိုက္ အေရွ႕အလယ္ပိုင္းဆိုင္ရာအဖြဲ႔ရဲ႕ အၾကမ္းဖက္ဆန႔္က်င္ေရး အစီအစဥ္က ၫႊန္ၾကားေရးမွဴး Charles Lister က အေရွ႕ေတာင္အာရွ အစိုးရအရာရွိေတြဆီကလည္း အခုလိုၾကားေနရတာ အနည္းဆုံး ၁၀ ရက္ေလာက္ရွိလာၿပီလို႔ ဆိုပါတယ္။

ဒီအရာရွိေတြထဲက တဦးက ဂ်ီဟတ္ အစၥလာမၼစ္ စစ္ေသြးႂကကြန္ရက္ေတြထဲ ေျပာေနတာကို ၾကားျဖတ္နားေထာင္ရာမွာ ၁၀၀ ရာခုိင္ႏႈန္းက အာဖဂန္ကို ဘယ္လိုသြားႏိုင္မလဲဆိုတာ ေျပာေနၾကတယ္လ္ို႔ ၫႊန္ၾကားေရးမွဴး Lister က ဆက္ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ကုလသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြက ေထာက္လွမ္းေရး အရာရွိေတြလည္း အေမရိကန္တပ္မဆုတ္ခင္ ဒီႏွစ္ဆန္းထဲက ႏိုင္ငံျခား တိုက္ခိုက္ေရးသမားေတြ အာဖဂန္ကို စဝင္ခဲ့ၿပီး အခုဆိုရင္ ႏိုင္ငံျခားသား တိုက္ခိုက္ေရးသမားေပါင္း ၈,၀၀၀ ကေန ၁၀,၀၀၀ အထိ ရွိလာေနၿပီလို႔ ခန႔္မွန္းထားေၾကာင္း သုံးသပ္သူေတြက ဆိုပါတယ္။

----------------------

(Unicode)

နိုင်ငံခြားအကြမ်းဖက်ဝါဒီတွေ အာဖဂန်ကို အာရုံကျလာ

9/11 ခေါ် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မူအတွက် လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အာဖဂန်နစ္စတန်မှာ al-Qaida တွေ ခြေကုပ်ယူခဲ့အပြီး အခုလည်း ကမ္ဘာတဝန်း မျိုးဆက်သစ် အကြမ်းဖက်သမားတွေ သွားအခြေချမယ့် လက္ခဏာ ပေါ်နေတယ်လို့ သုံးသပ်မှုတွေ ထွက်လာပါတယ်။

အမေရိကန်နဲ့ NATO မဟာမိတ်တပ်တွေ အာဖဂန်က ဆုတ်ခွာအပြီး တာလီဘန်တွေ ပြန်သိမ်းယူနိုင်ခဲ့တာကြောင့် နိုင်ငံခြား အကြမ်းဖက်သမားတွေလည်း ပြန်အားတက်လာကာ အာဖဂန်သွား အခြေချဖို့ ြပောနေကြပြီလို့ အကြမ်းဖက်တိုက်ဖျက်ရေး အရာရှိတွေနဲ့ သုံးသပ်သူတွေက ဆိုပါတယ်။

ISIS အစ္စလာမ်စစ်သွေးကြွအဖွဲ့၊ al-Qaida နဲ့ တာလီဘန်အဖွဲ့တွေကို စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့က ညှိုနှိုင်းရေးမှူး Edmund Filtton-Brown က "သူတို့တွေ ဆွေးနွေးပြောဆိုနေကြတာက အခုလို အာဖဂန်ကို သွားကြဖို့ပါပဲ" လို့ အင်တာနက် အွန်လိုင်းဆွေးနွေးပွဲမှာ မနေ့က ပြောလိုက်ပါတယ်။

"အာဖဂန်ကိုသွားဖို့ သူတို့ တကယ် အရမ်းကို စိတ်အားတက်ကြွနေကြပါတယ်။ အမေရိကန်မှာ တိုက်ခိုက်ဖို့ ဒီမြေမှာ စဖြစ်ခဲ့တယ်။ အခုလည်း ဒီမြေမှာပဲ အမေရိကန်တွေ ကျဆုံးသွားပြီ။ အနောက်နိုင်ငံတွေ ကျဆုံးသွားပြီ" ဆိုပြီး အားတက်နေကြတယ်လို့ ကုလညှိုနှိုင်းရေးမှူး Filtton-Brown က ဆက်ပြောပါတယ်။

အခုလို အကြမ်းဖက်သမားတွေ ပြောဆိုဆွေးနွေးမှုတွေဟာ ပိုအရှိန်ရလာနေပြီလို့ သုံးသပ်သူတွေကလည်း ပြောပါတယ်။ ဝါရှင်တန်အခြေစိုက် အရှေ့အလယ်ပိုင်းဆိုင်ရာအဖွဲ့ရဲ့ အကြမ်းဖက်ဆန့်ကျင်ရေး အစီအစဉ်က ညွှန်ကြားရေးမှူး Charles Lister က အရှေ့တောင်အာရှ အစိုးရအရာရှိတွေဆီကလည်း အခုလိုကြားနေရတာ အနည်းဆုံး ၁၀ ရက်လောက်ရှိလာပြီလို့ ဆိုပါတယ်။

ဒီအရာရှိတွေထဲက တဦးက ဂျီဟတ် အစ္စလာမ္မစ် စစ်သွေးကြကွန်ရက်တွေထဲ ပြောနေတာကို ကြားဖြတ်နားထောင်ရာမှာ ၁၀၀ ရာခိုင်နှုန်းက အာဖဂန်ကို ဘယ်လိုသွားနိုင်မလဲဆိုတာ ပြောနေကြတယ်လို့ ညွှန်ကြားရေးမှူး Lister က ဆက်ပြောခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ထောက်လှမ်းရေး အရာရှိတွေလည်း အမေရိကန်တပ်မဆုတ်ခင် ဒီနှစ်ဆန်းထဲက နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေ အာဖဂန်ကို စဝင်ခဲ့ပြီး အခုဆိုရင် နိုင်ငံခြားသား တိုက်ခိုက်ရေးသမားပေါင်း ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိ ရှိလာနေပြီလို့ ခန့်မှန်းထားကြောင်း သုံးသပ်သူတွေက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG