သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zaporizhzhia စက်ရုံ IAEA စစ်ခွင့်ပေးရေး ပူတင် ပြန်လည်စဉ်းစား


FILE - A Russian serviceman guards an area of the Zaporizhzhia Nuclear Power Station in territory under Russian military control, southeastern Ukraine, May 1, 2022. This pjoto
photo was taken during a trip organized by the Russian Ministry of Defense.
FILE - A Russian serviceman guards an area of the Zaporizhzhia Nuclear Power Station in territory under Russian military control, southeastern Ukraine, May 1, 2022. This pjoto photo was taken during a trip organized by the Russian Ministry of Defense.

ယူကရိန်းမှာ ရုရှားသိမ်းပိုက်ထားတဲ့ ဥရောပတိုက်ရဲ့အကြီးဆုံး နျူကလီယား ဓါတ်အားပေးစက်ရုံ ဇက်ပိုရစ်ရှား - Zaporizhzhia ကို IAEA နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ စစ်ဆေးရေးမှုးတွေ ဝင်ရောက်စစ်ဆေးခွင့်ပေးရေး ရုရှားသမ္မတ Vladimir Putin က ပြန်စဉ်းစားနေတယ်လို့ ပြင်သစ်သမ္မတရုံးက ပြောကြားခဲ့ပါတယ်။ စစ်ဆေးရေးမှူးတွေကို ရုရှားနိုင်ငံကတဆင့် Zaporizhzhia ဓါတ်အားပေးစက်ရုံကို သွားရောက်စစ်ဆေးခွင့်ပြုဖို့ ပြင်သစ်သမ္မတ Emmanuel Macron က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဇက်ပိုရစ်ရှား နျူကလီယားစက်ရုံ တဝိုက် ပစ်ခတ်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ၁၉၈၆ တုန်းက Chernobyl နျူကလီယား ဓါတ်ပေါင်းဖိုပေါက်ကွဲမှုတုန်းက ကြုံခဲ့ရတဲ့ အဆိပ်သင့်အန္တရာယ်ထက် အဆမတန်ဆိုးဝါးတဲ့ ဘေးကြုံရမှာကို ဥရောပတလွှား စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဇက်ပိုရစ်ရှား - Zaporizhzhia စက်ရုံကို IAEA စစ်ဆေးရးမှူးတွေ ဝင်ရောက်စစ်ဆေးဖို့ ယူကရိန်းကရော ရုရှားကပါ ထောက်ခံပံ့ပိုးကြောင်း လက္ခဏ္ဍာပြသတဲ့အပေါ် ကြိုဆိုတယ်လို့ IAEA အကြီးအကဲ Rafael Grossi က ပြောပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskyy က သောကြာနေ့ ပြောကြားတဲ့ နေ့စဉ်မိန့်ခွန်းမှာ ဒီ Zaporizhzhia စက်ရုံကို သွားရောက်မဲ့ ကိစ္စအတွက် ယူကရိန်းသံတမန်တွေ၊ မိတ်တွေတွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့အတူ IAEA က အသေးစိတ် စီစဉ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ပါဝင်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဒါပေမယ့် အနုမြူရောင်ခြည် အန္တရာယ်နဲ့ ပတ်သက်ပြီး ရုရှားဘက်က ဆက်ပြီး ခြိမ်းခြောက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ ဒီနွေမှာ ဥရောပနိုင်ငံတွေအတွက် မကြုံစဘူး ဝမ်းနည်းစရာ ကြုံရနိုင်တယ်လို့လည်း သတိပေးပါတယ်။

တချိန်တည်းမှာပဲ ရုရှားဆီက စွမ်းအင်ကို မှီခိုနေရတဲ့ ဂျာမဏီအတွက် ဓါတ်ငွေ့တင်ပို့နေတဲ့ ရုရှားရဲ့ အကြီးဆုံးစွမ်းအင်ကုမ္ပဏီက ပိုက်လိုင်းပြင်ဖို့ လကုန်မှာ ၃ ရက်ကြာ ပိတ်ထားမှာဖြစ်ကြောင်း ကြေညာပါတယ်။

====Unicode ====







XS
SM
MD
LG