သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zaporizhzhia နျူကလီးယားစက်ရုံ IAEA သွားရောက်စစ်ဆေးမည် 

A view of the Zaporizhzhia Nuclear Power Plant outside the Russian-controlled city of Enerhodar in Zaporizhzhia region, Ukraine, Aug. 22, 2022.
A view of the Zaporizhzhia Nuclear Power Plant outside the Russian-controlled city of Enerhodar in Zaporizhzhia region, Ukraine, Aug. 22, 2022.

ယူကရိန်းတောင်ပိုင်းက ဒုံကျည်နဲ့လက်နက်ကြီးတွေကျရောက်ခဲ့တဲ့ Zaporizhzhia ညူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က ဒီရက်သတ္တပတ်အတွင်း သွားရောက်စစ်ဆေးဖို့ ပြင်ဆင်နေကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက စနေနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။

Zaporizhzhia နျူကလီးယားစက်ရုံ IAEA သွားရောက်စစ်ဆေးမည်

{{Zawgyi/Unicode}}

နျူကလီးယား ဘေးအန္တရာယ် ရှိမရှိ သေခြာအောင် စစ်ဆေးဖို့ လိုတယ်လို့ IAEA အကြီးအကဲ Rafael Mariano Grossi ကပြောဆိုခဲ့ကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

ရုရှားဘက်ကတော့ IAEA သွားရောက်စစ်ဆေးမှာကို ထောက်ခံကြောင်း၊ ဒါပေမယ့် ဓါတ်အားပေးစက်ရုံကို စစ်ကင်းမဲ့ဇုံလုပ်ဖို့ တပ်စွဲထားတဲ့ ရုရှားတပ်တွေကိုတော့ နောက်ဆုတ်ပေးဖို့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

အဲဒီစက်ရုံကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကိုတော့ ရုရှားနဲ့ ယူကရိန်း အပြန်အလှန်စွပ်စွဲ ကြပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်း ဓာတ်အားပေးစက်ရုံကို လက်နက်ကြီးတွေနဲ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး၊ လက်နက်ကြီးကျည် ၁၇ လုံးကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ပြောဆိုပါတယ်။

အဲဒီဓာတ်အားပေးစက်ရုံကို မတ်ထဲက ရုရှားက သိမ်းပိုက်ခဲ့ပြီး၊ ယူကရိန်းက အင်ဂျင်နီယာတွေက ဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။ အခုအခါ စက်ရုံဟာ ရှေ့တန်းစစ်မျက်နှာ နဲ့ နီးကပ်နေပါတယ်။

ယူကရိန်းမှာ ၁၉၈၆ ခုနှစ်က ချာနိုဘိုင်း နျူကလီးယားသုံး ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဓာတ်ရောင်ခြည်သင့်တဲ့ ဘေးအန္တရယ်ကို ခံစားခဲ့ကြရပါတယ် ။

Zaporizhzhia နျူကလီးယားစက်ရုံ IAEA သွားရောက်စစ်ဆေးမည်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

...................................................


{{Zawgyi/Unicode}}






XS
SM
MD
LG