႐ု႐ုားတပ္ေတြနဲ႔ သီတင္းပတ္အေတာ္ၾကာ တိုက္ပြဲေတြ ျပင္းထန္ေနခဲ့တဲ့ ယူကရိန္းႏိုင္ငံအေရွ႕ျခမ္း Sievierodonetsk ၿမိဳ႕ကေန ယူကရိန္းတပ္ဖြဲ႔ေတြ ျပန္လည္ဆုတ္ခြာေနၿပီလို႔ ယူကရိန္း တာဝန္ရွိသူေတြ ေျပာဆိုၿပီး မၾကာခင္မွာပဲ ႐ု႐ုားရဲ႕ မဟာမိတ္၊ အိမ္နီးခ်င္း ဘဲလား႐ုစ္ႏိုင္ငံ (Belarus) ထဲကေန ဒီကေန႔ ယူကရိန္းကို အျပင္းအထန္ ဗုံးက်ဲ တိုက္ခိုက္ေနတယ္လို႔ ယူကရိန္းစစ္ဘက္ တာဝန္ရွိသူေတြက ေျပာပါတယ္။
ေျမာက္ပိုင္း Chernigiv ေဒသက Desna ႐ြာကို ပစ္မွတ္ထားၿပီး ေရာ့ကဒ္ဒုံးက်ည္ ၂၀ ေလာက္နဲ႔ ပစ္ခတ္တာေၾကာင့္ အဲ့ဒီေဒသက အေျခခံအေဆာက္အအုံေတြ ထိမွန္ခဲ့တယ္လို႔ ယူကရိန္း ေျမာက္ပိုင္းေဒသဆိုင္ရာ စစ္ဘက္အရာရွိက ေျပာဆိုတဲ့အေၾကာင္း ေအအက္ဖ္ပီသတင္းက ေဖာ္ျပပါတယ္။ အေသအေပ်ာက္ရွိမရွိ ဆိုတာေတာ့ ေလာေလာဆယ္ မသိရေသးပါဘူး။
႐ုရွားရဲ႕ မဟာမိတ္ျဖစ္တဲ့ ဘဲလား႐ုစ္ႏိုင္ငံအေနနဲ႔ ယူကရိန္းစစ္ပြဲမွာ တရားဝင္ပါဝင္ တိုက္ခိုက္ေပးမ်ိဳး မရွိေပမဲ့လို႔ ေဖေဖာ္ဝါရီလ ၂၄ ရက္ က်ဴးေက်ာ္စစ္ စတင္ခ်ိန္ကစၿပီး ႐ုရွားကို လိုအပ္တဲ့ စစ္ေရးေထာက္ပို႔ပစၥည္းေတြ ကူညီေပးေနတာပါ။ ဒါေပမဲ့ ဒီကေန တိုက္ခိုက္မႈကေတာ့ ဘဲလား႐ုစ္ကိုပါ ႐ုရွားက သူနဲ႔အတူ စစ္ပြဲထဲ တရားဝင္ ဆြဲသြင္းလိုက္တာ ျဖစ္တယ္လို႔ ယူကရိန္း ေထာက္လွမ္းေရးအဖြဲ႔က ေျပာပါတယ္။ အေနာက္ႏိုင္ငံေတြက ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး ႐ုရွားအျပင္ ဘဲလား႐ုစ္ႏိုင္ငံကိုလည္း ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခ်မွတ္ထားပါတယ္။
==Unicode ===
အိမ်နီးချင်း ဘဲလားရုစ်နိုင်ငံထဲကနေ ယူကရိန်းကို ရုရှား ဒုံးကျည်နဲ့ပစ်
ရုရုားတပ်တွေနဲ့ သီတင်းပတ်အတော်ကြာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ယူကရိန်းနိုင်ငံအရှေ့ခြမ်း Sievierodonetsk မြို့ကနေ ယူကရိန်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာနေပြီလို့ ယူကရိန်း တာဝန်ရှိသူတွေ ပြောဆိုပြီး မကြာခင်မှာပဲ ရုရုားရဲ့ မဟာမိတ်၊ အိမ်နီးချင်း ဘဲလားရုစ်နိုင်ငံ (Belarus) ထဲကနေ ဒီကနေ့ ယူကရိန်းကို အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေတယ်လို့ ယူကရိန်းစစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ပိုင်း Chernigiv ဒေသက Desna ရွာကို ပစ်မှတ်ထားပြီး ရော့ကဒ်ဒုံးကျည် ၂၀ လောက်နဲ့ ပစ်ခတ်တာကြောင့် အဲ့ဒီဒေသက အခြေခံအဆောက်အအုံတွေ ထိမှန်ခဲ့တယ်လို့ ယူကရိန်း မြောက်ပိုင်းဒေသဆိုင်ရာ စစ်ဘက်အရာရှိက ပြောဆိုတဲ့အကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။ အသေအပျောက်ရှိမရှိ ဆိုတာတော့ လောလောဆယ် မသိရသေးပါဘူး။
ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ ဘဲလားရုစ်နိုင်ငံအနေနဲ့ ယူကရိန်းစစ်ပွဲမှာ တရားဝင်ပါဝင် တိုက်ခိုက်ပေးမျိုး မရှိပေမဲ့လို့ ဖေဖော်ဝါရီလ ၂၄ ရက် ကျူးကျော်စစ် စတင်ချိန်ကစပြီး ရုရှားကို လိုအပ်တဲ့ စစ်ရေးထောက်ပို့ပစ္စည်းတွေ ကူညီပေးနေတာပါ။ ဒါပေမဲ့ ဒီကနေ တိုက်ခိုက်မှုကတော့ ဘဲလားရုစ်ကိုပါ ရုရှားက သူနဲ့အတူ စစ်ပွဲထဲ တရားဝင် ဆွဲသွင်းလိုက်တာ ဖြစ်တယ်လို့ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ အနောက်နိုင်ငံတွေက ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားအပြင် ဘဲလားရုစ်နိုင်ငံကိုလည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားပါတယ်။