သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု တိုက်ဖျက်ဖို့ ပျက်ကွက်နိုင်ငံများ စာရင်းထဲ မြန်မာပါဝင်


thai myanmar human trafficking

{{Zawgyi/Unicode}}

ကမ္ဘာ့နိုင်ငံ ၁၇နိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာလိုက်ပါတယ်။ Trafficking in Persons Report လို့ခေါ်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို ကြာသပတေးနေ့က ထုတ်ပြန်ရာမှာ အဲဒီလို ဖေါ်ပြလိုက်တာ ဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၈နိုင်ငံကို အဆင့်(၄)မျိုး ခွဲခြား တင်ပြထားပါတယ်။

အဆင့်(၁)ကတော့ အကောင်းဆုံး အားထုတ်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပြီး ၊ အဆင့်(၃)ကတော့ အဆိုးရွားဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။ အဆင့်(၂)မှာ သာမန်အလယ်အလတ်နိုင်ငံတွေနဲ့ စောင့်ကြည့်နိုင်ငံများဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

အဆိုးရွားဆုံးဖြစ်တဲ့ အဆင့်(၃) နိုင်ငံများစာရင်းထဲမှာ မြန်မာ ၊ တရုတ် ၊ အာဖဂန်နစ္စတန် ၊ မြောက်ကိုရီးယား စတဲ့ အာရှနိုင်ငံ အတော်များများ ပါဝင်ပြီး ရုရှားနဲ့ အာဖရိကနိုင်ငံ တချို့လည်း ပါဝင်ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတခုဖြစ်တဲ့ မလေးရှားဟာလည်း ဒီနှစ်မှာတော့ အဆင့်(၃)ကို ကျဆင်းသွားတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကတော့ ရှင်ကျန်း - ထိန်းသိမ်းရေး စခန်းတွေမှာ အဓမ္မအလုပ် ခိုင်းစေခဲ့မှုနဲ့ပတ်သက်ပြီး အဆင့်(၃) သတ်မှတ်ခံရတာလို့ ဆိုပါတယ်။

အဆင့်(၃) သတ်မှတ်ခံရတဲ့ နိုင်ငံတွေဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ၊ အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အထောက်အပံ့ကို ရယူရာမှာ ကန့်သတ်ခံရတာမျိုးနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

လူကုန်ကူးမှုဟာ လူမှုဒုက္ခတွေရဲ့ ကြီးမားတဲ့ အကြောင်းအရင်းတခုဖြစ်ပြီး ၊ ကမ္ဘာလုံးဆိုင်ရာ ပြသနာတခုလည်း ဖြစ်နေကြောင်း ၊ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း(၂၅)သန်းခန့်တို့ဟာ ဒီပြသနာကြောင့် ဒုက္ခရောက်နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

.....................................

တိုက်ရိုက် လင့်ခ်


{{Unicode}}








XS
SM
MD
LG