သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏ်ဴးကလီးယား ပဋိပကၡ တားဆီးေရး ပူးေပါင္းေဆာင္ရြက္ဖို႔ အင္အားႀကီး ၅ ႏိုင္ငံသေဘာတူ


မွတ္တမ္း႐ုပ္ပံု- အေမရိကန္ ျပည္ေထာင္စု ကယ္လီဖိုးနီးယား ျပည္နယ္ Vandenberg ေလတပ္ အေျခစိုက္ စခန္းကေန လက္နက္မဲ႔ တိုက္ခ်င္းပစ္ ပဲ႔ထိန္းဒံုးက်ည္ စမ္းသပ္မႈ။ ေအာက္တိုဘာလ ၂၊ ၂၀၁၉။ ဓာတ္ပံု- Staff Sgt. J.T. Armstrong/U.S. Air Force via AP

(Zawgyi / Unicode)

ႏ်ဴးကလီးယား ပဋိပကၡေတြမျဖစ္ဖုိ့အတြက္ န်ဴးကလီးယား လက္ႏွက္ေတြေနာက္ထပ္ မျပန့္ပြားေဆာင္အတူတကြပူးေပါင္းတာဆီးဖုိ့ လုံၿခဳံေရးေကာင္စီ၀င္ ကမၻာ့အင္အားႀကီး ၅ ႏုိင္ငံက သေဘာတူလုိက္ေၾကာင္း တနလၤာေန့မွာ ပူးတဲြေၾကျငာခ်က္တေစာင္ထုတ္ ျပန္လုိက္ပါတယ္။

ႏ်ဴးကလီးယား လက္နက္ေတြ ေနာက္ထပ္မျပန့္ပြားေအာင္ တားဆီးရမယ္လုိ့အခုိင္ အမာယုံၾကည္ေၾကာင္း ႀကီး ၅ ႀကီးျဖစ္တဲ့ တရုတ္၊ ရုရွား၊ ျပင္သစ္၊ ၿဗိတိန္ နဲ့ အေမရိကန္ျပည္ေထာင္စုတုိ့က ပူးတဲြေၾကညာခ်က္ထဲမွာေဖၚျပထားပါတယ္။

ႏ်ဴးကလီးယား စစ္ပဲြမွာ အႏုိင္ရတယ္ဆုိတာရွိမွာမဟုတ္ပါဘူး၊ ဒီစစ္ပဲြမ်ိဳးဘယ္ေတာ့မွ မတုိက္ခုိက္ရဘူးလုိ့ အခုိင္အမာယုံၾကည္တယ္လုိ့လည္း ဒီႏုိင္ငံႀကီးေတြက ေဖၚျပထား ပါတယ္။

ယူကရိန္းနယ္စပ္မွ ာ ရုရွားစစ္တပ္ေတြ အလုံးအရင္းနဲ့ ခ်ထားတဲ့အတြက္ ရုရွားနဲ့ အေနာက္ ႏုိင္ငံေတြၾကား တင္းမာမွုနဲ့၊ တရုတ္ရဲ့ လူ့အခြင့္အေရး ခ်ိဳးေဖါက္မွု၊ ေတာင္တရုတ္ ပင္လယ္ျပင္နဲ့ ထုိင္၀မ္အေရး စတာေတြနဲ့ ပတ္သက္ၿပီး အေမရိကန္ျပည္ ေထာင္စုနဲ့ တရုတ္တုိ့အၾကား သေဘာထား ကဲြလဲြမွုေတြ ျဖစ္ေပၚေနခ်ိန္မွာဘဲ ဒီေၾကညာခ်က္ထြက္ ေပၚလာတာပါ။

အနာဂတ္မွာ ႏ်ဴးကလီးယား လက္နက္ေတြကုိ အျပည့္အ၀ ဖ်က္သိမ္းတဲ့အထိ လုပ္ေဆာင္ဖို့ ဆုိတဲ့ စာခ်ဳပ္ပါ အဓိကအခ်က္ကုိ အေကာင္အထည္ေဖၚဖုိ့ကုိလည္း ၅ ႏုိင္ငံစလုံးက သေဘာတူၾက တယ္လို့ဆုိပါတယ္။

ဒီသေဘာတူညီခ်က္ဟာ ၂၀၁၅ ေသဘာတူညီခ်က္အတြက္ အီရန္နဲ့ ႏ်ဴးကလီးယား ကိစၥေတြျပန္လည္ စတင္ေဆြးေႏြးေနခ်ိန္မွာ ထြက္ေပၚလာ တာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

နျူးကလီးယား ပဋိပက္ခ တားဆီးရေး ပူးပေါင်းဆောင်ရွက်ဖို့ အင်အားကြီး ၅ နိုင်ငံသဘောတူ

နျူးကလီးယား ပဋိပက္ခတွေမဖြစ်ဖို့အတွက် နျူးကလီးယား လက်နှက်တွေနောက်ထပ် မပြန့်ပွားဆောင်အတူတကွပူးပေါင်းတာဆီးဖို့ လုံခြုံရေးကောင်စီဝင် ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံက သဘောတူလိုက်ကြောင်း တနင်္လာနေ့မှာ ပူးတွဲကြေငြာချက်တစောင်ထုတ် ပြန်လိုက်ပါတယ်။

နျူးကလီးယား လက်နက်တွေ နောက်ထပ်မပြန့်ပွားအောင် တားဆီးရမယ်လို့အခိုင် အမာယုံကြည်ကြောင်း ကြီး ၅ ကြီးဖြစ်တဲ့ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန် နဲ့ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

နျူးကလီးယား စစ်ပွဲမှာ အနိုင်ရတယ်ဆိုတာရှိမှာမဟုတ်ပါဘူး၊ ဒီစစ်ပွဲမျိုးဘယ်တော့မှ မတိုက်ခိုက်ရဘူးလို့ အခိုင်အမာယုံကြည်တယ်လို့လည်း ဒီနိုင်ငံကြီးတွေက ဖေါ်ပြထား ပါတယ်။

ယူကရိန်းနယ်စပ်မှ ာ ရုရှားစစ်တပ်တွေ အလုံးအရင်းနဲ့ ချထားတဲ့အတွက် ရုရှားနဲ့ အနောက် နိုင်ငံတွေကြား တင်းမာမှုနဲ့၊ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ တောင်တရုတ် ပင်လယ်ပြင်နဲ့ ထိုင်ဝမ်အရေး စတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည် ထောင်စုနဲ့ တရုတ်တို့အကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေချိန်မှာဘဲ ဒီကြေညာချက်ထွက် ပေါ်လာတာပါ။

အနာဂတ်မှာ နျူးကလီးယား လက်နက်တွေကို အပြည့်အ၀ ဖျက်သိမ်းတဲ့အထိ လုပ်ဆောင်ဖို့ ဆိုတဲ့ စာချုပ်ပါ အဓိကအချက်ကို အကောင်အထည်ဖေါ်ဖို့ကိုလည်း ၅ နိုင်ငံစလုံးက သဘောတူကြ တယ်လို့ဆိုပါတယ်။

ဒီသဘောတူညီချက်ဟာ ၂၀၁၅ သေဘာတူညီချက်အတွက် အီရန်နဲ့ နျူးကလီးယား ကိစ္စတွေပြန်လည် စတင်ဆွေးနွေးနေချိန်မှာ ထွက်ပေါ်လာ တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG