သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပေကာ္မရွင္အႀကီးအကဲနဲ႔ ယူကရိန္းသမၼတေတြ႕


ဥေရာပေကာ္မရွင္အႀကီးအကဲ Ursula von der Leyen နဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy တို႔ ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕မွာ စက္တင္ဘာ ၁၅၊ ၂၀၂၂ မွာ ေတြ႔ဆံုၾကတဲ့ ျမင္ကြင္း။

႐ုရွားသမၼတ Vladimir Putin က တ႐ုတ္သမၼတ Xi Jinping နဲ႔ Uzbekistan မွာ ေတြ႔ဆုံၿပီး ယူကရိန္းအေရး ေဆြးေႏြးေနခ်ိန္မွာပဲ ယူကရိန္းသမၼတ Volodymyr Zelenskyy က ဒီကေန႔ ၾကာသပေတးေန႔ ယူကရိန္းကို ေရာက္လာတဲ့ ဥေရာပေကာ္မရွင္အႀကီးအကဲ Ursula von der Leyen နဲ႔ ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ဒီေဆြးေႏြးပြဲမွာ လက္ရွိစစ္ပြဲေအာင္ျမင္မႈရလာေနတဲ့ ယူကရိန္းအတြက္ အီးယူ ဥေရာပသမဂၢဆီက စီးပြါးေရးနဲ႔ အဖြဲ႕ဝင္ေတြရဲ႕ အနီးကပ္ပူးေပါင္းမႈအပါအဝင္ အကူအညီဆိုင္ရာကို ေဆြးေႏြးမွာ ျဖစ္ေၾကာင္း ဥေရာပေကာ္မရွင္ အႀကီးအကဲက ေျပာၾကားထားတာပါ။

ယူကရိန္းဟာ ေဖေဖၚဝါရီလကုန္ပိုင္း ႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္မႈခံရၿပီး ရက္အနည္းငယ္ အတြင္းမွာပဲ ဥေရာပသမဂၢ အဖြဲ႕ဝင္အျဖစ္ ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။ ဇြန္လထဲမွာေတာ့ အီးယူက ယူကရိန္းကို အဖြဲ႕ဝင္အျဖစ္ လက္ခံမယ့္ အဖြဲ႕ဝင္ေလာင္း စာရင္းထဲမွာ ထည့္သြင္းခဲ့တာပါ။

ယူကရိန္းကို ႐ုရွား စတင္က်ဴးေက်ာ္ခဲ့ခ်ိန္ကစၿပီး သူ Kyiv ကို လာေရာက္တာ အခုဆို တတိယအႀကိမ္ျဖစ္ေၾကာင္းနဲ႔ အခုဆိုယူကရိန္းဟာ အီးယူ အဖြဲ႕ဝင္ေလာင္း ျဖစ္ေနၿပီ လို႔ von der Leyen က တြစ္တာကေန ေျပာပါတယ္။

ဥေရာပေကာ္မရွင္အႀကီးအကဲ Ursula von der Leyen နဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy တို႔ ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕မွာ စက္တင္ဘာ ၁၅၊ ၂၀၂၂ မွာ ေတြ႔ဆံုၾကတဲ့ ျမင္ကြင္း။
ဥေရာပေကာ္မရွင္အႀကီးအကဲ Ursula von der Leyen နဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy တို႔ ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕မွာ စက္တင္ဘာ ၁၅၊ ၂၀၂၂ မွာ ေတြ႔ဆံုၾကတဲ့ ျမင္ကြင္း။

မေန႔ညဘက္ ျပည္သူကို ေျပာၾကားတဲ့ မိန႔္ခြန္းမွာေတာ့ ယူကရိန္းသမၼတ Zelenskyy က ယူကရိန္းရဲ႕ Kryvyi Rih ၿမိဳ႕ကို ႐ုရွားက ပဲ့ထိန္းတပ္မစ္စိုင္းဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေျပာပါတယ္။ ဒီတိုက္ခိုက္မႈကေန ေရေလွာင္ကန္ကို ထိမွန္ခဲ့ေၾကာင္းနဲ႔ ဒါဟာ သိန္းနဲ႔ ခ်ီတဲ့ေဒသခံေတြအားထားေနရတဲ့ ေရေလွာင္ကန္ကို စစ္ေရးအရ အက်ိဳးမရွိဘဲ တိုက္ခိုက္တာမ်ိဳးျဖစ္ေၾကာင္း ေဝဘန္ပါတယ္။

ဒါ့အျပင္ ယူကရိန္းအေရွ႕ေျမာက္ဘက္ Kharkiv ေဒသမွာ ႐ုရွားအေပၚ တန္ျပန္ထိုးစစ္ဆင္မႈေတြကေန ဒီေဒသတခုလုံး နီးပါးကို ျပန္သိမ္းယူႏိုင္ခဲ့တယ္လို႔လည္း သမၼတ Zelenskyy က ေျပာပါတယ္။ မေန႔ကေတာ့ ယူကရိန္းေတြ ျပန္သိမ္းထားတဲ့ အဲဒီေဒသက Izium ၿမိဳ႕ကေလးကို သမၼတ ကိုယ္တိုင္သြားေရာက္ၿပီး ယူကရိန္းတပ္သားေတြကို ေက်းဇူးတင္စကား ေျပာခဲ့တာပါ။ ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ႐ုရွားတပ္ေတြဟာ အဲဒီေဒသက Oskil ျမစ္ အေနာက္ဘက္ျခမ္းကေန အႀကီးအက်ယ္ ဆုတ္ခြါေနတာ ေတြ႕ရတယ္လို႔ ေျပာပါတယ္။

ဥေရာပေကာ္မရွင္အႀကီးအကဲနဲ႔ ယူကရိန္းသမၼတေတြ႕
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဥရောပကော်မရှင်အကြီးအကဲနဲ့ ယူကရိန်းသမ္မတတွေ့

ရုရှားသမ္မတ Vladimir Putin က တရုတ်သမ္မတ Xi Jinping နဲ့ Uzbekistan မှာ တွေ့ဆုံပြီး ယူကရိန်းအရေး ဆွေးနွေးနေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဒီကနေ့ ကြာသပတေးနေ့ ယူကရိန်းကို ရောက်လာတဲ့ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ လက်ရှိစစ်ပွဲအောင်မြင်မှုရလာနေတဲ့ ယူကရိန်းအတွက် အီးယူ ဥရောပသမဂ္ဂဆီက စီးပွါးရေးနဲ့ အဖွဲ့ဝင်တွေရဲ့ အနီးကပ်ပူးပေါင်းမှုအပါအဝင် အကူအညီဆိုင်ရာကို ဆွေးနွေးမှာ ဖြစ်ကြောင်း ဥရောပကော်မရှင် အကြီးအကဲက ပြောကြားထားတာပါ။

ယူကရိန်းဟာ ဖေဖေါ်ဝါရီလကုန်ပိုင်း ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုခံရပြီး ရက်အနည်းငယ် အတွင်းမှာပဲ ဥရောပသမဂ္ဂ အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဇွန်လထဲမှာတော့ အီးယူက ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်ခံမယ့် အဖွဲ့ဝင်လောင်း စာရင်းထဲမှာ ထည့်သွင်းခဲ့တာပါ။

ယူကရိန်းကို ရုရှား စတင်ကျူးကျော်ခဲ့ချိန်ကစပြီး သူ Kyiv ကို လာရောက်တာ အခုဆို တတိယအကြိမ်ဖြစ်ကြောင်းနဲ့ အခုဆိုယူကရိန်းဟာ အီးယူ အဖွဲ့ဝင်လောင်း ဖြစ်နေပြီ လို့ von der Leyen က တွစ်တာကနေ ပြောပါတယ်။

မနေ့ညဘက် ပြည်သူကို ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ယူကရိန်းသမ္မတ Zelenskyy က ယူကရိန်းရဲ့ Kryvyi Rih မြို့ကို ရုရှားက ပဲ့ထိန်းတပ်မစ်စိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကနေ ရေလှောင်ကန်ကို ထိမှန်ခဲ့ကြောင်းနဲ့ ဒါဟာ သိန်းနဲ့ ချီတဲ့ဒေသခံတွေအားထားနေရတဲ့ ရေလှောင်ကန်ကို စစ်ရေးအရ အကျိုးမရှိဘဲ တိုက်ခိုက်တာမျိုးဖြစ်ကြောင်း ဝေဘန်ပါတယ်။

ဒါ့အပြင် ယူကရိန်းအရှေ့မြောက်ဘက် Kharkiv ဒေသမှာ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုတွေကနေ ဒီဒေသတခုလုံး နီးပါးကို ပြန်သိမ်းယူနိုင်ခဲ့တယ်လို့လည်း သမ္မတ Zelenskyy က ပြောပါတယ်။ မနေ့ကတော့ ယူကရိန်းတွေ ပြန်သိမ်းထားတဲ့ အဲဒီဒေသက Izium မြို့ကလေးကို သမ္မတ ကိုယ်တိုင်သွားရောက်ပြီး ယူကရိန်းတပ်သားတွေကို ကျေးဇူးတင်စကား ပြောခဲ့တာပါ။ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားတပ်တွေဟာ အဲဒီဒေသက Oskil မြစ် အနောက်ဘက်ခြမ်းကနေ အကြီးအကျယ် ဆုတ်ခွါနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

XS
SM
MD
LG