သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုင္းရင္းသားေဒသ ဥပေဒမဲ႔လုပ္ရပ္မ်ား "မ်ိဳးဆက္လိႈင္း" အဖဲြ႔ေထာက္ျပ


တိုင္းရင္းသားေဒသ ဥပေဒမဲ႔လုပ္ရပ္မ်ား "မ်ိဳးဆက္လိႈင္း" အဖဲြ႔ေထာက္ျပ (Generation Wave)

{{Zawgyi/Unicode}}

ျမန္မာနိုင္ငံတိုင္းရင္းသားေဒသမွာ ဥပေဒမဲ့သတ္ျဖတ္ခံရမႈ၊ ဖမ္းဆီးခံရမႈ အပါဝင္ လူ႕အခြင့္အေရးခ်ိဳးေဖါက္မႈ ျဖစ္စဥ္ ေတြရွိေနဆဲလို႕ မ်ိဳးဆက္လိႈင္း (Generation Wave)အဖြဲ႕ကေန ထုတ္ျပန္ခဲ့တဲ့အေၾကာင္းတင္ဆက္ေပးပါ နိုင္ကြန္းအိန္ က သတင္းေပးပို႔ထားပါတယ္။

၂ဝ၂ဝ ခုႏွစ္ ဇြန္လ ၁၆ ရက္ေန႔မွ စက္တင္ဘာလ ၁၅ ရက္ေန႔အထိ ၃ လအတြင္း ျမန္မာနိုင္ငံ တိုင္းနဲ႕ျပည္နယ္အတြင္း လူ႕အခြင့္အေရးခ်ိဳးေဖါက္ခံေနရတဲ့ ျဖစ္စဥ္ကို မွတ္တမ္းတင္ျပီး မ်ိဳးဆက္လိႈင္း (Generation Wave)ကေန ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားခဲ့ေသာ ျပည္သူ႔ေရးရာႏွင့္ ႏိုင္ငံေရးအခြင့္အေရးမ်ား ခ်ိဳးေဖာက္ခံရမႈဆိုင္ရာ အစီရင္ခံစာကို ထုတ္ျပန္ခဲ့တာပါ။

လူ႕အခြင့္အေရး က်ဴးလြန္ေနတဲ့အေျခအေနကို မ်ိဳးဆက္လိႈင္း (Generation Wave)အဖြဲ႕ အေထြေထြအတြင္းေရးမွဴး မအိအိမိုး ကအခုလိုေျပာပါတယ္။

“ကြ်န္မတို႕ ဒီအစီရင္ခံစာကေပါ့ေနာ္။ ဒီဥပေဒမဲ့ သတ္ျဖတ္မွဳတခုထဲနဲ႕ ထုတ္ျပန္ထားတာမဟုတ္ဘူးေပါ့ေနာ္။ အဲဒီမွာ ဆိုရင္ ဥပေဒမဲ့ဖမ္းဆီးသတ္ျဖတ္တာ။ မတရားဖမ္းဆီးထိန္းသိမ္းတာ။ ေနာက္တခုကက်ေတာ့ကြ်န္မတို႕လြတ္လပ္စြာ သြားလာခြင့္ကို တားဆီးပိတ္ပင္တာေပါ့။ ဒီ(၃)ခုအေပၚမွာ ကြ်န္မတို႕အေျခခံျပီးေတာ့ သတင္းမီဒီယာကေန ေဖၚျပတဲ့ သတင္းအခ်က္အလက္ေတြကို ကြ်န္မတို႕ေစာင့္ၾကည့္ျပီးေတာ့မွ ဒီအစီရင္ခံစာကိုထုတ္ျပန္တာေပါ့ေနာ္။”

ဥေပဒမဲ့သတ္ျဖတ္ခံရသူ ၄၆ ဦး မတရားဖမ္းဆီးထိန္းသိမ္းခံရတာ(၁၂၄)ဦး လြတ္လပ္စြာသြားလာခြင့္ပိတ္ပင္ခံရတာ (၅၈)ဦးရွိခဲ့တယ္လို႕ မ်ိဳးဆက္လိႈင္းအဖြဲ႕ရဲ႕ အစီရင္ခံစာမွာေဖၚျပထားပါတယ္။

အထူးသျဖင့္ စစ္ေရးပဋိပကၡျဖစ္ပြါးေနတဲ့ တိုင္းရင္းသားေဒသမွာ လူ႕အခြင့္အေရးခ်ိဳးေဖါက္မႈ ဒဏ္ခံေနရတယ္လို႕ မ်ိဳးဆက္လိႈင္း (Generation Wave)အဖြဲ႕ အမႈေဆာင္ဒါရိုက္တာ ကိုဘိုဘို ကေျပာပါတယ္။

“ဒီပဋိပကၡ ျဖစ္ပြါးတဲ့ ေဒသေတြမွာေပါ့ေနာ္။ ဥပမာ ဒီရခိုင္ျပည္နယ္မွာ အမ်ားဆုံးျဖစ္တယ္။ ေနာက္ျပီးေတာ့ ရွမ္းျပည္နယ္ ဘက္မွာလဲ သူတို႕ျဖစ္ပြါးတဲ့ကိစၥမွာလဲ မတရားဖမ္းဆီးသတ္ျဖတ္မွဳေတြကေတာ့ အျဖစ္မ်ားတာေတြ႕ရတယ္ေပါ့ေနာ္။ မတရားဖမ္းဆီးမွဳေတြက်လို႕ရွိရင္ ျပည္နယ္တိုင္းမွာအကုန္လုံးျဖစ္တာေပါ့ေနာ္။ က်ဴးလြန္တဲ့သူကိုၾကည့္လိုက္တဲ့အခါမွာ လက္နက္ကိုင္အဖြဲ႕ တပ္မေတာ္ အဲဒီဟာေတြ ကြ်န္ေတာ္တို႕ေတြ႕ရတယ္။”

အစီရင္ခံစာပါအရ ၃ လအတြင္း ဥပေဒမဲ့သတ္ျဖတ္ခံရသူ ၄၆ ႐ွိခဲ့ၿပီး ဒီအထဲက ရခိုင္ျပည္နယ္မွာ၂၁ ဦး၊ ရွမ္းျပည္ နယ္မွာ ၁၅ ဦး၊ ကရင္ျပည္နယ္မွာ ၁ ဦး၊ မႏၲေလးတိုင္းမွာ၃ ဦး၊ စစ္ကိုင္းတိုင္းမွာ၂ ဦး၊ ဧရာဝတီတိုင္းမွာ၁ ဦးတို႔ျဖစ္ ေၾကာင္း မ်ိဳးဆက္လိႈင္းအဖြဲ႕ရဲ႕အစီရင္ခံစာမွာေဖၚျပထားပါတယ္။

တစ္ႏိုင္ငံလံုးအတိုင္းအတာအေနနဲ႕ ရခိုင္ျပည္နယ္မွာ ဥေပဒမဲ့ သတ္ျဖတ္ခံရမႈ အမ်ားဆုံးျဖစ္ျပီး ဖမ္းဆီးခံရမႈေတြလဲ အမ်ားဆုံးျဖစ္ေနတာပါ။

ရခိုင္ျပည္နယ္အတြင္း AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႕ ဆက္စပ္ေနတယ္ဆိုျပီး သံသယနဲ႕ ဖမ္းဆီးခံေနရတာ ဒီထက္ မ်ားျပားေနတယ္လို႕ ရခိုင္မ်ိဳးႏြယ္မ်ား အစည္းအရံုးအတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းကဆိုပါတယ္။

“ကြ်န္ေတာ္တို႕စာရင္းအရေတာ့(၆၈၀)ရွိပါတယ္။ ပုံစံအမ်ိဳးမ်ိဳးဖမ္းဆီးခံရတာအကုန္လုံးေပါ့။ အဲဒီအထဲမွာ(၇၀)ရာခိုင္ ႏွဳန္း ေက်ာ္ေက်ာ္ေလာက္က အၾကမ္းဖက္ဥပေဒနဲ႕ ကြ်န္ေတာ္တို႕ေတြ႕တာပါဘဲ။”

မတရားဖမ္းဆီးထိန္းသိမ္းျခင္းခံရသူ ၁၂၄ ဦးအထဲမွာ ရခိုင္မွာျဖစ္ပြားေနတဲ့ ပဋိပကၡေတြနဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ကန႔္ကြက္ဆန႔္က်င္ဆႏၵျပခဲ့ၾကတဲ့ ေဒသအသီးသီးမွ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ ၂၃ ဦး၊ လူ႔အခြင့္အေရးကာကြယ္ ေစာင့္ေရွာက္သူ ၈ ဦး၊ ႏိုင္ငံေရးပါတီဝင္ ၂ ဦး၊ သတင္းဆရာ ၁ ဦးတို႔ ဖမ္းဆီးခံခဲ့ရေၾကာင္း မ်ိဳးဆက္လိႈင္းအဖြဲ႕ရဲ႕ အစီရင္ခံစာမွာေဖၚျပထားပါတယ္။

ဥပေဒမဲ့ ဖမ္းဆီးသတ္ျဖတ္မွဳ ခံေနရတဲ့ျဖစ္စဥ္အတြက္ သက္ဆိုင္ရာေတြကို တိုင္ၾကားရာမွာလဲ ဥပေဒစိုးမိုးမႈ အားနည္းေနတယ္လို႕(Generation Wave)အဖြဲ႕ အမွဳေဆာင္ဒါရိုက္တာ ကိုဘိုဘိုကေျပာပါတယ္။

“ျပစ္မွဳက်ဴးလြန္ေနတဲ့သူေတြအေပၚမွာ အေရးယူမွဳမရွိတဲ့အေပၚမွာက က်ဴးလြန္ေနတဲ့သူပိုျပီးေတာ့မွ ဆက္ျပီးက်ဴးလြန္ဖို႕ အားေပးသလိုျဖစ္တယ္ေပါ့ေနာ္။ ေနာက္တခုကလဲ ဥပေဒစိုးမိုးမွဳကလဲ မသက္ေရာက္ဘူးေပါ့ေနာ္။ အထူးသျဖင့္ ပဋိပကၡ ျဖစ္ပြါးေနတဲ့ေဒသေတြမွာ တရားဥပေဒစိုးမိုးမွဳကလည္း အင္အားနည္ေနတဲ့အခါက်ေတာ့ ဥပေဒအတြက္ ဘာမွအကာကြယ္ေပးတဲ့အေျခအေနမရွိဘူး။”

ျမန္မာနိုင္ငံမွာ လူ႕အခြင့္အေရး ခ်ိဳးေဖါက္မွဳျဖစ္စဥ္ေတြ အေပၚတိုင္ၾကားနိုင္ဖို႕ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ ကိုဖြဲ႕စည္းထားေပမဲ့ ကိုင္တြယ္ေျဖရွင္းဖို႕အားနည္းေနတယ္လို႕လည္း ေထာက္ျပေနၾကပါတယ္။

လူ႕အခြင့္အေရး ခ်ိဳးေဖါက္မႈ ျဖစ္စဥ္ကိုင္တြယ္မႈ အားနည္းေနတယ္လို႕ ေ၀ဖန္ေနမႈအေပၚ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႕ကို ဆက္သြယ္ေမးျမန္းေပမဲ့ ျပန္လည္ေျဖၾကားဖို႕ အဆင့္သင့္မရွိေသးဘူးလို႕ အေၾကာင္းျပန္ခဲ့ပါတယ္။

ရခုိင္ျပည္နယ္အပါ၀င္ တိုင္းရင္းသားေဒသမွာ လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ကေလးငယ္ေတြအပါအဝင္ ေဒသခံေတြ ထိခုိက္ေသေၾကမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈေတြအေပၚ ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀ိုင္းကလည္း စုိးရိမ္တဲ့ သေဘာထားေတြကုိ ေျပာဆုိထားၾကပါတယ္ခင္ဗ်ာ။

.....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံတိုင်းရင်းသားဒေသမှာ ဥပဒေမဲ့သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးခံရမှု အပါဝင် လူ့အခွင့်အရေးချိုးဖေါက်မှု ဖြစ်စဉ် တွေရှိနေဆဲလို့ မျိုးဆက်လှိုင်း (Generation Wave)အဖွဲ့ကနေ ထုတ်ပြန်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါ နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ၃ လအတွင်း မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံနေရတဲ့ ဖြစ်စဉ်ကို မှတ်တမ်းတင်ပြီး မျိုးဆက်လှိုင်း (Generation Wave)ကနေ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများ ချိုးဖောက်ခံရမှုဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။

လူ့အခွင့်အရေး ကျူးလွန်နေတဲ့အခြေအနေကို မျိုးဆက်လှိုင်း (Generation Wave)အဖွဲ့ အထွေထွေအတွင်းရေးမှူး မအိအိမိုး ကအခုလိုပြောပါတယ်။

“ကျွန်မတို့ ဒီအစီရင်ခံစာကပေါ့နော်။ ဒီဥပဒေမဲ့ သတ်ဖြတ်မှုတခုထဲနဲ့ ထုတ်ပြန်ထားတာမဟုတ်ဘူးပေါ့နော်။ အဲဒီမှာ ဆိုရင် ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်တာ။ မတရားဖမ်းဆီးထိန်းသိမ်းတာ။ နောက်တခုကကျတော့ကျွန်မတို့လွတ်လပ်စွာ သွားလာခွင့်ကို တားဆီးပိတ်ပင်တာပေါ့။ ဒီ(၃)ခုအပေါ်မှာ ကျွန်မတို့အခြေခံပြီးတော့ သတင်းမီဒီယာကနေ ဖေါ်ပြတဲ့ သတင်းအချက်အလက်တွေကို ကျွန်မတို့စောင့်ကြည့်ပြီးတော့မှ ဒီအစီရင်ခံစာကိုထုတ်ပြန်တာပေါ့နော်။”

ဥပေဒမဲ့သတ်ဖြတ်ခံရသူ ၄၆ ဦး မတရားဖမ်းဆီးထိန်းသိမ်းခံရတာ(၁၂၄)ဦး လွတ်လပ်စွာသွားလာခွင့်ပိတ်ပင်ခံရတာ (၅၈)ဦးရှိခဲ့တယ်လို့ မျိုးဆက်လှိုင်းအဖွဲ့ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

အထူးသဖြင့် စစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့ တိုင်းရင်းသားဒေသမှာ လူ့အခွင့်အရေးချိုးဖေါက်မှု ဒဏ်ခံနေရတယ်လို့ မျိုးဆက်လှိုင်း (Generation Wave)အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုဘိုဘို ကပြောပါတယ်။

“ဒီပဋိပက္ခ ဖြစ်ပွါးတဲ့ ဒေသတွေမှာပေါ့နော်။ ဥပမာ ဒီရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်တယ်။ နောက်ပြီးတော့ ရှမ်းပြည်နယ် ဘက်မှာလဲ သူတို့ဖြစ်ပွါးတဲ့ကိစ္စမှာလဲ မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကတော့ အဖြစ်များတာတွေ့ရတယ်ပေါ့နော်။ မတရားဖမ်းဆီးမှုတွေကျလို့ရှိရင် ပြည်နယ်တိုင်းမှာအကုန်လုံးဖြစ်တာပေါ့နော်။ ကျူးလွန်တဲ့သူကိုကြည့်လိုက်တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့ တပ်မတော် အဲဒီဟာတွေ ကျွန်တော်တို့တွေ့ရတယ်။”

အစီရင်ခံစာပါအရ ၃ လအတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ ၄၆ ရှိခဲ့ပြီး ဒီအထဲက ရခိုင်ပြည်နယ်မှာ၂၁ ဦး၊ ရှမ်းပြည် နယ်မှာ ၁၅ ဦး၊ ကရင်ပြည်နယ်မှာ ၁ ဦး၊ မန္တလေးတိုင်းမှာ၃ ဦး၊ စစ်ကိုင်းတိုင်းမှာ၂ ဦး၊ ဧရာဝတီတိုင်းမှာ၁ ဦးတို့ဖြစ် ကြောင်း မျိုးဆက်လှိုင်းအဖွဲ့ရဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရခိုင်ပြည်နယ်မှာ ဥပေဒမဲ့ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပြီး ဖမ်းဆီးခံရမှုတွေလဲ အများဆုံးဖြစ်နေတာပါ။

ရခိုင်ပြည်နယ်အတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်နေတယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံနေရတာ ဒီထက် များပြားနေတယ်လို့ ရခိုင်မျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကဆိုပါတယ်။

“ကျွန်တော်တို့စာရင်းအရတော့(၆၈၀)ရှိပါတယ်။ ပုံစံအမျိုးမျိုးဖမ်းဆီးခံရတာအကုန်လုံးပေါ့။ အဲဒီအထဲမှာ(၇၀)ရာခိုင် နှုန်း ကျော်ကျော်လောက်က အကြမ်းဖက်ဥပဒေနဲ့ ကျွန်တော်တို့တွေ့တာပါဘဲ။”

မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၁၂၄ ဦးအထဲမှာ ရခိုင်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကန့်ကွက်ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဒေသအသီးသီးမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂၃ ဦး၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူ ၈ ဦး၊ နိုင်ငံရေးပါတီဝင် ၂ ဦး၊ သတင်းဆရာ ၁ ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်း မျိုးဆက်လှိုင်းအဖွဲ့ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှု ခံနေရတဲ့ဖြစ်စဉ်အတွက် သက်ဆိုင်ရာတွေကို တိုင်ကြားရာမှာလဲ ဥပဒေစိုးမိုးမှု အားနည်းနေတယ်လို့(Generation Wave)အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုဘိုဘိုကပြောပါတယ်။

“ပြစ်မှုကျူးလွန်နေတဲ့သူတွေအပေါ်မှာ အရေးယူမှုမရှိတဲ့အပေါ်မှာက ကျူးလွန်နေတဲ့သူပိုပြီးတော့မှ ဆက်ပြီးကျူးလွန်ဖို့ အားပေးသလိုဖြစ်တယ်ပေါ့နော်။ နောက်တခုကလဲ ဥပဒေစိုးမိုးမှုကလဲ မသက်ရောက်ဘူးပေါ့နော်။ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွါးနေတဲ့ဒေသတွေမှာ တရားဥပဒေစိုးမိုးမှုကလည်း အင်အားနည်နေတဲ့အခါကျတော့ ဥပဒေအတွက် ဘာမှအကာကွယ်ပေးတဲ့အခြေအနေမရှိဘူး။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုဖြစ်စဉ်တွေ အပေါ်တိုင်ကြားနိုင်ဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုဖွဲ့စည်းထားပေမဲ့ ကိုင်တွယ်ဖြေရှင်းဖို့အားနည်းနေတယ်လို့လည်း ထောက်ပြနေကြပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်မှု ဖြစ်စဉ်ကိုင်တွယ်မှု အားနည်းနေတယ်လို့ ဝေဖန်နေမှုအပေါ် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားဖို့ အဆင့်သင့်မရှိသေးဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါဝင် တိုင်းရင်းသားဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးငယ်တွေအပါအဝင် ဒေသခံတွေ ထိခိုက်သေကြေမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်ခင်ဗျာ။

XS
SM
MD
LG