သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းတန္ျပန္ထိုးစစ္ေၾကာင္႔ Kharkiv အေရွ႕ပိုင္း တိုက္ပဲြျပင္းထန္


UKRAINE-CRISIS/

ယူကရိန္းတပ္ဖြဲ႔ေတြက ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာ အဓိက မဟာဗ်ဴဟာေျမာက္ ထိုးစစ္ႀကီးကို ဆင္ႏႊဲခဲ့ရာ အေရးပါတဲ့ Izyum ၿမိဳ႕ကို ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ၿပီး ရုရွားတပ္သား ေထာင္ေပါင္းမ်ားစြာဟာလည္း Oskil ျမစ္တဖက္ကမ္းကို ဆုတ္ခြာသြားၾကတယ္လို႔ ယူကရိန္းဖက္က စေနေန႔က ေၾကညာပါတယ္။

ယူကရိန္းတန္ျပန္ထိုးစစ္ေၾကာင္႔ Kharkiv အေရွ႕ပိုင္း တိုက္ပဲြျပင္းထန္

{{Zawgyi/Unicode}}
ယူကရိန္းတပ္ဖြဲ႔ေတြက ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာ အဓိက မဟာဗ်ဴဟာေျမာက္ ထိုးစစ္ႀကီးကို ဆင္ႏႊဲခဲ့ရာ အေရးပါတဲ့ Izyum ၿမိဳ႕ကို ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ၿပီး ရုရွားတပ္သား ေထာင္ေပါင္းမ်ားစြာဟာလည္း Oskil ျမစ္တဖက္ကမ္းကို ဆုတ္ခြာသြားၾကတယ္လို႔ ယူကရိန္းဖက္က စေနေန႔က ေၾကညာပါတယ္။

ရုရွားကာကြယ္ေရးဝန္ႀကီးဌာနကလည္း သူတို႔တပ္ဖြဲ႔ေတြဟာ အဲဒီ ၿမိဳ႕ကေန ဆုတ္ခြာသြားတာ အတည္ျပဳေပမယ့္ ဒါဟာ အစီအစဥ္အရ ေဆာင္ရြက္ခဲ့တာလို႔ ေျပာပါတယ္။ ဒါေပမယ့္လည္း အဲဒီ စစ္ေျမျပင္သတင္းေတြကိုေတာ့ သီးျခား အတည္ျပဳခ်က္ မရွိေသးပါဘူး။

တကယ္လို႔သာ အဲဒီလို ယူကရိန္း ထုိးစစ္ေအာင္ျမင္မႈေတြကို အတည္ျပဳႏိုင္ခဲ့ရင္ ယူကရိန္း အေရွ႕ပိုင္းက ေထာင္ေပါင္းမ်ားစြာရွိၾကတဲ့ ရုရွားတပ္ဖြဲ႔ေတြဆီကို ေထာက္ပို႔လမ္းေၾကာင္းအျဖစ္ အသုံးျပဳတဲ့ ရထားလမ္းေတြကို ယူကရိန္းက ျပန္လည္ ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္လို႔ အေနာက္တိုင္းက စစ္ေရး သုံးသပ္သူေတြက ေျပာပါတယ္။

ရုရွားလိုလားတဲ့ ခြဲထြက္ေရးေခါင္းေဆာင္တဦးကလည္း Donetsk ေဒသမွာ ရုရွား နဲ႔ ယူကရိန္းတပ္ဖြဲ႔ေတြ အၾကား တိုက္ပြဲေတြ ျပင္းထန္ေနတယ္လို႔ ေျပာပါတယ္။

စစ္ေရး ေလ့လာသူေတြကေတာ့ ယူကရိန္းတပ္ဖြဲ႔ေတြ ထိန္းခ်ဳပ္ထားတဲ့ Donetsk ေဒသကို တိုက္ခိုက္မႈေတြလုပ္ဖို႔အတြက္ ရုရွားက စစ္ကူေတြ ေပးပို႔ေနတယ္လို႔ ယုံၾကည္ေနရတယ္လို႔ ေျပာပါတယ္။ ဒီေတာအတြင္းမွာ ယူကရိန္းႏိုင္ငံ Kharkiv ေဒသ အေရွ႕ပိုင္းမွာ မိမိတို႔ တပ္ဖြဲ႔ေတြ ျပန္လည္ စု႔ဖြဲ႔ေနတယ္လို႔ ရုရွားက ေၾကညာလိုက္ပါတယ္။

ယူကရိန္း သမၼတ Volodymyr Zelenskyy ကေတာ႔ သူတို႔ ယူကရိန္းတပ္ဖြဲ႔ေတြက ရုရွားတပ္ဖြဲ႔ေတြကို တန္ျပန္ထုိးစစ္ စတင္ခဲ့တဲ့ ဒီလအေစာပိုင္းကတည္းက စၿပီး ယူကရိန္းနယ္ေျမ စတုရန္းမိုင္ေပါင္း ၁ ေထာင္ ၃ ရာနီးပါး လြတ္ေျမာက္ခဲ့ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................................................

ယူကရိန်းတန်ပြန်ထိုးစစ်ကြောင့် Kharkiv အရှေ့ပိုင်း တိုက်ပွဲပြင်းထန်

{{Zawgyi/Unicode}}
ယူကရိန်းတပ်ဖွဲ့တွေက နိုင်ငံအရှေ့မြောက်ပိုင်းမှာ အဓိက မဟာဗျူဟာမြောက် ထိုးစစ်ကြီးကို ဆင်နွှဲခဲ့ရာ အရေးပါတဲ့ Izyum မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှားတပ်သား ထောင်ပေါင်းများစွာဟာလည်း Oskil မြစ်တဖက်ကမ်းကို ဆုတ်ခွာသွားကြတယ်လို့ ယူကရိန်းဖက်က စနေနေ့က ကြေညာပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း သူတို့တပ်ဖွဲ့တွေဟာ အဲဒီ မြို့ကနေ ဆုတ်ခွာသွားတာ အတည်ပြုပေမယ့် ဒါဟာ အစီအစဉ်အရ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အဲဒီ စစ်မြေပြင်သတင်းတွေကိုတော့ သီးခြား အတည်ပြုချက် မရှိသေးပါဘူး။

တကယ်လို့သာ အဲဒီလို ယူကရိန်း ထိုးစစ်အောင်မြင်မှုတွေကို အတည်ပြုနိုင်ခဲ့ရင် ယူကရိန်း အရှေ့ပိုင်းက ထောင်ပေါင်းများစွာရှိကြတဲ့ ရုရှားတပ်ဖွဲ့တွေဆီကို ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုတဲ့ ရထားလမ်းတွေကို ယူကရိန်းက ပြန်လည် ထိန်းချုပ်နိုင်လိမ့်မယ်လို့ အနောက်တိုင်းက စစ်ရေး သုံးသပ်သူတွေက ပြောပါတယ်။

ရုရှားလိုလားတဲ့ ခွဲထွက်ရေးခေါင်းဆောင်တဦးကလည်း Donetsk ဒေသမှာ ရုရှား နဲ့ ယူကရိန်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပြောပါတယ်။

စစ်ရေး လေ့လာသူတွေကတော့ ယူကရိန်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Donetsk ဒေသကို တိုက်ခိုက်မှုတွေလုပ်ဖို့အတွက် ရုရှားက စစ်ကူတွေ ပေးပို့နေတယ်လို့ ယုံကြည်နေရတယ်လို့ ပြောပါတယ်။ ဒီတောအတွင်းမှာ ယူကရိန်းနိုင်ငံ Kharkiv ဒေသ အရှေ့ပိုင်းမှာ မိမိတို့ တပ်ဖွဲ့တွေ ပြန်လည် စု့ဖွဲ့နေတယ်လို့ ရုရှားက ကြေညာလိုက်ပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskyy ကတော့ သူတို့ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ထိုးစစ် စတင်ခဲ့တဲ့ ဒီလအစောပိုင်းကတည်းက စပြီး ယူကရိန်းနယ်မြေ စတုရန်းမိုင်ပေါင်း ၁ ထောင် ၃ ရာနီးပါး လွတ်မြောက်ခဲ့ကြောင်း ပြောပါတယ်။

XS
SM
MD
LG