သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းနဲ႔တသားတည္းရွိမႈ ဥေရာပႏိုင္ငံေတြ ေျပာင္းလဲမည္ မဟုတ္ (ဥေရာပေကာ္မရွင္အႀကီးအကဲ)


ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen။

ဥေရာပႏိုင္ငံေတြရဲ႕ ယူကရိန္းနဲ႔ တသားတည္းရပ္တည္မႈဟာ အေျပာင္းအလဲရွိမွာ မဟုတ္ဘူးလို႔ ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen က ဒီကေန႔ ဗုဒၶဟူးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ယူကရိန္းဘက္က ရပ္တည္ခဲ့တဲ့ ဥေရာပရဲ႕ သေဘာထားဟာ မေျပာင္းမလဲ ဆက္ရွိေနသလို စစ္ပြဲစတင္တဲ့ ေန႔ကစၿပီး လက္နက္နဲ႔ ေငြေၾကးအျပင္ ဒုကၡသည္ေတြကို ေႏြးေႏြးေထြးေထြး လက္ခံ႐ုံမက ကမာၻမွာ အျပင္းထန္ဆုံးဒဏ္ခတ္မႈေတြ ခ်ခဲ့ၿပီး ရပ္တည္ခဲ့တာ ျဖစ္ေၾကာင္း ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen က ဥေရာပသမဂၢ အေျချပမိန႔္ခြန္းမွာ ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ဥေရာပႏိုင္ငံေတြရဲ႕ ပံ့ပိုးမႈနဲ႔ ပတ္သက္ၿပီး ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔ ေဆြးေႏြးဖို႔ Kyiv ကို ဒီကေန႔ညေနပိုင္း ေလာက္မွာ သြားေရာက္ဖို႔ ရွိတယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ ႐ုရွားအေပၚ အေရးယူဒဏ္ခတ္မႈေတြ ဆက္ထားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ယူကရိန္း အေရွ႕ေျမာက္ပိုင္းက ႐ုရွားသိမ္းထားတဲ့ နယ္ေျမအမ်ားအျပားကို ယူကရိန္းတပ္ေတြ ဆက္ၿပီး ျပန္သိမ္းယူေနသလို အခုဆို ျပန္သိမ္းယူထားတဲ့ ေဒသေတြမွာ ပုံမွန္အေနထား ျပန္ေရာက္လာေနၿပီလို႔ ယူကရိန္းသမၼတ Zelenskyy က မေန႔ညက ျပည္သူကို ေျပာတဲ့မိန႔္ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ အီရန္လုပ္ ဒ႐ုန္းတစင္းကို ယူကရိန္းက ပစ္ခ်ခဲ့တယ္လို႔ သတင္းထုတ္ျပန္ပါတယ္။ ႐ုရွားဟာ အီရန္လုပ္ ေမာင္းသူမဲ့ဒ႐ုန္းယာဥ္ကို ပထမဆုံး အႀကိမ္အျဖစ္ သုံးခဲ့ပုံရတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ဒီကေန႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ယူကရိန်းနဲ့တသားတည်းရှိမှု ဥရောပနိုင်ငံတွေ ပြောင်းလဲမည် မဟုတ် (ဥရောပကော်မရှင်အကြီးအကဲ)

ဥရောပနိုင်ငံတွေရဲ့ ယူကရိန်းနဲ့ တသားတည်းရပ်တည်မှုဟာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းဘက်က ရပ်တည်ခဲ့တဲ့ ဥရောပရဲ့ သဘောထားဟာ မပြောင်းမလဲ ဆက်ရှိနေသလို စစ်ပွဲစတင်တဲ့ နေ့ကစပြီး လက်နက်နဲ့ ငွေကြေးအပြင် ဒုက္ခသည်တွေကို နွေးနွေးထွေးထွေး လက်ခံရုံမက ကမ္ဘာမှာ အပြင်းထန်ဆုံးဒဏ်ခတ်မှုတွေ ချခဲ့ပြီး ရပ်တည်ခဲ့တာ ဖြစ်ကြောင်း ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen က ဥရောပသမဂ္ဂ အခြေပြမိန့်ခွန်းမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဆွေးနွေးဖို့ Kyiv ကို ဒီကနေ့ညနေပိုင်း လောက်မှာ သွားရောက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ဆက်ထားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ယူကရိန်း အရှေ့မြောက်ပိုင်းက ရုရှားသိမ်းထားတဲ့ နယ်မြေအများအပြားကို ယူကရိန်းတပ်တွေ ဆက်ပြီး ပြန်သိမ်းယူနေသလို အခုဆို ပြန်သိမ်းယူထားတဲ့ ဒေသတွေမှာ ပုံမှန်အနေထား ပြန်ရောက်လာနေပြီလို့ ယူကရိန်းသမ္မတ Zelenskyy က မနေ့ညက ပြည်သူကို ပြောတဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ အီရန်လုပ် ဒရုန်းတစင်းကို ယူကရိန်းက ပစ်ချခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ရုရှားဟာ အီရန်လုပ် မောင်းသူမဲ့ဒရုန်းယာဉ်ကို ပထမဆုံး အကြိမ်အဖြစ် သုံးခဲ့ပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကနေ့ ပြောပါတယ်။

XS
SM
MD
LG