သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ကိုဗစ်တားဆီးပိတ်ပင်မှုကြောင့် စာနာမှု အကျပ်အတည်း ဖြစ်လာနိုင်


မြောက်ကိုရီးယားမှာ ကိုဗစ်ကာကွယ်တားဆီးနိုင်ရေး ကျောင်းသူကျောင်းသားတွေကို ကိုယ်ပူချိန် တိုင်းတာပေးနေတဲ့မြင်ကွင်း။ (ဇွန် ၂၂၊ ၂၀၂၁)
မြောက်ကိုရီးယားမှာ ကိုဗစ်ကာကွယ်တားဆီးနိုင်ရေး ကျောင်းသူကျောင်းသားတွေကို ကိုယ်ပူချိန် တိုင်းတာပေးနေတဲ့မြင်ကွင်း။ (ဇွန် ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

မြောက်ကိုရီးယားနိုင်ငံရဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ တင်းကျပ်လွန်းတဲ့ ကန့်သတ်ချက်တွေက နိုင်ငံ့စီးပွားရေးကို အဓိက ထိခိုက်နေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်လာနိုင်တဲ့သဘောမျိုး လတ်တလော ပြောဆိုထားတာပါ။ နိုင်ငံတွင်းက အခြေအနေအရပ်ရပ် ဒီထက်မက ဆိုးလာမှာကိုလည်း ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ Bill Gallo သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ COVID-19 ရောဂါကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေညာထားတဲ့ ကမ္ဘာပေါ်က တခုတည်းသောနိုင်ငံ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုတော့ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး အကျပ်အတည်းတွေ ဆိုးရွားလာနေပြီလို့ ဝန်ခံ ပြောဆိုလာပါတယ်။ ဇွန်လကုန်လောက်မှာတော့ ကပ်ရောဂါနဲ့ပတ်သက်ပြီး ပဟေဠိဆန်တဲ့ စိုးရိမ်စရာ အဖြစ်အပျက်တခု ပေါ်ပေါက်ခဲ့တယ်ဆိုပြီး ခေါင်းဆောင် Kim Jong Un က ပြောဆိုခဲ့ပါတယ်။ နိုင်ငံတွင်း စားနပ်ရိက္ခာ ပြတ်လပ်လာနေတာကိုလည်း ၁၉၉၀ ခုနှစ်က အငတ်ဘေးကြီးနဲ့ Kim Jong Un က လတ်တလော နှိုင်းယှဉ် ပြောကြားခဲ့ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံသားတွေကြားမှာ ပြောဆိုနေတာ ရှိပါတယ်။ ဒါက နိုင်ငံရဲ့ ဘယ်အပိုင်းမှာ ရှိနေသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ‘Arduous March’ လို့သိကြတဲ့ အငတ်ကပ်ဘေးကြီးမျိုး ထပ်ပြီး ကျရောက်လာမှာကို စိုးရိမ်နေကြပါတယ်။”

“Arduous March” ဆိုတာကတော့ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အဖေဖြစ်သူ Kim Jon Il လက်ထက်က အငတ်ကပ်ဘေးကြီးကြောင့် သေဆုံးသူ သန်းချီ ရှိနိုင်တယ်ဆိုတဲ့ အဖြစ်အပျက်ပါ။ ခုလက်ရှိ အခြေအနေ ဘယ်လောက်ဆိုးရွားနေသလဲ ဆိုတာကတော့ မသိနိုင်သလို အကြီးအကျယ် ငတ်မွတ်ခေါင်းပါးတဲ့ လက္ခဏာလည်း မတွေ့ရပါဘူး။ ကမ္ဘာမှာ ကပ်ရောဂါကန့်သတ်ချက် အတင်းကျပ်ဆုံးလို့ ဆိုရမယ့် မြောက်ကိုရီးယားနိုင်ငံမှာ စားသောက်ကုန်နဲ့ တရုတ်နိုင်ငံကလာတဲ့ နာမည်ကြီးကုန်ပစ္စည်းတချို့ ဈေးထိုးတက်သွားပါတယ်။

“နယ်စပ်တွေ ပိတ်ထားတဲ့အတွက် လူတွေ ထိခိုက်နေကြပါတယ်။ ကပ်ရောဂါ ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် သီးနှံတွေကို မနှစ်က ရိတ်သိမ်းထားကြရတယ်။ အသွားအလာတွေက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်တာပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းအားလုံး ရပ်ထားရပါတယ်။"

အကျပ်အတည်းတွေ ရှိနေပေမယ့်လည်း မြောက်ကိုရီးယားကတော့ ကိုဗစ်ရောဂါ ကာကွယ်ဆေး အရေးတကြီး လိုအပ်တဲ့ပုံ မပြပါဘူး။ ကုလသမဂ္ဂက ဦးဆောင်လုပ်ကိုင်နေတဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး တန်းတူဖြန့်ဖြူးရေး အစီအစဉ် COVAX ဆီက ဆေးရဖို့ မြောက်ကိုရီးယားက စာရွက်စာတမ်းတွေတောင် အပြီးသတ် မဖြည့်ရသေးတာကို ဗွီအိုအေက တွေ့ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဘယ်ကနေ ကာကွယ်ဆေးရထားသလဲ ဆိုတာကိုလည်း မသိရပါဘူး။

“အဲဒီကိစ္စကို ကျနော်လည်း သိချင်ပါတယ်။ အမေရိကန်နိုင်ငံမှာလို ကာကွယ်ဆေးထိုးဖို့ ငြင်းဆိုတာ၊ ယဉ်ကျေးမှုကြောင့်ဆိုပြီး နှာခေါင်းစည်းတပ်ဖို့ ငြင်းဆိုတာမျိုး မြောက်ကိုရီးယားနိုင်ငံမှာ လုပ်လို့မရပါဘူး။”

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ဝင်မလာနိုင်အောင် နယ်စပ်ကို ဆက်ပြီး ပိတ်ထားဖို့ ဖြစ်ပေမယ့် ဆေးရဖို့ နယ်စပ်ကိုတော့ ဖွင့်ပေးရမှာပါ။ အဲဒီလိုအခြေအနေမျိုးတွေက Kim Jong Un ရဲ့ အုပ်ချုပ်မှုအပေါ် ခြိမ်းခြောက်မှုဖြစ်လာမှာ မဟုတ်ပေမယ့် ရေရှည် ဒီအတိုင်းသွားနေမယ် ဆိုရင်တော့ ပြည်တွင်းအခြေအနေအရပ်ရပ် ပိုဆိုးလာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)










XS
SM
MD
LG