သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းထိုးစစ္ေၾကာင့္ ႐ုရွားတပ္ေတြ ျပန္ဆုတ္ေနရ


FILE - Ukrainian servicemen ride atop of an armored vehicle on a road in Donetsk region, eastern Ukraine.

ယူကရိန္းတပ္ဖြဲ႔ေတြဟာ Kharkiv ေဒသမွာ နယ္ေျမေတြကို သိသိသာသာ ဆက္ၿပီးေတာ့ သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဌာနက ေျပာလိုက္ပါတယ္။

႐ုရွားဘက္က သူတို႔ရဲ႕တပ္ဖြဲ႔ေတြကို အဲဒီေဒသကေန ျပန္ဆုတ္ခြာေနပုံရေပမယ့္၊ မဟာဗ်ဴဟာအရ အေရးပါတဲ့ Kupiansk နဲ႔ Izium ၿမိဳ႕ေတြတဝိုက္မွာေတာ့ တိုက္ပြဲေတြ ဆက္ျဖစ္ေနတယ္လို႔ ေထာက္လွမ္းေရးသတင္းကို ကိုးကားၿပီး ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက တြစ္တာမွာ ဒီေန႔ ေရးပါတယ္။

ယူကရိန္းတပ္ဖြဲ႔ေတြက သူတို႔ဟာ Izium ၿမိဳ႕ကိုထိန္းခ်ဳပ္လိုက္ၿပီး ႐ုရွားတပ္ေတြကိုလည္း Oskii ျမစ္တဘက္ကမ္းကို ဆုတ္ခြာသြားေအာင္ လုပ္ႏိုင္ခဲ့တယ္လို႔ မေန႔က ေျပာပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ သူတို႔ရဲ႕ အစီအစဥ္အတိုင္း တပ္ဖြဲ႔ေတြကို Izium ၿမိဳ႕ကေန ႐ုတ္သိမ္းလိုက္တယ္လို႔ ေျပာပါတယ္။

တကယ္လို႔သာ ဒီသတင္းမွန္တယ္ဆိုရင္ေတာ့၊ ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းကို ႐ုရွားတပ္ဖြဲ႔ေတြပို႔ဖို႔ အသုံးျပဳေနတဲ့ အဓိကဘူတာ႐ုံကို ယူကရိန္းတပ္ဖြဲ႔ေတြက ထိန္းခ်ဳပ္ႏိုင္လိုက္မွာျဖစ္တယ္လို႔ အေနာက္မဟာမိတ္စစ္ေရးအကဲခတ္ေတြက ေျပာပါတယ္။

ေနာက္ထပ္သတင္းတခုမွာေတာ့၊ ႐ုရွားနဲ႔ ယူကရိန္းတပ္ဖြဲ႕ေတြ Donetsk ေဒသမွာ တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားခဲ့တယ္လို႔ ႐ုရွားေထာက္ခံတဲ့ ခြဲထြက္ေရးေခါင္းေဆာင္ကို ကိုးကားၿပီးေတာ့ ေဖာ္ျပပါတယ္။ တခ်ိန္တည္းမွာပဲ ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္းက Kharkiv ေဒသမွာ သူတို႔ရဲ႕တပ္ဖြဲ႔တြကို ျပန္စုေနတယ္လို႔ ႐ုရွားဘက္ ေၾကျငာလိုက္ပါတယ္။

=== Unicode ====

ယူကရိန်းတပ်ဖွဲ့တွေဟာ Kharkiv ဒေသမှာ နယ်မြေတွေကို သိသိသာသာ ဆက်ပြီးတော့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက ပြောလိုက်ပါတယ်။

ရုရှားဘက်က သူတို့ရဲ့တပ်ဖွဲ့တွေကို အဲဒီဒေသကနေ ပြန်ဆုတ်ခွာနေပုံရပေမယ့်၊ မဟာဗျူဟာအရ အရေးပါတဲ့ Kupiansk နဲ့ Izium မြို့တွေတဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ထောက်လှမ်းရေးသတင်းကို ကိုးကားပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာမှာ ဒီနေ့ ရေးပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက သူတို့ဟာ Izium မြို့ကိုထိန်းချုပ်လိုက်ပြီး ရုရှားတပ်တွေကိုလည်း Oskii မြစ်တဘက်ကမ်းကို ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ်လို့ မနေ့က ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ အစီအစဉ်အတိုင်း တပ်ဖွဲ့တွေကို Izium မြို့ကနေ ရုတ်သိမ်းလိုက်တယ်လို့ ပြောပါတယ်။

တကယ်လို့သာ ဒီသတင်းမှန်တယ်ဆိုရင်တော့၊ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ရုရှားတပ်ဖွဲ့တွေပို့ဖို့ အသုံးပြုနေတဲ့ အဓိကဘူတာရုံကို ယူကရိန်းတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်လိုက်မှာဖြစ်တယ်လို့ အနောက်မဟာမိတ်စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

နောက်ထပ်သတင်းတခုမှာတော့၊ ရုရှားနဲ့ ယူကရိန်းတပ်ဖွဲ့တွေ Donetsk ဒေသမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးခေါင်းဆောင်ကို ကိုးကားပြီးတော့ ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Kharkiv ဒေသမှာ သူတို့ရဲ့တပ်ဖွဲ့တွကို ပြန်စုနေတယ်လို့ ရုရှားဘက် ကြေငြာလိုက်ပါတယ်။

XS
SM
MD
LG