သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားလက်နက် ကိစ္စ ကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ ဆွေးနွေး


(Zawgyi / Unicode)

မြောက်ကိုရီးယား နျူးကလီးယားလက်နက်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် တာဝန်ရှိသူကိုယ်စားလှယ်တွေ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြပါတယ်။

မြောက်ကိုရီးယားအရေး ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Sung Kim နဲ့ တောင်ကိုရီးယား ငြိမ်းချမ်းရေးကိုယ်စားလှယ် Noh Kyu-duk တို့ဟာ ဂျပန်နိုင်ငံရဲ့ အာရှနဲ့ Oceania ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Takehiro Funakoshi တို့တွေ့ဆုံခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ တာဝေးပစ် ခရု မစ်ဇိုင်း ဒုံး ထပ်မံအဆင့်မြှင့်ထုပ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့စနေ နဲ့ တနင်္ဂနွေ နေ့တွေကကြေညာ ခဲ့ပါတယ်။

ဒီမစ်ဇိုင်းဒုံပျံလက်နက်ဟာ အဝေးထိန်း ပဲ့ထိန်းစနစ်နဲ့ ပစ်မှတ်ရှိတဲ့နေရာကို ပျံသန်းနိုင်မှာဖြစ်ပြီး မစ်ဇိုင်းကာကွယ်ရေး ရေဒါတွေကေို ရှာင်ရှားနိုင်လောက်တဲ့အထိ အနိမ့်ပျံ ပျံသန်းနိုင်တယ်လို့ဆိုပါတယ်။

လက်နက်ကျွမ်းကျင်သူ သုတေသီတွေပြောကြားချက်အရကတော့ ဒီမြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံပျံဟာ အမေရိကန်က ထုတ်လုပ်ထားတဲ့ တိုမာဟော့ မစ်ဇိုင်းဒုံပျံနဲ့တူတယ်လို့ဆိုပါတယ်။ နျူးကလီးယားလက်နက်တပ်ဆင်ပစ်ခတ်လို့ရပြီး ကီလိုမီတာ ၁၆၀၀ (မိုင် ၁၀၀၀ နီးပါး) အဝေးကိုပစ်ခတ်နိုင်ပါတယ်။

မြောက်ကိုရီးယားကလည်း ဒီမစ်ဇိုင်းဒုံပျံလက်နက်ဟာ နျူးကလီးယား ထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်တယ်ဆိုတဲ့ သဘောပြောဆိုထားပါတယ်။ ဒါပေမယ့် ဒီဒုံပျံအမျိုးအစားမှာတပ်ဆင်လို့ရလောက်အောင် သေးငယ်တဲ့ နျူးကလီးယား ထိပ်ဖူး အရွယ်အစား မြောက်ကိုရီးယားမှာရှိ မရှိဆိုတာတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG