သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွား-ယူကရိန္းပဋိပကၡ သံနည္းလမ္းသုံးဖို႔ ကန္ႏိုင္ငံျခားေရးဝန္ႀကီးတိုက္တြန္း


Blinken Todman

[[Zawgyi/Unicode]]

႐ုရွား-ယူကရိန္း ပဋိပကၡကို သံတမန္ေရးအရ ေျဖရွင္းျခင္းဟာ အသင့္ေလ်ာ္ဆုံး နည္းလမ္းျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ေျပာၾကားလိုက္ပါတယ္။ ဝန္ႀကီး Blinken ဟာ မၾကာခင္ ရက္ပိုင္းေတြအတြင္း ျပင္သစ္၊ ဂ်ာမနီနဲ႔ ၿဗိတိန္တို႔က ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ဒီကိစၥ ေဆြးေႏြး တိုင္ပင္ဖို႔ရွိပါတယ္။

“အားလုံးသိၾကတဲ့အတိုင္းပဲ။ က်ေနာ္တို႔ဟာ ဒီကိေစၥျပလည္ေရးအတြက္ နည္းလမ္းႏွစ္သြယ္ နဲ႔ ႀကိဳးစား ေဆာင္႐ြက္ေနပါတယ္။ ပထမတခုနဲ႔ အလုပ္သင့္ဆုံး နည္းလမ္းျဖစ္တဲ့ သံတမန္ေရးနည္းလမ္းနဲ႔ တဘက္မွာ ႀကိဳးစား ေဆာင္႐ြက္ေနတဲ့တခ်ိန္တည္းမွာပဲ ႐ုရွားဘက္က ရန္လိုတဲ့ အျပဳအမူေတြ လုပ္မလာေအာင္ ႀကိဳတင္ ဟန႔္တားတဲ့နည္းလမ္းကိုလည္း က်ေနာ္တို႔ အသုံးခ်ေနပါတယ္” - လို႔ ၾသေစၾတးလ်ႏိုင္ငံမွာ က်င္းပမယ့္ Quad ၄ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕စည္းေဝးပြဲကိုအသြား သူနဲ႔အတူလိုက္ပါလာတဲ့ သတင္းေထာက္ေတြကို ဝန္ႀကီး Blinken က အဲဒီလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

႐ုရွား-ယူကရိန္းပဋိပကၡ ေျပလည္ေရးအတြက္ လနဲ႔ခ်ီလုပ္ေဆာင္ရလိမ့္မယ္လို႔ ျပင္သစ္သမၼတ Emmanuel Macron က မေန႔ အဂ္ါေန႔မွာ ေျပာၾကားလိုက္ပါတယ္။

“လတ္တေလာ ရင္ဆိုင္ေနရတဲ့ပဋိပကၡဟာ တခါမွမႀကဳံဘူးတဲ့အတိုင္းအတာနဲ႔ ရင္ဆိုင္ေနရတဲ့ တင္းမာမႈျဖစ္တယ္ဆိုတာကို ေလွ်ာ့တြက္လို႔ မရေၾကာင္း၊ ဒါေၾကာင့္ နာရီအနည္းငယ္ ေတြ႔ဆုံ ေဆြးေႏြးလိုက္႐ံုနဲ႔ ဒီျပႆနာ ေျပလည္မသြားႏိုင္ေၾကာင္း” Kyiv ၿမိဳ႕မွာ ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ ေတြ႔ဆုံအၿပီးမွာ သမၼတ Macron က ေျပာပါတယ္။

သမၼတ Macron ဟာ ႐ုရွားသမၼတ Vladimir Putin နဲ႔လည္း တနလၤာေန႔က ၅ နာရီၾကာ ေတြ႔ဆုံ ေဆြးေႏြးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Zawgyi/Unicode]]

ရုရှား-ယူကရိန်းပဋိပက္ခ သံနည်းလမ်းသုံးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

ရုရှား-ယူကရိန်း ပဋိပက္ခကို သံတမန်ရေးအရ ဖြေရှင်းခြင်းဟာ အသင့်လျော်ဆုံး နည်းလမ်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြောကြားလိုက်ပါတယ်။ ဝန်ကြီး Blinken ဟာ မကြာခင် ရက်ပိုင်းတွေအတွင်း ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီကိစ္စ ဆွေးနွေး တိုင်ပင်ဖို့ရှိပါတယ်။

“အားလုံးသိကြတဲ့အတိုင်းပဲ။ ကျနော်တို့ဟာ ဒီကိစ္စေပြလည်ရေးအတွက် နည်းလမ်းနှစ်သွယ် နဲ့ ကြိုးစား ဆောင်ရွက်နေပါတယ်။ ပထမတခုနဲ့ အလုပ်သင့်ဆုံး နည်းလမ်းဖြစ်တဲ့ သံတမန်ရေးနည်းလမ်းနဲ့ တဘက်မှာ ကြိုးစား ဆောင်ရွက်နေတဲ့တချိန်တည်းမှာပဲ ရုရှားဘက်က ရန်လိုတဲ့ အပြုအမူတွေ လုပ်မလာအောင် ကြိုတင် ဟန့်တားတဲ့နည်းလမ်းကိုလည်း ကျနော်တို့ အသုံးချနေပါတယ်” - လို့ သြစေတြးလျနိုင်ငံမှာ ကျင်းပမယ့် Quad ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့စည်းဝေးပွဲကိုအသွား သူနဲ့အတူလိုက်ပါလာတဲ့ သတင်းထောက်တွေကို ဝန်ကြီး Blinken က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရုရှား-ယူကရိန်းပဋိပက္ခ ပြေလည်ရေးအတွက် လနဲ့ချီလုပ်ဆောင်ရလိမ့်မယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က မနေ့ အဂ်ါနေ့မှာ ပြောကြားလိုက်ပါတယ်။

“လတ်တလော ရင်ဆိုင်နေရတဲ့ပဋိပက္ခဟာ တခါမှမကြုံဘူးတဲ့အတိုင်းအတာနဲ့ ရင်ဆိုင်နေရတဲ့ တင်းမာမှုဖြစ်တယ်ဆိုတာကို လျှော့တွက်လို့ မရကြောင်း၊ ဒါကြောင့် နာရီအနည်းငယ် တွေ့ဆုံ ဆွေးနွေးလိုက်ရုံနဲ့ ဒီပြဿနာ ပြေလည်မသွားနိုင်ကြောင်း” Kyiv မြို့မှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တွေ့ဆုံအပြီးမှာ သမ္မတ Macron က ပြောပါတယ်။

သမ္မတ Macron ဟာ ရုရှားသမ္မတ Vladimir Putin နဲ့လည်း တနင်္လာနေ့က ၅ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
==========

XS
SM
MD
LG