သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နျူကလီးယားစက်ရုံ အခြေအနေ ကုလလုံခြုံရေးကောင်စီကို စုံစမ်းရေးအဖွဲ့ တင်ပြမည်


UKRAINE-CRISIS/IAEA-MISSION
UKRAINE-CRISIS/IAEA-MISSION

ယူကရိန်းနိုင်ငံတောင်ပိုင်းက Zaporizhazhia ညူကလီးယားသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ ကို သွားရောက်စစ်ဆေးခဲ့တဲ့ IAEA နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အနေနဲ့ လာမယ့်အင်္ဂါနေ့ မှာ လုံခြုံရေးကောင်စီကို တင်ပြမှာဖြစ်ပါတယ်။  

ယူကရိန်း နျူကလီးယားစက်ရုံ အခြေအနေ ကုလလုံခြုံရေးကောင်စီကို စုံစမ်းရေးအဖွဲ့ တင်ပြမည်

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံတောင်ပိုင်းက Zaporizhazhia ညူကလီးယားသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ ကို သွားရောက်စစ်ဆေးခဲ့တဲ့ IAEA နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အနေနဲ့ လာမယ့်အင်္ဂါနေ့ မှာ လုံခြုံရေးကောင်စီကို တင်ပြမှာဖြစ်ပြီး၊ အစီရင်ခံ စာတစောင်ကို အစောဆုံး လာမယ် ရက်သတ္တပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ဗီယင်နာမြို့တော် ကို ပြန်လည် ရောက်ရှိလာတဲ့ IAEA အကြီးအကဲ Rafael Grossiက ပြောကြားခဲ့ပါတယ်။

“အခုအခါ စက်ရုံနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်းသိနိုင်ဖို့ ကျနော်တို့ လုပ်ဆောင်နေပါတယ်။ နောက်အပတ်ထဲလောက်မှာ အစောဆုံး အစီရင်ခံစာ ထုတ်ပြန်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ဒီရက်သတ္တပတ်အကုန်ပိုင်းမှာတော့ စက်ရုံရဲ့ အခြေအနေ တစုံလုံးကို ကျနော်တို့ သိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ IAEA အကြီးအကဲကပြောဆိုသွားတာပါ။

ဒီ ညူကလီးယားသုံး ဓာတ်အားပေးစက်ရုံ ကို သွားရောက်စစ်ဆေးတဲ့ ကုလသမဂ္ဂ IAEA ရဲ့ ကျွမ်းကျင်သူပညာရှင် ၁၄ ဦးထဲ က ၆ ဦးဟာ စက်ရုံမှာ ဆက်လက်ကျန်ရှိနေပါတယ်။ ဒါအပြင် စက်ရုံရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ကျွမ်းကျင်သူပညာရှင် ၂ ဦးကို အမြဲတမ်း ထားသွားမယ်လို့လည်း Grossi ကပြောဆိုပါတယ်။

ဒီဒေသအတွင်း တိုက်ပွဲတွေဖြစ်ဆက်ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့လည်း Grossi ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နေ့က ဗုံးဆံတွေကျရောက်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့တဲ့ စက်ရုံရဲ့ အဓိကဓာတ်အားပေးစက်ဟာ ပြန်လည်-လည်ပတ် နိုင်ပြီလို့ ရုရှားတာဝန်ရှိသူတွေက ပြောဆိုပါတယ်။ စက်ရုံကို တာဝန်ယူလည်ပတ်နေတဲ့ ယူကရိန်း စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Energoatom ကလည်း အဓိက ဓာတ်အားပေးစက် ဟာ ပင်မဓာတ်အားလိုင်းကို ပြန်လည်ဓာတ်အားပို့လွှတ်နိုင်ပြီလို့ တယ်လီဂရမ် လူမှုကွန်ယက်ကနေ အတည်ပြုပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

......................................................


{{Zawgyi/Unicode}}





XS
SM
MD
LG