သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

NATO အေရွ႕ဘက္ ခ်ဲ႕ထြင္မႈမရပ္လွ်င္ ႐ုရွားစစ္ေရးအရ တံု႔ျပန္မည္


မွတ္တမ္း႐ုပ္ပံု- ႐ုရွား ကာကြယ္ေရး ဌာနက ျဖန္႔ေ၀တဲ႔ ဓာတ္ပံု - ႐ုရွားရဲ႕ Tu-22M3 ဗံုးက်ဲေလယာဥ္ ဘဲလာ႐ုစ္ ေ၀ဟင္ပိုင္နက္တြင္း ကင္းလွည့္။

(Zawgyi/ Unicode)

ေျမာက္အတၱလႏၲိတ္ စစ္စာခ်ဳပ္ အဖြဲ႔ NATO ဘက္က အေရွ႕ပိုင္းကို ဦးတည္ ခ်ဲ႕ထြင္မႈ အဆံုးသတ္ဖို႔ အာမခံခ်က္ မေပးဘူးဆိုရင္ေတာ့ ႐ုရွားဘက္ကလည္း စစ္ေရး အရ တုံ႔ျပန္မွာ ျဖစ္သလို နည္းဗ်ဴဟာေျမာက္ ႏ်ဴးကလီးယား လက္နက္ေတြ ခ်ထားသြားမယ့္ အေၾကာင္း ထိပ္တန္း ႐ုရွား သံတမန္ တဦးက သတိေပးလိုက္ပါတယ္။

႐ုရွားဘက္က ခန္႔မွန္းေျခ တပ္ဖြဲ႔၀င္ ၁၀၀,၀၀၀ ေလာက္ ခ်ထားတဲ႔ ယူကရိန္း နယ္စပ္အနီးမွာ ႐ုရွား စစ္ေရး လႈပ္ရွားမႈေတြေၾကာင့္ အလ်င္အျမန္ ႀကီးထြားလာေနတဲ႔ ျပသနာကို ေျဖေလွ်ာ့ေရး ရည္ရြယ္ၿပီး အေမရိကန္ သမၼတ Joe Biden နဲ႔ ႐ုရွား သမၼတ Vladimir Putin တို႔ ဗြီဒီယို ကြန္ဖရင့္စ္နဲ႔ ၂ နာရီၾကာ ေတြ႕ဆံု ေဆြးေႏြးခဲ႔ၾကတာပါ။

ဒီလို ေဆြးေႏြးၿပီး ရက္ပိုင္း အၾကာမွာ ႐ုရွား ထိပ္တန္း သံတမန္ထံက ထြက္ေပၚလာတဲ႔ မွတ္ခ်က္ေၾကာင့္ ႐ုရွားနဲ႔ အေနာက္ အင္အားႀကီး ႏိုင္ငံေတြၾကား ထိပ္တိုက္ေတြ႕မႈမွာ အႏၲရာယ္ ပိုႀကီးလာပါတယ္။ ယူကရိန္းရဲ႕ ခ႐ိုင္းမီးယား ကြ်န္းဆြယ္ကို ၂၀၁၄ ခုႏွစ္မွာ ႐ုရွားက က်ဴးေက်ာ္ သိမ္းပိုက္ခဲ႔မႈ၊ ေနာက္ ႐ုရွားနဲ႔ နယ္ခ်င္းဆက္ေနတဲ႔ ယူကရိန္း အေရွ႕ပိုင္း Donbas ေဒသရဲ႕ အမ်ားစုကို သိမ္းယူခဲ႔တာပါ။

ဒီလို ပံုစံမ်ိဳး အတိုင္း ယူကရိန္းကို ေနာက္ထပ္ စစ္ေရး အရ က်ဴးေက်ာ္ဖို႔ ႐ုရွားသမၼတ Putin က စဥ္းစားေနတယ္ဆိုတဲ႔ အေပၚမွာ စိုးရိမ္ေနၾကခ်ိန္မွာဘဲ ႐ုရွား ဒုတိယ ႏိုင္ငံျခားေရး ၀န္ႀကီး Sergei Ryabkov ရဲ႕ ၿခိမ္းေျခာက္မႈ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္က အျဖစ္မ်ိဳး ထပ္ျဖစ္လာရင္ သိသာ ထင္ရွားတဲ႔ အက်ိဳးဆက္ေတြ ရွိလာမယ္၊ ေနာက္ ႐ုရွားဘက္က မတည္မၿငိမ္ျဖစ္ေစတဲ႔ လုပ္ရပ္မ်ိဳး ရွိလာရင္ အေနာက္ႏိုင္ငံေတြက တညီတၫြတ္တည္း တုံ႔ျပန္မႈနဲ႔ ရင္ဆိုင္ရမယ္လို႔ ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ Boris Johnson က တနလာၤေန႔မွာ ႐ုရွားသမၼတနဲ႔ ဖုန္းဆက္သြယ္မႈ အတြင္းမွာ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

NATO အရှေ့ဘက် ချဲ့ထွင်မှုမရပ်လျှင် ရုရှားစစ်ရေးအရ တုံ့ပြန်မည်

မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ဘက်က အရှေ့ပိုင်းကို ဦးတည် ချဲ့ထွင်မှု အဆုံးသတ်ဖို့ အာမခံချက် မပေးဘူးဆိုရင်တော့ ရုရှားဘက်ကလည်း စစ်ရေး အရ တုံ့ပြန်မှာ ဖြစ်သလို နည်းဗျူဟာမြောက် နျူးကလီးယား လက်နက်တွေ ချထားသွားမယ့် အကြောင်း ထိပ်တန်း ရုရှား သံတမန် တဦးက သတိပေးလိုက်ပါတယ်။

ရုရှားဘက်က ခန့်မှန်းခြေ တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ လောက် ချထားတဲ့ ယူကရိန်း နယ်စပ်အနီးမှာ ရုရှား စစ်ရေး လှုပ်ရှားမှုတွေကြောင့် အလျင်အမြန် ကြီးထွားလာနေတဲ့ ပြသနာကို ဖြေလျှော့ရေး ရည်ရွယ်ပြီး အမေရိကန် သမ္မတ Joe Biden နဲ့ ရုရှား သမ္မတ Vladimir Putin တို့ ဗွီဒီယို ကွန်ဖရင့်စ်နဲ့ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဒီလို ဆွေးနွေးပြီး ရက်ပိုင်း အကြာမှာ ရုရှား ထိပ်တန်း သံတမန်ထံက ထွက်ပေါ်လာတဲ့ မှတ်ချက်ကြောင့် ရုရှားနဲ့ အနောက် အင်အားကြီး နိုင်ငံတွေကြား ထိပ်တိုက်တွေ့မှုမှာ အန္တရာယ် ပိုကြီးလာပါတယ်။ ယူကရိန်းရဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ရုရှားက ကျူးကျော် သိမ်းပိုက်ခဲ့မှု၊ နောက် ရုရှားနဲ့ နယ်ချင်းဆက်နေတဲ့ ယူကရိန်း အရှေ့ပိုင်း Donbas ဒေသရဲ့ အများစုကို သိမ်းယူခဲ့တာပါ။

ဒီလို ပုံစံမျိုး အတိုင်း ယူကရိန်းကို နောက်ထပ် စစ်ရေး အရ ကျူးကျော်ဖို့ ရုရှားသမ္မတ Putin က စဉ်းစားနေတယ်ဆိုတဲ့ အပေါ်မှာ စိုးရိမ်နေကြချိန်မှာဘဲ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က အဖြစ်မျိုး ထပ်ဖြစ်လာရင် သိသာ ထင်ရှားတဲ့ အကျိုးဆက်တွေ ရှိလာမယ်၊ နောက် ရုရှားဘက်က မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်မျိုး ရှိလာရင် အနောက်နိုင်ငံတွေက တညီတညွတ်တည်း တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က တနလာၤနေ့မှာ ရုရှားသမ္မတနဲ့ ဖုန်းဆက်သွယ်မှု အတွင်းမှာ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG