သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း Zaporizhzhia ဓါတ္အားေပးစက္႐ုံ န်ဴကလီယား အႏၲရာယ္ စိုးရိမ္ေနရဆဲ


Zaporizhzhia Nuclear Power Plant near Enerhodar

ယူကရိန္းႏိုင္ငံက Zaporizhzhia ဇာပိုရီရွီရာ န်ဴကလီးယား ဓါတ္အားေပးစက္႐ုံကေန လွ်ပ္စစ္ဓါတ္အား ျပန္လည္ရရွိခဲ့ေပမယ့္ အဲဒီနားတဝိုက္က အေျခအေနေတြဟာ အလြန္စိုးရိမ္ဖြယ္ရွိေနၿပီး အႏၲရာယ္လည္းရွိေနဆဲ ျဖစ္တယ္လို႔ သမၼတ Volodymyr Zelenskyy က ေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ႕ ပုံမွန္ ညေနခင္း မိန႔္ခြန္းမွာ ႐ုရွားဟာ န်ဴကလီးယားဓါတ္ေပါင္းဖို ပိတ္သြားဖို႔အေရး အခ်ိန္မေ႐ြး ဆက္လက္လုပ္ေဆာင္သြားမယ့ ္အႏၲရာယ္ရွိေနဆဲျဖစ္ေၾကာင္း ယူကရိန္းသမၼတက သတိေပးေျပာၾကားခဲ့ပါတယ္။

ဓါတ္ေပါင္းဖို ေျခာက္ခုထဲက တခုကို ဓါတ္အားလိုင္းနဲ႔ ျပန္ၿပီး ခ်ိတ္ဆက္ထားေၾကာင္း ယူကရိန္းႏိုင္ငံပိုင္ န်ဴကလီးယားကုမၸဏီ Energoatom က ေသာၾကာေန႔ အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။ ၾကာသပေတးေန႔က ဒုံးက်ည္ပစ္ခတ္ခဲ့ရၿပီး မီးေလာင္မႈေၾကာင့္ ဓါတ္အားလိုင္းတခု ပ်က္စီးသြားၿပီးေနာက္ႏိုင္ငံတြင္း ပထမဆုံးအႀကိမ္ လွ်ပ္စစ္မီး ျပတ္ေတာက္သြားခဲ့တာ ျဖစ္တယ္လို႔ ယူကရိန္းအစိုးရက ေၾကညာပါတယ္။

ယူကရိန္းႏိုင္ငံအတြက္ လိုအပ္တဲ့ လွ်ပ္စစ္ဓါတ္အားေတြ ထုတ္ေပးေနတဲ့ Zaporizhzhia န်ဴကလီးယား ဓာတ္အားေပးစက္႐ုံဟာ ဓါတ္အားလိုင္းနဲ႔ ခ်ိတ္ဆက္ထားရတာ ျဖစ္တယ္လို႔ ေသာၾကာေန႔က ထုတ္ျပန္တဲ့ Energoatom ရဲ႕ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ အန်ဴျမဴဓါတ္ေပါင္းဖိုေတြကို အေအးေပးစနစ္ လည္ပတ္ဖို႔ လွ်ပ္စစ္ဓါတ္အားလိုအပ္ၿပီး အဲဒီလို မေပးႏိုင္ပဲ ခ်ိဳ႕ယြင္းခဲ့မယ္ဆိုရင္ ဓါတ္ေပါင္းဖိုကေန အရည္ေပ်ာ္ၿပီး အႏၲရာယ္ျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

၁၉၈၆ခုႏွစ္က Chernobyl ေပါက္ကြဲမႈေၾကာင့္ န်ဴကလီးယားစက္႐ုံကေန လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈႀကဳံခဲ့ရတုန္းကလည္း ယူကရိန္းႏိုင္ငံတြင္း န်ဴကလီးယား ေဘးအႏၲရာယ္ကို ထိတ္လန႔္စိုးရိမ္ခဲ့ၾကရပါတယ္။

===Unicode ====

ယူကရိန်းနိုင်ငံက Zaporizhzhia ဇာပိုရီရှီရာ နျူကလီးယား ဓါတ်အားပေးစက်ရုံကနေ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိခဲ့ပေမယ့် အဲဒီနားတဝိုက်က အခြေအနေတွေဟာ အလွန်စိုးရိမ်ဖွယ်ရှိနေပြီး အန္တရာယ်လည်းရှိနေဆဲ ဖြစ်တယ်လို့ သမ္မတ Volodymyr Zelenskyy က ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပုံမှန် ညနေခင်း မိန့်ခွန်းမှာ ရုရှားဟာ နျူကလီးယားဓါတ်ပေါင်းဖို ပိတ်သွားဖို့အရေး အချိန်မရွေး ဆက်လက်လုပ်ဆောင်သွားမယ့ ်အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတက သတိပေးပြောကြားခဲ့ပါတယ်။

ဓါတ်ပေါင်းဖို ခြောက်ခုထဲက တခုကို ဓါတ်အားလိုင်းနဲ့ ပြန်ပြီး ချိတ်ဆက်ထားကြောင်း ယူကရိန်းနိုင်ငံပိုင် နျူကလီးယားကုမ္ပဏီ Energoatom က သောကြာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့က ဒုံးကျည်ပစ်ခတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ဓါတ်အားလိုင်းတခု ပျက်စီးသွားပြီးနောက်နိုင်ငံတွင်း ပထမဆုံးအကြိမ် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းအစိုးရက ကြေညာပါတယ်။

ယူကရိန်းနိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားတွေ ထုတ်ပေးနေတဲ့ Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ ဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ထားရတာ ဖြစ်တယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ Energoatom ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အနျူမြူဓါတ်ပေါင်းဖိုတွေကို အအေးပေးစနစ် လည်ပတ်ဖို့ လျှပ်စစ်ဓါတ်အားလိုအပ်ပြီး အဲဒီလို မပေးနိုင်ပဲ ချို့ယွင်းခဲ့မယ်ဆိုရင် ဓါတ်ပေါင်းဖိုကနေ အရည်ပျော်ပြီး အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

၁၉၈၆ခုနှစ်က Chernobyl ပေါက်ကွဲမှုကြောင့် နျူကလီးယားစက်ရုံကနေ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကြုံခဲ့ရတုန်းကလည်း ယူကရိန်းနိုင်ငံတွင်း နျူကလီးယား ဘေးအန္တရာယ်ကို ထိတ်လန့်စိုးရိမ်ခဲ့ကြရပါတယ်။

XS
SM
MD
LG