သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလူကုန်ကူးမှုအခြေအနေ အဆိုးဆုံးအဆင့်ထိ လျော့ကျ (ကန် နိုင်ငံခြားရေးဌာန)


လူကုန်ကူးမှုထိန်းချုပ်ရေး မလေးရှားမြောက်ပိုင်း ထိုင်းနယ်စပ်တွင် ကင်းလှည့်နေသော မလေးရှားတပ်ဖွဲ့ များ ( ဓာတ်ပုံ - Reuters)
လူကုန်ကူးမှုထိန်းချုပ်ရေး မလေးရှားမြောက်ပိုင်း ထိုင်းနယ်စပ်တွင် ကင်းလှည့်နေသော မလေးရှားတပ်ဖွဲ့ များ ( ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

ဒီကနေ့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ထုတ်ပြန်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ မလေးရှားနိုင်ငံဟာ အနိမ့်ဆုံးအဆင့်ထိ လျော့ကျသွားမှာဖြစ်ကြောင်း ဒီအစီရင်ခံစာနဲ့ ရင်းနှီးဆက်စပ်မှုရှိတဲ့ သတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းတွေကို လိုက်နာဖို့ပျက်ကွက်တဲ့ ဒါမှမဟုတ် လိုက်နာဖို့ သိသာ ထင်ရှားတဲ့ အားထုတ်ကြိုးပမ်းမှုတွေမရှိတဲ့နိုင်ငံတွေကို နိုင်ငံခြားရေးဌာနက အဆင့် (၃) သတ်မှတ်ပါတယ်။ အဆင့် (၃) ကို ကျသွားပြီဆိုရင် အမေရိကန်ဆီက တချို့ ထောက်ပံ့ကူညီမှုတွေမှာ ထိခိုက်သက်ရောက်မှုရှိနိုင်ပါတယ်။ မလေးရှားနိုင်ငံဟာ လူကုန်ကူးခံရသူတွေအတွက် ခရီးဆုံးအဖြစ် လူသိများပါတယ်။

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မလေးရှားဟာ စက်ရုံတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းလောက်ကို မှီခိုနေရတဲ့နိုင်ငံပါ။ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူ ၁ သိန်း၊၇ သောင်းကျော် ရှိပြီး အများစုက မြန်မာပြည်က ရိုဟင်ဂျာတွေဖြစ်ကြပါတယ်။ မနှစ်က လူကုန်ကူးမှုအဆင့် ၂ မှာရှိနေခဲ့တဲ့ မလေးရှာဟာ ဒီနှစ်ထုတ်ပြန်မယ့် လူကုန်ကူးခံရသူများ ဆိုင်ရာ အစီရင်ခံစာ (TIP) မှာ အဆင့် (၃) ကိုရောက်သွားမှာဖြစ်ကြောင်း သတင်းဌာနတွေနဲ့စကားပြောခွင့် မရှိတာ ကြောင့် အမည်မဖော်လိုတဲ့ အဲဒီသတင်းရင်းမြစ်က ပြောတာပါ။

ပြီးခဲ့တဲ့နှစ်က အမေရိကန်အကောက်ခွန်နဲ့နပ်စပ်ကာကွယ်ရေး ဌာန CBP က စုံစမ်းစစ်ဆေးချိန်မှာ အဓမ္မလုပ်အားပေးစေခိုင်းမှုရှိတယ်လို့စွပ်စွဲခံရတဲ့ မလေးရှားကုမ္ပဏီ ၃ ခုရဲ့ သွင်းကုန်တွေကို ပိတ်ပင်ခဲ့ပါတယ်။

....................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG