သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IAEA စစ်ဆေးရေးအဖွဲ့ ယူကရိန်း နျူကလီးယားစက်ရုံ ရောက်ရှိ


IAEA Director General Rafael Mariano Grossi and Ukrainian Minister of Energy German Galushchenko walk as the International Atomic Energy Agency mission arrives in Zaporizhzhia amid Russia's invasion of Ukraine, in Zaporizhzhia, Ukraine, Aug. 31, 2022.
IAEA Director General Rafael Mariano Grossi and Ukrainian Minister of Energy German Galushchenko walk as the International Atomic Energy Agency mission arrives in Zaporizhzhia amid Russia's invasion of Ukraine, in Zaporizhzhia, Ukraine, Aug. 31, 2022.

[[ ZAWGYI / UNICODE ]]

IAEA စစ်ဆေးရေးအဖွဲ့ ယူကရိန်း နျူကလီးယားစက်ရုံ ရောက်ရှိ

ယူကရိန်းနိုင်ငံ Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ပစ်ခတ်တိုက်ခိုက်မှုအတွက် ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲပြောဆိုနေကြချိန်မှာပဲ ကုလသမဂ္ဂရဲ့ နျူကလီးယားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ဓာတ်အားပေးစက်ရုံကို ရောက်သွားပါပြီ။

"ကျနော်တို့ အပြည့်အ၀ ဆန်းစစ်လေ့လာမှုတွေ လုပ်ဖို့အတွက် အခြေခံလုပ်ငန်းတွေ လုပ်မှာပါ။ စက်ရုံအခြေအနေကို စုံစမ်းစစ်ဆေးတာ၊ လုံခြုံရေးစနစ်တွေကို စစ်ဆေးမှာပါ။ ဝန်ထမ်းတွေနဲ့လည်း စကားပြောမှာပါ။" လို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ညွှန်ကြားရေးမှူးချုပ် Rafael Grossi က ပြောခဲ့တာပါ။

ဓာတ်အားပေးစက်ရုံအနီး လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုအတွက် ရုရှားနဲ့ ယူကရိန်း အပြန်အလှန် စွပ်စွဲနေကြတာပါ။ Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ယူကရိန်းနိုင်ငံအတွက် စွမ်းအင်တွေ အဓိက ထုတ်လုပ်ပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။

တိုက်ပွဲကြား ရောက်နေတဲ့ နူကလီးယားဓာတ်အားပေးစက်ရုံကြီး ထိခိုက်ပျက်စီးနိုင်ခြေ ရှိနေတာကြောင့် ယူကရိန်းနိုင်ငံမှာပဲ ၁၉၈၆ ခုနှစ်၊ Chernobyl နျူကလီးယား ဓာတ်အားပေးစက်ရုံ ဓာတ်ရောင်ခြည်ယိုစိမ့်မှုမျိုး ဖြစ်လာမှာကို ကမ္ဘာ့ခေါင်းဆောင်တွေ စိုးရိမ်နေကြတာပါ။

ကုလသမဂ္ဂ ပညာရှင်အဖွဲ့ဟာ ဓာတ်အားပေးစက်ရုံနဲ့ ကီလိုမီတာ ၁၂၀ အကွာ Zaporizhzhia မြို့ကို ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းမှာရောက်ရှိလာကြပါတယ်။ ဒီခရီးစဉ်ဟာ ဓာတ်ရောင်ခြည်ယိုစိမ့်မှုမဖြစ်အောင် ကာကွယ်နိုင်ရေးရည်ရွယ်ထားတာဖြစ်ပြီး စက်ရုံထဲ ပထမအကျော့ ရက်အနည်းငယ်လှည့်ပတ်ကြည့်ရှုပြီးရင်တော့ အခြေအနေကို ကောင်းကောင်း သဘောပေါက်မှာပါလို့ Grossi ကပြောပါတယ်။ စက်ရုံအနီးတဝိုက် စစ်ဖက်တပ်ဖွဲ့ဝင်အားလုံး ရုပ်သိမ်းပေးဖို့ ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Joseph Borrell ကရုရှားကို ထပ်မံတောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

====================

{{ UNICODE }}







XS
SM
MD
LG