သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



United Nations Nuclear Treaty Conference


{{Zawgyi/Unicode}} `



တိုက်ရိုက် လင့်ခ်

......................

နျူကလီးယားလက်နက် တိုးများလာနိုင်ခြေ ကုလအကြီးအကဲ သတိပေး

{{Zawgyi/Unicode}} `
များပြားလာတဲ့ နျူကလီးယား လက်နက် အန္တရာယ်တွေ ပိုပြီးကြီးမားလာရတာဟာ တားဆီးစောင့်ကြပ်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ကြဖို့ အားနည်းနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ နျူကလီးယား လက်နက် မပျံ့ပွားရေး ညီလာခံ အစမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တနင်္လာနေ့က သတိပေးလိုက်ပါတယ်။

ဒီကနေ့ လူသားမျိုးနွယ်စုတခုလုံးဟာ နျူကလီးယား လက်နက်တွေကြောင့် အလုံးစုံပျက်သုဉ်းရေး အပေါ်မှာ လွဲမှားတွက်ချက်နေကြ ၊ နားလည်မှု လွဲမှားနေကြတယ်လို့ Antonio Guterres က ပြောကြားလိုက်ပါတယ်။ ဒါအပြင် ယူကရိန်း ကို ရုရှား ကျူးကျော်တာအပြင် အရှေ့အလယ်ပိုင်းဒေသကနေ ကိုရီးယားကျွန်းဆွယ်အထိ နျူကလီးယားလက်နက်တွေနဲ့ ခြိမ်းခြောက်တဲ့ အရိပ်အယောင်တွေ နဲ့ ပြဿနာပေါင်းစုံ ဖြစ်နေကြတယ်လို့ သူက သတိပေးလိုက်ပါတယ်။ အခုဆိုရင် ကမ္ဘာတဝှမ်းမှာ နျူကလီးယား လက်နက်ပေါင်း တသောင်း ၃ ထောင်နီးပါး သိုလှောင်ထားကြတယ်လို့လည်း သူက ပြောပါတယ်။

ဆက်လက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က နျူးကလီးယား နည်းပညာကို တိုးတက်အောင်လုပ်ပြီး သန့်ရှင်းတဲ့စွမ်းအင်အဖြစ် ၊ ဆေးဘက်ဆိုင်ရာ အသုံးပြုမှုအဖြစ် စတဲ့ ငြိမ်းချမ်းရေးအတွက် အသုံးပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG