သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဲလာ႐ုစ္ကို အဆင့္ျမင့္ မစ္ဇိုင္းဒုံးစနစ္ ႐ုရွားေပးအပ္မည္


(Zawgyi/ Unicode)

ဘဲလာ႐ုစ္ ႏိုင္ငံကို Islander-M မိုလ္ဘိုင္း ပဲ႔ထိန္း မစ္ဇိုင္းဒုံးစနစ္ လာမယ့္ လပိုင္းေတြ အတြင္းမွာ ေပးအပ္မယ့္ အေၾကာင္း ႐ုရွားသမၼတ Vladimir Putin က စေနေန႔မွာ ေျပာပါတယ္။ ႐ုရွား ႏိုင္ငံ စိန္႔ပီတာစဘဂ္မွာ စေနေန႔က ဘယ္လာ႐ုစ္ သမၼတ Alexander Lukashenko နဲ႔ ႐ုရွားေခါင္းေဆာင္တို႔ ေတြ႕ဆံုခဲ႔ၾကတာ ျဖစ္ပါတယ္။ ဘဲလာ႐ုစ္ ႏိုင္ငံ အေနနဲ႔ အိမ္နီးခ်င္း လစ္သူေရးနီးယားနဲ႔ ပိုလန္ႏိုင္ငံတို႔ရဲ႕ ရန္လိုၿပီး ထိပ္တိုက္ေတြ႕ေရး မူဝါဒေတြကို စိုးရိမ္ေၾကာင္း ဘဲလာ႐ုစ္ သမၼတ Lukanshenko က ႐ုရွား သမၼတ Putin ကို ေျပာဆိုခဲ႔တာပါ။

အေမရိကန္ ဦးေဆာင္တဲ႔ NATO မဟာမိတ္ေတြက ဘဲလာ႐ုစ္ နယ္စပ္ေတြ အနီးမွာ ႏ်ဴးကလီးယား လက္နက္ေတြနဲ႔ တိုက္ခိုက္မႈေတြလို႔ သံုးႏႈန္းေျပာဆိုၿပီး အဲဒီ တိုက္ခိုက္မႈေတြကို တုံ႔ျပန္ႏိုင္ေရး ကူညီဖို႔လည္း ႐ုရွားသမၼတ Putin ကို အကူအညီ ေတာင္းပါတယ္။ ကီလိုမီတာ ၅၀၀ ေက်ာ္ထိ ပစ္ခတ္ႏိုင္တဲ႔ Iskander-M ဒံုးက်ည္ စနစ္ေတြဟာဆိုရင္ ႐ိုး႐ိုး ထိပ္ဖူးေရာ ႏ်ဴးကလီးယား ထိပ္ဖူးပါ သယ္ေဆာင္ႏိုင္တာ ျဖစ္ပါတယ္။

ယူကရိန္းႏိုင္ငံ ေျမာက္ပိုင္း Chernihiv ေဒသတြင္းက Desna ရြာကို ပစ္မွတ္ထားၿပီး ဘဲလာ႐ုစ္ ႏိုင္ငံတြင္းကေန ႐ုရွားတို႔က ဒံုးက်ည္ အစင္း ၂၀ ပစ္ခတ္ခဲ႔ေၾကာင္း ယူကရိန္း ေျမာက္ပိုင္း စစ္ဌာနခ်ဳပ္က ေျပာဆိုခဲ႔ၿပီးေနာက္မွာ ဘဲလာ႐ုစ္ကို ဒံုးက်ည္စနစ္ေတြ ေပးမယ့္သတင္း ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေျမျပင္ကေန ယူကရိန္း ေျမာက္ပိုင္းကို ဒံုးက်ည္ေတြနဲ႔ ပစ္ခတ္ခဲ႔တယ္ ဆိုတာ အျပင္ ႐ုရွားတို႔က Tu-22 တာေ၀း ဗံုးက်ဲ ေလယာဥ္ေတြကို ဘဲလာ႐ုစ္ ႏိုင္ငံတြင္းကေန ပထမဆံုး အသုံးျပဳခဲ့ေၾကာင္း ယူကရိန္း ေလတပ္ ဌာနခ်ဳပ္ကလည္း ေျပာဆိုထားပါတယ္။

အိမ္နီးခ်င္း ဘဲလာ႐ုစ္ ႏိုင္ငံဟာဆိုရင္ ႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ မတိုင္ခင္ ကတည္းက ႐ုရွား စစ္တပ္ တပ္ဖြဲ႔ေတြကို လက္ခံေနၿပီး ၾကားစခန္း အျဖစ္ သံုးေနတာပါ။ ဒါေပမယ့္ ဘဲလာ႐ုစ္ တပ္ဖြဲ႔ေတြကေတာ့ အခုအခ်ိန္ထိ နယ္စပ္ကို ျဖတ္ေက်ာ္တာ မရွိေသးပါဘူး။ ဒီတိုက္ခိုက္မႈဟာဆိုရင္ ဘဲလာ႐ုစ္ကို စစ္ပြဲ အတြင္း ဆြဲသြင္းမယ့္ ႐ုရွားရဲ႕ ႀကိဳးပမ္းမႈနဲ႔ တိုက္႐ိုက္ ပတ္သက္တယ္လို႔ ယူကရိန္း စစ္တပ္ ေထာက္လွမ္းေရးက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဘဲလာရုစ်ကို အဆင့်မြင့် မစ်ဇိုင်းဒုံးစနစ် ရုရှားပေးအပ်မည်

ဘဲလာရုစ် နိုင်ငံကို Islander-M မိုလ်ဘိုင်း ပဲ့ထိန်း မစ်ဇိုင်းဒုံးစနစ် လာမယ့် လပိုင်းတွေ အတွင်းမှာ ပေးအပ်မယ့် အကြောင်း ရုရှားသမ္မတ Vladimir Putin က စနေနေ့မှာ ပြောပါတယ်။ ရုရှား နိုင်ငံ စိန့်ပီတာစဘဂ်မှာ စနေနေ့က ဘယ်လာရုစ် သမ္မတ Alexander Lukashenko နဲ့ ရုရှားခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဘဲလာရုစ် နိုင်ငံ အနေနဲ့ အိမ်နီးချင်း လစ်သူရေးနီးယားနဲ့ ပိုလန်နိုင်ငံတို့ရဲ့ ရန်လိုပြီး ထိပ်တိုက်တွေ့ရေး မူဝါဒတွေကို စိုးရိမ်ကြောင်း ဘဲလာရုစ် သမ္မတ Lukanshenko က ရုရှား သမ္မတ Putin ကို ပြောဆိုခဲ့တာပါ။ အမေရိကန် ဦးဆောင်တဲ့ NATO မဟာမိတ်တွေက ဘဲလာရုစ် နယ်စပ်တွေ အနီးမှာ နျူးကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်မှုတွေလို့ သုံးနှုန်းပြောဆိုပြီး အဲဒီ တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်ရေး ကူညီဖို့လည်း ရုရှားသမ္မတ Putin ကို အကူအညီ တောင်းပါတယ်။

ကီလိုမီတာ ၅၀၀ ကျော်ထိ ပစ်ခတ်နိုင်တဲ့ Iskander-M ဒုံးကျည် စနစ်တွေဟာဆိုရင် ရိုးရိုး ထိပ်ဖူးရော နျူးကလီးယား ထိပ်ဖူးပါ သယ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ မြောက်ပိုင်း Chernihiv ဒေသတွင်းက Desna ရွာကို ပစ်မှတ်ထားပြီး ဘဲလာရုစ် နိုင်ငံတွင်းကနေ ရုရှားတို့က ဒုံးကျည် အစင်း ၂၀ ပစ်ခတ်ခဲ့ကြောင်း ယူကရိန်း မြောက်ပိုင်း စစ်ဌာနချုပ်က ပြောဆိုခဲ့ပြီးနောက်မှာ ဘဲလာရုစ်ကို ဒုံးကျည်စနစ်တွေ ပေးမယ့်သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြေပြင်ကနေ ယူကရိန်း မြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ် ဆိုတာ အပြင် ရုရှားတို့က Tu-22 တာဝေး ဗုံးကျဲ လေယာဉ်တွေကို ဘဲလာရုစ် နိုင်ငံတွင်းကနေ ပထမဆုံး အသုံးပြုခဲ့ကြောင်း ယူကရိန်း လေတပ် ဌာနချုပ်ကလည်း ပြောဆိုထားပါတယ်။ အိမ်နီးချင်း ဘဲလာရုစ် နိုင်ငံဟာဆိုရင် ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် မတိုင်ခင် ကတည်းက ရုရှား စစ်တပ် တပ်ဖွဲ့တွေကို လက်ခံနေပြီး ကြားစခန်း အဖြစ် သုံးနေတာပါ။ ဒါပေမယ့် ဘဲလာရုစ် တပ်ဖွဲ့တွေကတော့ အခုအချိန်ထိ နယ်စပ်ကို ဖြတ်ကျော်တာ မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုဟာဆိုရင် ဘဲလာရုစ်ကို စစ်ပွဲ အတွင်း ဆွဲသွင်းမယ့် ရုရှားရဲ့ ကြိုးပမ်းမှုနဲ့ တိုက်ရိုက် ပတ်သက်တယ်လို့ ယူကရိန်း စစ်တပ် ထောက်လှမ်းရေးက ပြောဆိုထားပါတယ်။

XS
SM
MD
LG