သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းမွာ ႏ်ဴကလီးယားလက္နက္ မသုံးဖို႔ ႐ုရွားကို အေမရိကန္သတိေပး


(Zawgyi / Unicode)
ယူကရိန္းကို ႏ်ဴးကလီးယားနဲ႔ တိုက္ခိုက္မယ္ဆိုရင္ေတာ့ ႐ုရွား အေနနဲ႔ ႀကီးမားတဲ႔ အက်ိဳးဆက္ေတြနဲ႔ ရင္ဆိုင္ရမယ္လို႔ အေမရိကန္က သတိေပးထားေၾကာင္း သမၼတ Joe Biden ရဲ႕ အမ်ိဳးသားလံုျခံဳေရးဆိုင္ရာ အၾကံေပး Jake Sullivan က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

႐ုရွား သမၼတ Vladimir Putin က ႏ်ဴးကလီးယား နဲ႔ တိုက္ခိုက္ဖို႔ အမိန္႔ေပးခဲ႔မယ္ဆိုရင္ေတာ့ အေမရိကန္ သမၼတ Biden ဘက္က ျပတ္ျပတ္သားသား တုံ႔ျပန္မယ့္ အေၾကာင္း ႐ုရွား တာ၀န္ရွိသူေတြကို အေမရိကန္ တာ၀န္ရွိသူေတြက သီးသန္႔ ေျပာဆိုထားေၾကာင္း အမ်ိဳးသား လံုျခံဳေရး အၾကံေပး Sullivan က ABC ႐ုပ္သံရဲ႕ This Week အစီအစဥ္မွာ ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

အေမရိကန္ဘက္ကေတာ့ ႐ုရွားနဲ႔ အျပန္အလွန္ ေျပာေနမွာ မဟုတ္ေၾကာင္းလည္း Sullivan က ေျပာပါတယ္။

႐ုရွားဘက္က ယူကရိန္းကို ႏ်ဴးကလီးယား လက္နက္သံုးလာရင္ အေမရိကန္ဘက္က ဘယ္လို တုံ႔ျပန္မလဲ ဆိုတာကို ရွင္းရွင္းလင္းလင္း ေျပာထားၿပီး ျဖစ္တာေၾကာင့္ ႐ုရွားဘက္က ေကာင္းေကာင္း နားလည္သေဘာေပါက္ေၾကာင္း အမ်ိဳးသား လံုံျခံဳေရး အၾကံေပး Sullivan က NBC ႐ုပ္သံရဲ႕ Meet the Press နဲ႔ ေတြ႕ဆံု ေမးျမန္းခန္းမွာလည္း သီးျခား ေျပာဆိုထားပါတယ္။

၇ လတာ ရွိလာၿပီ ျဖစ္တဲ႔ ယူကရိန္း က်ဴးေက်ာ္စစ္ကို ကူညီ တိုက္ခိုက္ေရး အတြက္ ႐ုရွားက အရန္တပ္ဖြဲ႔၀င္ ၃၀၀,၀၀၀ စုေဆာင္းေရး ေျပာဆိုထားတဲ႔ ႐ုရွား သမၼတ Putin က ႏ်ဴးကလီးယားနဲ႔ တိုက္ခိုက္ဖို႔ ျဖစ္လာႏိုင္ေျခကို ၿပီးခဲ႔တဲ႔ သတင္းပတ္ အတြင္းမွာ ေျပာဆိုခဲ႔ၿပီးေနာက္မွာ အေမရိကန္ရဲ႕ တုံ႔ျပန္ခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

ယူကရိန္း က်ဴးေက်ာ္စစ္ အေစာပိုင္း ကာလေတြ အတြင္း ႐ုရွားဘက္က သိမ္းခဲ႔တဲ႔ အေရွ႕ေျမာက္ပိုင္းက နယ္ေျမ အမ်ားအျပားကို ယူကရိန္းတပ္ဖြဲ႔ေတြက ျပန္လည္ သိမ္းပိုက္လာခဲ႔ၿပီးေနာက္ ႐ုရွားတို႔ တိုက္ပြဲမွာ အေရးနိမ့္လာခ်ိန္မွာဘဲ တပ္ဖြဲ႔ေတြ အင္အားတိုးေရး ျဖစ္လာတာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်းမှာ နျူကလီးယားလက်နက် မသုံးဖို့ ရုရှားကို အမေရိကန်သတိပေး

ယူကရိန်းကို နျူးကလီးယားနဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ ရုရှား အနေနဲ့ ကြီးမားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်က သတိပေးထားကြောင်း သမ္မတ Joe Biden ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး Jake Sullivan က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရုရှား သမ္မတ Vladimir Putin က နျူးကလီးယား နဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့မယ်ဆိုရင်တော့ အမေရိကန် သမ္မတ Biden ဘက်က ပြတ်ပြတ်သားသား တုံ့ပြန်မယ့် အကြောင်း ရုရှား တာဝန်ရှိသူတွေကို အမေရိကန် တာဝန်ရှိသူတွေက သီးသန့် ပြောဆိုထားကြောင်း အမျိုးသား လုံခြုံရေး အကြံပေး Sullivan က ABC ရုပ်သံရဲ့ This Week အစီအစဉ်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဘက်ကတော့ ရုရှားနဲ့ အပြန်အလှန် ပြောနေမှာ မဟုတ်ကြောင်းလည်း Sullivan က ပြောပါတယ်။ ရုရှားဘက်က ယူကရိန်းကို နျူးကလီးယား လက်နက်သုံးလာရင် အမေရိကန်ဘက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်တာကြောင့် ရုရှားဘက်က ကောင်းကောင်း နားလည်သဘောပေါက်ကြောင်း အမျိုးသား လုံံခြုံရေး အကြံပေး Sullivan က NBC ရုပ်သံရဲ့ Meet the Press နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာလည်း သီးခြား ပြောဆိုထားပါတယ်။

၇ လတာ ရှိလာပြီ ဖြစ်တဲ့ ယူကရိန်း ကျူးကျော်စစ်ကို ကူညီ တိုက်ခိုက်ရေး အတွက် ရုရှားက အရန်တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ စုဆောင်းရေး ပြောဆိုထားတဲ့ ရုရှား သမ္မတ Putin က နျူးကလီးယားနဲ့ တိုက်ခိုက်ဖို့ ဖြစ်လာနိုင်ခြေကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်းမှာ ပြောဆိုခဲ့ပြီးနောက်မှာ အမေရိကန်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်း ကျူးကျော်စစ် အစောပိုင်း ကာလတွေ အတွင်း ရုရှားဘက်က သိမ်းခဲ့တဲ့ အရှေ့မြောက်ပိုင်းက နယ်မြေ အများအပြားကို ယူကရိန်းတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်လာခဲ့ပြီးနောက် ရုရှားတို့ တိုက်ပွဲမှာ အရေးနိမ့်လာချိန်မှာဘဲ တပ်ဖွဲ့တွေ အင်အားတိုးရေး ဖြစ်လာတာပါ။

XS
SM
MD
LG