သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔အခြင္႔အေရးခ်ိဳးေဖာက္မႈနဲ႔ ဆက္စပ္တဲ႔ တာဝန္ရွိသူနဲ႔ လုပ္ငန္းတခ်ိဳ႕အေပၚ EU ဒဏ္ခတ္အေရးယူ


(ပုံေဟာင္း) စစ္တပ္ အာဏာသိမ္းၿပီးခါစ ရန္ကုန္ၿမဳိ႕မွာ ျမင္ေတြ႔ရတဲ့ စစ္သားမ်ား။ ( Feb. 15, 2021 )

[[ ZAWGYI ]]

လူ႔အခြင္႔အေရးခ်ိဳးေဖာက္မႈနဲ႔ ဆက္စပ္တဲ႔ တာဝန္ရွိသူနဲ႔ လုပ္ငန္းတခ်ိဳ႕အေပၚ EU ဒဏ္ခတ္အေရးယူ

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေတြ ဆက္လက္ျဖစ္ပြားေနတာနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီအစုိးရ ဝန္ႀကီးေတြ ၊ ေရြးေကာက္ပြဲ ေကာ္မရွင္ တာဝန္ရွိသူေတြ၊ စစ္တပ္ထိပ္ပိုင္း ေခါင္းေဆာင္ေတြ အပါအဝင္ ထိပ္တန္းအရာရွိ အမ်ားအျပားကို EU ဥေရာပသမဂၢက တနလၤာေန႔မွာ ဒဏ္ခတ္အေရးယူမႈ အသစ္ေတြ ခ်မွတ္လိုက္ပါတယ္။

လူပုဂၢိဳလ္ (၂၂)ဦးရဲ႕ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္လိုက္ၿပီး ၊ ခရီးသြားလာခြင့္ကိုပါ ပိတ္ပင္လိုက္တာပါ။ ဒါ့အျပင္ ႏိုင္ငံပုိင္နဲ႔ ပုဂၢလိကပိုင္ လုပ္ငန္း(၄)ခုကိုလည္း ကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြ ခ်မွတ္ လိုက္ပါတယ္။

EU က ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္ေတြ ဆက္လက္ အရွိန္ ျမင့္လာေနသလို၊ ေဒသတြင္း ေရွရွည္ ပဋိပကၡအသြင္ ေဆာင္လာေနတဲ့အေပၚ လြန္စြာ စိုးရိမ္ေၾကာင္း ေဖၚျပထားပါတယ္။ စစ္အာဏာသိမ္းခ်ိန္ကစလို႔ ျမန္မာႏိုင္ငံက အေျခအေနေတြဟာ ဆက္တိုက္ဆိုသလို ဆုတ္ယုတ္လာတယ္လို႔ ဆိုထားပါတယ္။

EU က အခုလို ဒဏ္ခတ္ အေရးယူမႈအေပၚ လန္ဒန္အေျခစိုက္ Burma Campaign UK အဖြဲ႔ကလည္း ႀကဳိဆိုလိုက္ပါတယ္။ အခု ဒဏ္ခတ္ပိတ္ဆို႔မႈ အသစ္ထဲမွာ MOGE ေခၚ ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႔လုပ္ငန္းကို ပထမဆုံးအႀကိမ္ အေရးယူလိုက္တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္း အခုျဖစ္ပြားေနတဲ့ လက္နက္ကိုင္ ပဋိပကၡေတြဟာ ျပည္တြင္းစစ္ အသြင္ ေဆာင္ေနတယ္လို႔ ကၽြမ္းက်င္သူတခ်ဳိ႕က သုံးသပ္ပါတယ္။

(၂၇)ႏိုင္ငံပါဝင္တဲ့ EU အဖြဲ႔က ျမန္မာႏိုင္ငံအေပၚ အခုခ်ိန္ထိ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈထဲမွာ လူပုဂၢိဳလ္ေပါင္း (၆၅)ဦးနဲ႔ လုပ္ငန္း(၁၀)ခု ရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = = =

{{ UNICODE }}

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆက်စပ်တဲ့ တာဝန်ရှိသူနဲ့ လုပ်ငန်းတချို့အပေါ် EU ဒဏ်ခတ်အရေးယူ

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအစိုးရ ဝန်ကြီးတွေ ၊ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေ၊ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေ အပါအဝင် ထိပ်တန်းအရာရှိ အများအပြားကို EU ဥရောပသမဂ္ဂက တနင်္လာနေ့မှာ ဒဏ်ခတ်အရေးယူမှု အသစ်တွေ ချမှတ်လိုက်ပါတယ်။

လူပုဂ္ဂိုလ် (၂၂)ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပြီး ၊ ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်လိုက်တာပါ။ ဒါ့အပြင် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်း(၄)ခုကိုလည်း ကန့်သတ်ချုပ်ချယ်မှုတွေ ချမှတ် လိုက်ပါတယ်။

EU က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်တွေ ဆက်လက် အရှိန် မြင့်လာနေသလို၊ ဒေသတွင်း ရှေရှည် ပဋိပက္ခအသွင် ဆောင်လာနေတဲ့အပေါ် လွန်စွာ စိုးရိမ်ကြောင်း ဖေါ်ပြထားပါတယ်။ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံက အခြေအနေတွေဟာ ဆက်တိုက်ဆိုသလို ဆုတ်ယုတ်လာတယ်လို့ ဆိုထားပါတယ်။

EU က အခုလို ဒဏ်ခတ် အရေးယူမှုအပေါ် လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ကလည်း ကြိုဆိုလိုက်ပါတယ်။ အခု ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ထဲမှာ MOGE ခေါ် မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပထမဆုံးအကြိမ် အရေးယူလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အခုဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ပြည်တွင်းစစ် အသွင် ဆောင်နေတယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။

(၂၇)နိုင်ငံပါဝင်တဲ့ EU အဖွဲ့က မြန်မာနိုင်ငံအပေါ် အခုချိန်ထိ ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုထဲမှာ လူပုဂ္ဂိုလ်ပေါင်း (၆၅)ဦးနဲ့ လုပ်ငန်း(၁၀)ခု ရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG