သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းက ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်မႈ လူ႔အခြင့္အေရးအဖြဲ႔ ေဝဖန္


ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba

{{Zawgyi/Unicode}}

ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးအေနနဲ႔ ၿဗိတိန္လာၿပီး ႐ုရွားအာဏာရွင္ျခိမ္းေျခာက္မႈကေန အကူအညီေတာင္းခံေနေပမယ့္ ျမန္မာစစ္အာဏာရွင္ကိုေတာ့ ႐ုရွားလိုပဲ လက္နက္ေရာင္းေပးေနတုန္းလို႔ ၿဗိတိန္ အေျခစိုက္ျမန္မာ့အေရးအဖြဲ႔တခုက ေဝဖန္လိုက္ပါတယ္။

ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba ဟာ အေျပာတမ်ိဳး အလုပ္တမ်ိဳးျဖစ္ေနတယ္၊ ဒီမိုကေရစီကိုေထာက္ခံတယ္ေျပာၿပီး ႏိုင္ငံတကာက လူ႔အခြင့္အေရးဥပေဒေတြကို ျမန္မာမွာ ဆိုးဆိုးဝါးဝါးခ်ိဳးေဖာက္ေနတာကိုေတာ့ ဆက္ အားေပးေနတယ္လို႔ ၿဗိတိန္အေျခစိုက္ Burma Campaign UK အဖြဲ႔က အျပစ္တင္လိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ အရင္ ႐ိုဟင္ဂ်ာေတြကို အစုအျပံဳလိုက္ သတ္ျဖတ္မႈနဲ႔ အခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းပြဲအၿပီးမွာေတာင္ ျမန္မာႏိုင္ငံကို ရွားရွားပါးပါး လက္နက္ဆက္ေရာင္းေနတဲ့ ႏိုင္ငံေတြထဲမွာ ယူကရိန္း ပါေနတယ္လို႔ ဒီလူ႔အခြင့္အေရးအဖြဲ႔က ေထာက္ျပပါတယ္။

အရင္ ႐ိုဟင္ဂ်ာ အစုအျပံဳလိုက္သတ္ျဖတ္မႈအေပၚ ကုလသမဂၢက အေထာက္အထား စစ္ေဆးေတြ႔ရွိခဲ့ၿပီးခ်ိန္မွာေတာင္ ယူကရိန္းက ၂၀၁၉ ခုႏွစ္မွာ ျမန္မာနဲ႔ စစ္ေရးပူးေပါင္းေဆာင္ရြက္မႈ သေဘာတူခ်က္အသစ္လက္မွတ္ထိုးခဲ့တယ္၊ အခု အာဏာသိမ္းအၿပီး လက္နက္မေရာင္းဖို႔ ကုလအေထြေထြညီလာခံက ဇြန္လကပဲ ဆံုးျဖတ္ခဲ့တာကိုလည္း ယူကရိန္းက ဂ႐ုမစိုက္ဆက္လုပ္ေနဆဲျဖစ္ေၾကာင္း ဒီအဖြဲ႔က ဆက္ေထာက္ျပခဲ့ပါတယ္။

ဒါေၾကာင့္ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႔ဆံုခဲ့တဲ့ ၿဗိတိန္ အစိုးရအဖြဲ႔ဝင္ေတြ၊ လႊတ္ေတာ္အမတ္ေတြနဲ႔ နန္းေတာ္အရာရွိေတြအေနနဲ႔ ဘာေၾကာင့္ ယူကရိန္းက ခုလို ျငင္းဆန္ေနတာကို စာေရးေမးေပးဖို႔ ဒီအဖြဲ႔က ေတာင္းဆိုထားပါတယ္။

တကယ္ေတာ့ Justice for Myanmar အဖြဲ႔ကလည္း ျမန္မာစစ္တပ္ကို ယူကရိန္းက လက္နက္တပ္ဆင္ေထာက္ပ့ံေပးေနေၾကာင္း စက္တင္ဘာလတုန္းကပဲ အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ယူကရိန်းက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဗြိတိန်လာပြီး ရုရှားအာဏာရှင်ခြိမ်းခြောက်မှုကနေ အကူအညီတောင်းခံနေပေမယ့် မြန်မာစစ်အာဏာရှင်ကိုတော့ ရုရှားလိုပဲ လက်နက်ရောင်းပေးနေတုန်းလို့ ဗြိတိန် အခြေစိုက်မြန်မာ့အရေးအဖွဲ့တခုက ဝေဖန်လိုက်ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ဟာ အပြောတမျိုး အလုပ်တမျိုးဖြစ်နေတယ်၊ ဒီမိုကရေစီကိုထောက်ခံတယ်ပြောပြီး နိုင်ငံတကာက လူ့အခွင့်အရေးဥပဒေတွေကို မြန်မာမှာ ဆိုးဆိုးဝါးဝါးချိုးဖောက်နေတာကိုတော့ ဆက် အားပေးနေတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က အပြစ်တင်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရင် ရိုဟင်ဂျာတွေကို အစုအပြုံလိုက် သတ်ဖြတ်မှုနဲ့ အခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပွဲအပြီးမှာတောင် မြန်မာနိုင်ငံကို ရှားရှားပါးပါး လက်နက်ဆက်ရောင်းနေတဲ့ နိုင်ငံတွေထဲမှာ ယူကရိန်း ပါနေတယ်လို့ ဒီလူ့အခွင့်အရေးအဖွဲ့က ထောက်ပြပါတယ်။

အရင် ရိုဟင်ဂျာ အစုအပြုံလိုက်သတ်ဖြတ်မှုအပေါ် ကုလသမဂ္ဂက အထောက်အထား စစ်ဆေးတွေ့ရှိခဲ့ပြီးချိန်မှာတောင် ယူကရိန်းက ၂၀၁၉ ခုနှစ်မှာ မြန်မာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူချက်အသစ်လက်မှတ်ထိုးခဲ့တယ်၊ အခု အာဏာသိမ်းအပြီး လက်နက်မရောင်းဖို့ ကုလအထွေထွေညီလာခံက ဇွန်လကပဲ ဆုံးဖြတ်ခဲ့တာကိုလည်း ယူကရိန်းက ဂရုမစိုက်ဆက်လုပ်နေဆဲဖြစ်ကြောင်း ဒီအဖွဲ့က ဆက်ထောက်ပြခဲ့ပါတယ်။

ဒါကြောင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ နန်းတော်အရာရှိတွေအနေနဲ့ ဘာကြောင့် ယူကရိန်းက ခုလို ငြင်းဆန်နေတာကို စာရေးမေးပေးဖို့ ဒီအဖွဲ့က တောင်းဆိုထားပါတယ်။

တကယ်တော့ Justice for Myanmar အဖွဲ့ကလည်း မြန်မာစစ်တပ်ကို ယူကရိန်းက လက်နက်တပ်ဆင်ထောက်ပံ့ပေးနေကြောင်း စက်တင်ဘာလတုန်းကပဲ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ် ခင်ဗျာ။

#ယူကရိန်း #မြန်မာ #စစ်လက်နက်ရောင်း #DmytroKuleba #BurmaCampaignUK #ဗြိတိန် #ဗွီအိုအေမြန်မာ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG