သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွား-ဘဲလား႐ုစ္ ပူးတဲြ စစ္ေလ႔က်င္႔မႈ ယူကရိန္း ေဝဖန္


Russian Weapons

[ ZAWGYI ]

႐ုရွား-ဘဲလား႐ုစ္ ပူးတဲြ စစ္ေလ႔က်င္႔မႈ ယူကရိန္း ေဝဖန္

ဘဲလာ႐ုစ္ႏုိင္ငံမွာ ႐ုရွားက ၁၀ ရက္ၾကာ ပူးတဲြစစ္ေရးေလ့က်င့္မႈေတြ ၾကာသပေတးေန႔မွာ စတင္လုိက္တာဟာ ေဒသတြင္းမွာ တင္းမာမႈေတြ ပုိမုိႀကီးထြားေစတယ္လုိ႔ ယူကရိန္းတာ၀န္ရွိသူေတြက ေ၀ဖန္လုိက္ၾကပါတယ္။

ယူကရိန္းႏုိင္ငံေျမာက္ဖက္ ကီလုိမီတာ ၂၁၀ ေလာက္ အကြာ ဘဲလာ႐ုစ္ႏုိင္ငံမွာ ႐ုရွားက စစ္ေရးေလ့က်င့္တဲ့ အစီအစဥ္မွာေတာ့ ေထာင္ခ်ီတဲ့ တပ္ဖဲြ႔၀င္ေတြအျပင္၊ S-400 ေျမျပင္က ေ၀ဟင္ပစ္ မစ္ဇုိင္းဒုံး၊ Pantsir ေလေၾကာင္းရန္ကာကြယ္ေရး စနစ္နဲ႔၊ Su-35 တုိက္ေလယာဥ္ေတြလုိ အဆင့္ျမင့္ လက္နက္ေတြ ပါ၀င္ပါတယ္။

ေရတပ္ေလ့က်င့္မႈအျဖစ္ ေဘာလတစ္ပင္လယ္မွာ ကီလုိမီတာ ၁၃၀၀၀ ခရီးႏွင္ခဲ့ၿပီးေနာက္ ၂၀၁၄ ခုႏွစ္မွာ ႐ုရွားက သိမ္းပုိက္လုိက္တဲ့ ခ႐ုိင္းမီးယားေဒသ Sevastopol ဆိပ္ကမ္းကုိ စစ္သေဘၤာ ၆ စင္း ေရာက္ရွိသြားေၾကာင္း ရုရွားကာကြယ္ေရး ၀န္ႀကီးဌာနကလည္း အတည္ျပဳခဲ့တာပါ။

ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔ စစ္ေရးေလ့က်င့္မႈေတြ အဆုံးသတ္ၿပီးေနာက္ ႐ုရွားတပ္ေတြ ျပန္လည္ထြက္ခြာမွာ ျဖစ္ေၾကာင္းလည္း ႐ုရွားနဲ႔ ဘဲလာ႐ုစ္ တာ၀န္ရွိသူေတြ ေျပာဆုိထားပါတယ္။ ဒါေပမဲ့လည္း တခ်ိန္က ဆုိဗီယက္ယူနီယံရဲ႕ တစိတ္တပုိင္း ျဖစ္ခဲ့ဖူးတဲ့ ယူကရိန္းႏုိင္ငံ အေရွ႕ဖက္ျခမ္းမွာ တပ္အင္အား ၁ သိန္းေလာက္ ခ်ထားတဲ့ ႐ုရွားႏုိင္ငံက ယူကရိန္းကုိ က်ဳးေက်ာ္တုိက္ခုိက္ရာမွာ ဘဲလာ႐ုစ္မွာ ေရာက္ေနတဲ့ တပ္ေတြကုိပါ အသုံးျပဳမွာကုိလည္း အေနာက္ႏုိင္ငံေတြက စုိးရိမ္ေနၾကပါတယ္။

ၾကာသပေတးေန႔မွာပဲ စစ္ေရးေလ့က်င့္မႈေတြ လုပ္ခဲ့တဲ့ ယူကရိန္းႏုိင္ငံကေတာ့ ႐ုရွားရဲ႕ ေရတပ္စစ္ေရးေလ့က်င့္မႈေတြဟာ ေဒသတြင္း လုံၿခံဳေရးကုိ ထိခုိက္ေစတဲ့ အဖ်က္အေမွာင့္ လုပ္ရပ္အျဖစ္ ေျပာဆုိခဲ့တာပါ။ မစ္ဇုိင္းနဲ႔ လက္နက္ႀကီး ပစ္ခတ္ေလ့က်င့္မႈေတြအတြက္ ေရေၾကာင္း သြားလာမႈေတြကုိ ကန္႔သတ္တာဟာ ႏုိင္ငံတကာ ဥပေဒေတြကုိ ခ်ဳိးေဖာက္ရာ ေရာက္တယ္လုိ႔လည္း ယူကရိန္းက စြပ္စဲြခဲ့ပါတယ္။

႐ုရွားရဲ႕ လုပ္ရပ္ေတြဟာ ယူကရိန္းရဲ႕ ပင္လယ္ျပင္ဆုိင္ရာ အခ်ဳပ္အျခာ အာဏာပုိင္ဆုိင္မႈကုိ ၿခိမ္းေျခာက္ရာ ေရာက္ေၾကာင္းလည္း ယူကရိန္း ကာကြယ္ေရး၀န္ႀကီး Oleksii Reznikov က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိခဲ့ပါတယ္။

= = = = = = = = = =

တိုက္႐ိုက္ လင့္ခ္

{ UNICODE }

ရုရှား-ဘဲလားရုစ် ပူးတွဲ စစ်လေ့ကျင့်မှု ယူကရိန်း ဝေဖန်

ဘဲလာရုစ်နိုင်ငံမှာ ရုရှားက ၁၀ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ကြာသပတေးနေ့မှာ စတင်လိုက်တာဟာ ဒေသတွင်းမှာ တင်းမာမှုတွေ ပိုမိုကြီးထွားစေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ဝေဖန်လိုက်ကြပါတယ်။

ယူကရိန်းနိုင်ငံမြောက်ဖက် ကီလိုမီတာ ၂၁၀ လောက် အကွာ ဘဲလာရုစ်နိုင်ငံမှာ ရုရှားက စစ်ရေးလေ့ကျင့်တဲ့ အစီအစဉ်မှာတော့ ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေအပြင်၊ S-400 မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံး၊ Pantsir လေကြောင်းရန်ကာကွယ်ရေး စနစ်နဲ့၊ Su-35 တိုက်လေယာဉ်တွေလို အဆင့်မြင့် လက်နက်တွေ ပါဝင်ပါတယ်။

ရေတပ်လေ့ကျင့်မှုအဖြစ် ဘောလတစ်ပင်လယ်မှာ ကီလိုမီတာ ၁၃၀၀၀ ခရီးနှင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်လိုက်တဲ့ ခရိုင်းမီးယားဒေသ Sevastopol ဆိပ်ကမ်းကို စစ်သင်္ဘော ၆ စင်း ရောက်ရှိသွားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကလည်း အတည်ပြုခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ပြီးနောက် ရုရှားတပ်တွေ ပြန်လည်ထွက်ခွာမှာ ဖြစ်ကြောင်းလည်း ရုရှားနဲ့ ဘဲလာရုစ် တာဝန်ရှိသူတွေ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း တချိန်က ဆိုဗီယက်ယူနီယံရဲ့ တစိတ်တပိုင်း ဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံ အရှေ့ဖက်ခြမ်းမှာ တပ်အင်အား ၁ သိန်းလောက် ချထားတဲ့ ရုရှားနိုင်ငံက ယူကရိန်းကို ကျုးကျော်တိုက်ခိုက်ရာမှာ ဘဲလာရုစ်မှာ ရောက်နေတဲ့ တပ်တွေကိုပါ အသုံးပြုမှာကိုလည်း အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

ကြာသပတေးနေ့မှာပဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တဲ့ ယူကရိန်းနိုင်ငံကတော့ ရုရှားရဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေတဲ့ အဖျက်အမှောင့် လုပ်ရပ်အဖြစ် ပြောဆိုခဲ့တာပါ။ မစ်ဇိုင်းနဲ့ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတွေအတွက် ရေကြောင်း သွားလာမှုတွေကို ကန့်သတ်တာဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။

ရုရှားရဲ့ လုပ်ရပ်တွေဟာ ယူကရိန်းရဲ့ ပင်လယ်ပြင်ဆိုင်ရာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းခြောက်ရာ ရောက်ကြောင်းလည်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG