သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က မြန်မာကို အရေးယူရေး ဆန်းစစ်ဖို့ အချက်အလက်ရှာဖွေရေး အဖွဲ့စေလွှတ်မည်


ဥရောပသမဂ္ဂ EU ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ Cecilia Malmstrom (စက်တင်ဘာ ၁၈၊ ၂၀၁၈)
ဥရောပသမဂ္ဂ EU ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ Cecilia Malmstrom (စက်တင်ဘာ ၁၈၊ ၂၀၁၈)

ရခိုင်ပြည်နယ်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေလုပ်ရင် ထိရောက်မှု ရှိမရှိဆိုကို လေ့လာဆန်းစစ်ဖို့ အချက်အလက် ရှာဖွေရေး အဖွဲ့ကိုစေလွှတ်မယ်လို့ ဥရောပသမဂ္ဂ EU ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ Cecilia Malmstrom ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

EU အဖွဲ့က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ကို ကမ္ဘောဒီးယားနိုင်ငံကို ပေးအပ် ဖို့လည်း စီစဉ်နေတယ်လို့ ပြောပါတယ်။ သြစတီးရီးယား ကုန်သွယ်ရေးဝန်ကြီး Innsbruck နဲ့ တွေ့ဆုံ အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Malmstrom က အဲဒီလိုပြောဆိုသွားတာပါ။ EU က ဒီလို အရေးယူမယ်ဆိုရင် မြန်မာပြည်သူတွေကို မထိခိုက်ဖို့လိုတဲ့အကြောင်း မြန်မာသမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဒီကနေ့ ညနေ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွား ပါတယ်။

EU အဖွဲ့က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတာ ဖြစ်တယ်လို့ EU တာဝန်ရှိသူသုံးဦးက ပြောဆိုတဲ့အကြောင်း ရိုက်တာသတင်းဌာနက ရေးသားချက် အပေါ် ဦးဇော်ဌေးက ပြန်လည် တုန့်ပြန်ပြောဆိုတာပါ။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့လည်း နိုင်ငံတကာ စံတွေနဲ့ အညီ စုံစမ်းစစ်ဆေးပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထွက်ပေါ် လာတဲ့ ရလဒ်တွေအပေါ် မူတည်ပြီး အရေးယူဆောင်ရွက်မှာဖြစ်တဲ့အကြောင်းနဲ့ ဒီကိစ္စအပေါ် စုံစမ်း စစ်ဆေး အရေးယူမှုတွေလုပ်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြန်လည်ရှင်းလင်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG