သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံဈေးတက်ပြီး စတော့ရှယ်ယာဈေးများထိုးကျ


မတ်လ ၄ ရက်နေ့က လောင်စာဆီဈေး
မတ်လ ၄ ရက်နေ့က လောင်စာဆီဈေး

[[Zawgyi/Unicode]]

ရေနံဈေးတွေတက်သွားခဲ့တာကြောင့် ဒီနေ့ အင်္ဂါနေ့မှာ အာရှတိုက်က အစုရှယ်ယာ အညွန်းကိန်းတွေ ကျသွားခဲ့ပါတယ်။ အမေရိကန်က Wall Street အစုရှယ်ယာဈေးတွေ တနှစ်အတွင်း အနိမ့်ဆုံးကိုထိုးကျသွားပြီးတဲ့နောက် အာရှတိုက်ကအစုရှယ်ယာတွေ ကျသွားခဲ့တာပါ။

အမေရိကန်က S&P အစုရှယ်ယာဈေးတွေ ၃% ကျသွားခဲ့ပြီးတဲ့နောက် တိုကျို၊ Sydney ၊ ဟောင်ကောင်၊ ဆိုးလ်နဲ့ ရှန်ဟိုင်းက အစုရှယ်ယာအညွန်းကိန်းတွေ ဒီကေန့ ကျသွားခဲ့တာပါ။ ရုရှားက ရေနံစိမ်းတင်သွင်းမှုကို အေမရိကန်က ပိတ်ပင်တားမြစ်မယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီးတဲ့နောက် တနင်္လာနေ့က ရေနံစိမ်းတပေပါကို ဒေါ်လာ ၁၃၀ ကျော်အထိ တက်သွားခဲ့ပါတယ်။ တနင်္လာနေ့နှောင်းပိုင်းမှာ ရေနံစိမ်းဈေးတွေ အနည်းငယ် တည်ငြိမ်သွားပေမယ့် ဒီနေ့ အနည်းငယ် ပြန်တက်ခဲ့ပါတယ်။

ရုရှားကရေနံတင်ပို့မှုတွေကို အမေရိကန်က ပိတ်ပင်တားမြစ်လိုက်မယ်ဆိုရင် ဒါဟာ အမေရိကန်အစိုးရအတွက် ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်မှာပါ။ ဒါပေမယ့် ကမ္ဘာ့ရေနံ ဈေးကွက်ကိုထိခိုက်မှုနဲ့ ဓါတ်ဆီဆိုင်တွေမှာ ဆီဈေးတွေတက်မယ့်အေရးကို အတတ်နိုင်ဆုံး နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းအကြားဖြစ်နေတဲ့ လက်ရှိပဋိပက္ခေကြာင့် နဂိုကတည်းက ရှားပါးနေတဲ့ လောင်စာဆီဈေးကွက်ကို ထိခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ရုရှားဟာ ကမ္ဘာမှာ လောင်စာဆီ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။

ယူကရိန်းနဲ့ ရုရှားအကြားဖြစ်နေတဲ့စစ်ပွဲဟာ ကာလအတန်ကြာနိုင်ပြီး အဲဒီရဲ့ အကျိုးဆက်တွေဟာ အခုချိန်မှာ အပြည့်အဝ သက်ရောက်မှုမရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]

ရနေံဈေးတကျပွီး စတော့ရှယျယာဈေးမြားထိုးကြ





=================

XS
SM
MD
LG