သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်စစ်ရပ်ပေးဖို့  ICJ ကို ယူကရိန်းလျှောက်ထား


ရုရှား ယူကရိန်းစစ်ပွဲမြင်ကွင်း။ 
ရုရှား ယူကရိန်းစစ်ပွဲမြင်ကွင်း။ 

[[Zawgyi/Unicode]]

ရုရှားကျူးကျော်စစ်ကို ရပ်ရမယ့်အမိန့်ထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို ယူကရိန်းကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ရုရှားကိုတားမြစ်ဖို့ တရားရုံးမှာ အခန်းကဏ္ဍရှိတယ်လို့ ယူကရိန်းကိုယ်စားလှယ် Anton Korynevych က တရားသူကြီးတွေကို လျှောက်ထားလိုက်ပါတယ်။

ယူကရိန်းရဲ့တောင်းဆိုချက်ကို ကြားနာဖို့ ICJ တရားရုံးမှာ ရုရှားရဲ့ ရှေ့နေ နေရာတွေကတော့ လစ်လပ်နေပါတယ်။ သူ့အစိုးရက တရားရုံးကို လာရောက်လျှောက် ထားဖို့ မရည်ရွယ်ပါဘူးလို့ နယ်သာလန်ဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောပါတယ်။ ယူကရိန်းရဲ့တောင်းဆိုချက်ကို ၂ ရက်ကြာ ကြားနာမှာဖြစ်ပြီး ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက် ကျလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ တနင်္လာနေ့မှာ ယူကရိန်း က လျှောက်ပြီး အင်္ဂါနေ့မှာ ရုရှားက ချေပ လျှောက်ထားရမှာပါ။ ဒါပေမယ့် တရား ရုံးက ယူကရိန်းတောင်းဆိုချက်အတိုင်း ဆုံးဖြတ်ရင်တောင် ရုရှားက လိုက်နာရမယ်လို့ အဓိပ္ပါယ် မထွက်ပါဘူး။

ယူကရိန်းက ခုလို ICJ ကို အမှုတင်ပေမယ့် ရုရှားရဲ့စစ်ဆင်ရေးအစီအစဉ်အတိုင်း ဖြစ်နေပြီး ယူကရိန်းက တိုက်ခိုက်တာကိုရပ်မှ ပြီးဆုံးမယ်လို့ ရုရှားသမ္မတ ပူတင် က တနင်္ဂနွေနေ့ က ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းနဲ့ ဆွေးနွေးဖို့ အဆင်သင့် ရှိကြောင်း သမ္မတပူတင်က တူရကီသမ္မတ Recep Tayyip Erdogan ကို တယ်လီဖုံးပြောရာမှာ ပြောကြားပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ တတိယ အကြိမ်အဖြစ် ဒီနေ့ တနင်္လာနေ့ မှာ တွေ့ဆုံကြဖို့ အစီအစဉ် ရှိပါတယ်။

အမေရိကန်နိုင်ငံမှာတော့ သမ္မတဘိုင်ဒန်အစိုးရကတင်ပြလာတဲ့ ယူကရိန်းအကူအညီပေးရေး ဒေါ်လာ ၁၀ ဘီလီယံ ဘတ်ဂျက်ကို လွှတ်တော်က ဒီ အပတ်အတွင်း စဉ်းစား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ယူကရိန်းဝေဟင်ကို လေယာဉ် မပျံသန်းရေး ဇုံ သတ်မှတ်ဖို့ တောင်းဆိုချက်ကိုတော့ အမေရိကန်အမတ်အချို့က စဉ်းစားဖို့ ဝန်လေးနေကြပါတယ်။ အဲဒီလို သတ်မှတ်တဲ့ အဓိပ္ပါယ်က တတိယကမ္ဘာစစ်ပါပဲလို့ ဖလော်ရီဒါ ရီပတ်ဘလီကင် အထက်လွှတ်တော် အမတ် Marco Rubio က အေဘီစီ သတင်းဌာန က တနင်္ဂနွေနေ့ က ပြောပါတယ်။

ရုရှားကျူးကျော်စစ်ရပ်ပေးဖို့ ICJ ကို ယူကရိန်းလျှောက်ထား
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]






===========

XS
SM
MD
LG