သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားမွာ ႏ်ဴကလီးယားနဲ႔ ဒုံးလက္နက္ အစီအစဥ္ေတြ ဆက္လုပ္ေနေၾကာင္း ကုလစုံစမ္းေတြ႕ရွိ


ေျမာက္ကိုရီးယားမွာ ႏ်ဴကလီးယားနဲ႔ ဒုံးလက္နက္ အစီအစဥ္ေတြ ဆက္လုပ္ေနေၾကာင္း ကုလစုံစမ္းေတြ႕ရွိ

{{Zawgyi/Unicode}}
ေျမာက္ကိုရီးယားဟာ သူ႔ရဲ႕ ႏ်ဴကလီယားနဲ႔ ပဲ့ထိန္းတပ္ဒံုးက်ည္အစီအစဥ္ေတြကို အခု ၂၀၂၁ ခုႏွစ္ ပထမႏွစ္ဝက္ အတြင္းမွာ ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း ကုလသမဂၢ လ်ိဴ႔ဝွက္အစီရင္ခံစာမွာ ေသာၾကာေန႔က ေတြ႕ရွိရတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

ႏိုင္ငံတြင္း စီးပြါးေရးအေျခေနပိုဆိုးလာေနတဲ့ၾကားကပဲ ေျမာက္ကိုရီးယားက ႏိုင္ငံတကာဒဏ္ခတ္အေရးယူမႈကို ခ်ိဳးေဖါက္ၿပီး ႏ်ဴကလီယားနဲ႔ ပဲ့ထိန္းတပ္ဒံုးက်ည္ အစီစဥ္ေတြကို ဆက္လုပ္ေနတာျဖစ္ေၾကာင္း ကုလသမဂၢဒဏ္ခတ္အေရးယူမႈ ဆိုင္ရာ ေစာင့္ၾကည့္သူေတြက ေျပာပါတယ္။

ဒီအစီရင္ခံစာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢရဲ႕ ေျမာက္ကိုရီးယားဆိုင္ရာ ကိုယ္စားလွယ္အဖြဲ႔ကေတာ့ ခ်က္ခ်င္းတုံ႔ျပန္ေျပာဆိုတာ မရွိေသးပါဘူး။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ တင္းၾကပ္တဲ့ Lockdown ခ်ကန္႔သတ္မႈေတြ မႏွစ္က လုပ္ခဲ့တဲ့ ေျမာက္ကိုရီးယား အတြက္ အေထာက္အကူေတြပါ မရႏိုင္ပဲ ကုန္သြယ္ေရး က်ဆင္းၿပီး စီးပြါးေရးထိခိုက္ေနခ်ိန္မွာ ႏိုင္ငံတကာ ဒဏ္ခတ္အေရးယူမႈေၾကာင့္ အေျခေန ပိုဆိုးခဲ့ရတာပါ။

ႏိုင္ငံတြင္း ရိကၡာအေျခေန သိပ္မေကာင္းပဲ ျဖစ္ေနတာေၾကာင့္ ဒီႏွစ္ သီးႏွံထြက္ကုန္ေပၚ မွီခိုရမႈ ပိုလာႏိုင္တယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un က ဇြန္လထဲမွာပဲ ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားကို သူ႔ရဲ႕ ႏ်ဴကလီယားနဲ႔ ပဲ့ထိန္းတပ္ဒံုးက်ည္ စမ္းသပ္မႈေတြေၾကာင့္ ၂၀၀၆ ခုႏွစ္ကစၿပီး ကုလသမဂၢက အေရးယူ ဒဏ္ခတ္ထားတာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားက ေက်ာက္မီးေသြးနဲ႔ တျခား အေရးယူဒဏ္ခတ္မႈမွာ ပါဝင္တဲ့ ပစၥည္းေတြကို ေရေၾကာင္းကေန ဆက္လက္ တင္ပို႔ေနေပမယ့္ ပမာဏနည္းနည္းပဲ ပို႔ႏိုင္တယ္လို႔ ကုလေစာင့္ၾကည့္အဖြဲ႔ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

..................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်တွေကို အခု ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် အတွင်းမှာ ဆက်လက် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လျိူ့ဝှက်အစီရင်ခံစာမှာ သောကြာနေ့က တွေ့ရှိရတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတွင်း စီးပွါးရေးအခြေနေပိုဆိုးလာနေတဲ့ကြားကပဲ မြောက်ကိုရီးယားက နိုင်ငံတကာဒဏ်ခတ်အရေးယူမှုကို ချိုးဖေါက်ပြီး နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီစဉ်တွေကို ဆက်လုပ်နေတာဖြစ်ကြောင်း ကုလသမဂ္ဂဒဏ်ခတ်အရေးယူမှု ဆိုင်ရာ စောင့်ကြည့်သူတွေက ပြောပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကတော့ ချက်ချင်းတုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တင်းကြပ်တဲ့ Lockdown ချကန့်သတ်မှုတွေ မနှစ်က လုပ်ခဲ့တဲ့ မြောက်ကိုရီးယား အတွက် အထောက်အကူတွေပါ မရနိုင်ပဲ ကုန်သွယ်ရေး ကျဆင်းပြီး စီးပွါးရေးထိခိုက်နေချိန်မှာ နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုကြောင့် အခြေနေ ပိုဆိုးခဲ့ရတာပါ။

နိုင်ငံတွင်း ရိက္ခာအခြေနေ သိပ်မကောင်းပဲ ဖြစ်နေတာကြောင့် ဒီနှစ် သီးနှံထွက်ကုန်ပေါ် မှီခိုရမှု ပိုလာနိုင်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ဇွန်လထဲမှာပဲ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားကို သူ့ရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်မှုတွေကြောင့် ၂၀၀၆ ခုနှစ်ကစပြီး ကုလသမဂ္ဂက အရေးယူ ဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ကျောက်မီးသွေးနဲ့ တခြား အရေးယူဒဏ်ခတ်မှုမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ရေကြောင်းကနေ ဆက်လက် တင်ပို့နေပေမယ့် ပမာဏနည်းနည်းပဲ ပို့နိုင်တယ်လို့ ကုလစောင့်ကြည့်အဖွဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG