သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေထွက်နိုင်အောင် ရုရှားအပစ်ရပ်အစီအစဉ်တွေ ထပ်မံကြေညာ


A man carries a dog as people flee, amid Russia's invasion of Ukraine, in Romanivka, Ukraine, March 9, 2022.
A man carries a dog as people flee, amid Russia's invasion of Ukraine, in Romanivka, Ukraine, March 9, 2022.

[[Zawgyi/Unicode]]

ရုရှားတပ်တွေဝိုင်းထားတဲ့ ယူကရိန်းနိုင်ငံ ဒေသအများအပြားကနေ အရပ်သားတွေ ထွက်သွားနိုင်ဖို့အတွက် နောက်ထပ် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်တွေ ရုရှားက ဒီကနေ့ကြေညာပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း မြို့တမြို့ကနေ ထောင်နဲ့ချီတဲ့လူတွေ ထွက်သွားနိုင်ပြီးတဲ့နောက် အခုလို ကြေညာတာပါ။

ဒီအတောအတွင်းမှာပဲ နိုင်ငံတောင်ဘက်ခြမ်းက အရပ်သားတွေ ထွက်ခွာတဲ့လမ်းကြောင်း နောက်တခုကို ရုရှားတပ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက စွပ်စွဲပြောဆိုပါတယ်။

Sumy၊ Mariupol၊ Enerhodar၊ Volnovakha၊ Izyum နဲ့ ကိဗ်မြို့တော်အနီး တခြားမြို့နယ်အများအပြားကနေ အရပ်သားတွေ ထွက်ခွာနိုင်မယ့် လမ်းကြောင်းတွေကို ရုရှားက အတည်ပြုကြေညာခဲ့တယ်လို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောပါတယ်။ Sumy မြို့ကနေ လူ ၅,၀၀၀ ထွက်ခွာနိုင်ခဲ့တယ် လို့ ဒုဝန်ကြီးချုပ် Vereshchuk က အင်္ဂါနေ့မှာပြောပါတယ်။

ဒါပေမယ့်လည်း ရုရှားတပ်တွေသိမ်းထားတဲ့ Mariupol ဆိပ်ကမ်းမြို့မှာ လျှပ်စစ်မီး၊ အနွေးဓာတ်၊ အစားအစာနဲ့ ရေ စတာတွေ ပြတ်တောက်နေပြီး လူတွေထွက်ခွာနိုင်ရေး အင်္ဂါနေ့က ကြိုးပမ်းချက်တွေ မအောင်မြင်ခဲ့ပါဘူး။ ရုရှားတပ်တွေက လူသားစာနာမှု အကူအညီတင်လာတဲ့ ကုန်တင်ယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ ဒုဝန်ကြီးချုပ် Vereshchuk က ပြောပါတယ်။

“Mariupol မြို့အခြေအနေဟာ ကမ္ဘာပျက်ကိန်း ဆိုက်နေပါပြီ” လို့ ကြက်ခြေနီအသင်းပြောခွင့်ရ Ewan Watson ကပြောပါတယ်။

လူသားစာနာမှုနေရာတွေကို ရုရှားက ဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဌာနကို ဗွီအိုအေက မေးတာ မှာ ကာကွယ်ရေးဌာန အကြီးတန်းတာဝန်ရှိသူတဦးက မြောက်ဘက်က ဘဲလာရုစ် ဒါမှမဟုတ် ရုရှားဘက်ကိုဦးတည် တဲ့ဘက်မှာ လူသားစာနာမှုနေရာအဖြစ် ကြေညာတာ ရုရှားဘက်က ရိုးသားမှုမရှိတာဘဲလို့ သတင်းထောက်တွေကိုပြောပါတယ်။

အရပ်သားတွေထွက်နိုင်အောင် ရုရှားအပစ်ရပ်အစီအစဉ်တွေ ထပ်မံကြေညာ
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







=============

XS
SM
MD
LG