သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

  ႏ်ဴကလီးယားစက္ရံု ဘယ္သူဗံုးႀကဲသလဲ ကုလဝင္ေရာက္ စံုစမ္းခြင္႔ေတာင္းဆို


Nan foto sa a ke Ministe Defans Ris la distribye bay lapres, nou we Santral Nikleye Zaporizhzhia a, 7 Out, 2022.

ယူကရိန္းႏိုင္ငံတြင္းက လက္နက္ႀကီးဒဏ္သင့္ Zaporizhzhia ႏ်ဴးကလီးယား ဓာတ္အားေပးစက္ရံုကို ႏိုင္ငံတကာ စံုစမ္းစစ္ေဆးသူေတြ ၀င္ေရာက္ခြင့္ေပးဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေတာင္းဆိုလိုက္ပါတယ္။

ႏ်ဴကလီးယားစက္ရံု ဘယ္သူဗံုးႀကဲသလဲ ကုလဝင္ေရာက္ စံုစမ္းခြင္႔ေတာင္းဆို

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံတြင္းက လက္နက္ႀကီးဒဏ္သင့္ Zaporizhzhia ႏ်ဴးကလီးယား ဓာတ္အားေပးစက္ရံုကို ႏိုင္ငံတကာ စံုစမ္းစစ္ေဆးသူေတြ ဝင္ေရာက္ခြင့္ေပးဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေတာင္းဆိုလိုက္ပါတယ္။ ၿပီးခဲ႔တဲ႔ ရက္ပိုင္းအတြင္း ႏ်ဴးကလီးယား ဓာတ္အားေပး စက္ရံု လက္နက္ႀကီးနဲ႔ တိုက္ခိုက္ခံရၿပီး ယူကရိန္းနဲ႔ ႐ုရွားၾကား အျပန္အလွန္ စြပ္စြဲေနၾကတာပါ။

ႏ်ဴးကလီးယား စက္ရံု အေပၚ တိုက္ခိုက္မႈဟာ ကိုယ့္လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္တဲ႔ လုပ္ရပ္ ျဖစ္တယ္လို႔ ဂ်ပန္မွာ လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲ အတြင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Guterres က ေျပာဆိုခဲ႔ပါတယ္။ ကမ ၻာ့စီးပြားေရးနဲ႔ ေဘးသင့္လြယ္သူ အမ်ားစုအတြက္ လူေနမႈ အေျခအေနတို႔ အေပၚ ဆိုးဆိုးရြားရြား ႐ိုက္ခတ္သက္ေရာက္ေစႏိုင္တဲ႔ ယူကရိန္း စစ္ပြဲ ၾကာရွည္သြားမယ့္ အေရးကိုလည္း အလြန္ စိတ္မေအး ျဖစ္ရေၾကာင္းလည္း သူက ေျပာပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကား ၿငိမ္းခ်မ္းေရး ေစ႔စပ္မႈ စတင္ႏိုင္မယ့္ အေျခအေနနဲ႔ပတ္သက္ၿပီးလည္း ကုလသမဂၢက တူရကီနဲ႔ အတူ ေဆာင္ရြက္ေနေပမယ့္လည္း ရႈပ္ေထြးလွတဲ႔ ပဋိပကၡေၾကာင့္ ႀကိဳးစားမႈေတြမွာ အဟန္႔အတား ျဖစ္ေနေၾကာင္းလည္း Guterres က ေျပာပါတယ္။

အပစ္အခတ္ ရပ္ဆဲေရးအတြက္ ခက္ခဲေနတဲ႔ ကိစၥကေတာ့ ယူကရိန္းဘက္ကလည္း သူ႔ပိုင္နက္ နယ္ေျမေတြကို တျခားႏိုင္ငံက ရယူတာကို လက္မခံႏိုင္ ျဖစ္ေနၿပီး ႐ုရွားဘက္ကလည္း သူ႔တပ္ဖြဲ႔ေတြ သိမ္းယူထားတဲ႔ နယ္ေျမေတြကို ႐ုရွားက မက်ဴးေက်ာ္ဖို႔ ဒါမွမဟုတ္လည္း လြတ္လပ္တဲ႔ ႏိုင္ငံသစ္ေတြ အျဖစ္ လမ္းဖြင့္ေပးဖို႔ အတြက္ အဆင္သင့္ ျဖစ္ပံု မရေသးေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။\

တိုက္႐ိုက္ လင့္ခ္

.............................

နျူကလီးယားစက်ရုံ ဘယ်သူဗုံးကြဲသလဲ ကုလဝင်ရောက် စုံစမ်းခွင့်တောင်းဆို

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံတွင်းက လက်နက်ကြီးဒဏ်သင့် Zaporizhzhia နျူးကလီးယား ဓာတ်အားပေးစက်ရုံကို နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေ ဝင်ရောက်ခွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နျူးကလီးယား ဓာတ်အားပေး စက်ရုံ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီး ယူကရိန်းနဲ့ ရုရှားကြား အပြန်အလှန် စွပ်စွဲနေကြတာပါ။

နျူးကလီးယား စက်ရုံ အပေါ် တိုက်ခိုက်မှုဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဂျပန်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ပြောဆိုခဲ့ပါတယ်။ ကမ ္ဘာ့စီးပွားရေးနဲ့ ဘေးသင့်လွယ်သူ အများစုအတွက် လူနေမှု အခြေအနေတို့ အပေါ် ဆိုးဆိုးရွားရွား ရိုက်ခတ်သက်ရောက်စေနိုင်တဲ့ ယူကရိန်း စစ်ပွဲ ကြာရှည်သွားမယ့် အရေးကိုလည်း အလွန် စိတ်မအေး ဖြစ်ရကြောင်းလည်း သူက ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး စေ့စပ်မှု စတင်နိုင်မယ့် အခြေအနေနဲ့ပတ်သက်ပြီးလည်း ကုလသမဂ္ဂက တူရကီနဲ့ အတူ ဆောင်ရွက်နေပေမယ့်လည်း ရှုပ်ထွေးလှတဲ့ ပဋိပက္ခကြောင့် ကြိုးစားမှုတွေမှာ အဟန့်အတား ဖြစ်နေကြောင်းလည်း Guterres က ပြောပါတယ်။

အပစ်အခတ် ရပ်ဆဲရေးအတွက် ခက်ခဲနေတဲ့ ကိစ္စကတော့ ယူကရိန်းဘက်ကလည်း သူ့ပိုင်နက် နယ်မြေတွေကို တခြားနိုင်ငံက ရယူတာကို လက်မခံနိုင် ဖြစ်နေပြီး ရုရှားဘက်ကလည်း သူ့တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေကို ရုရှားက မကျူးကျော်ဖို့ ဒါမှမဟုတ်လည်း လွတ်လပ်တဲ့ နိုင်ငံသစ်တွေ အဖြစ် လမ်းဖွင့်ပေးဖို့ အတွက် အဆင်သင့် ဖြစ်ပုံ မရသေးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

XS
SM
MD
LG