သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ စစ်ဆေးရေးအဖွဲ့ ယူကရိန်း နျူကလီယား ဓာတ်အားပေးစက်ရုံရောက်


ကုလနိုင်ငံတကာအနုမြူအေဂျင်စီ IAEA က ယူကရိန်းနိုင်ငံ ရုရှားထိန်းချုပ်ထားတဲ့ Zaporizhzhia ဓာတ်အားပေးစက်ရုံအခြေအနေစစ်ဆေးဖို့ ရောက်လာစဉ်။ (သြဂုတ် ၃၁၊ ၂၀၂၂)
ကုလနိုင်ငံတကာအနုမြူအေဂျင်စီ IAEA က ယူကရိန်းနိုင်ငံ ရုရှားထိန်းချုပ်ထားတဲ့ Zaporizhzhia ဓာတ်အားပေးစက်ရုံအခြေအနေစစ်ဆေးဖို့ ရောက်လာစဉ်။ (သြဂုတ် ၃၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန်းက Zaporizhzhia နျူကလီယားဓာတ်အားပေးစက်ရုံ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အကဲဖြတ်စစ်ဆေးဖို့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့တဖွဲ့ ရုရှားထိန်းချုပ်ထားတဲ့ စက်ရုံရှိရာကို ဒီကနေ့ သွားရောက်ပါတယ်။

ဒီစစ်ဆေးရေးအဖွဲ့က ရက်အတော်ကြာ စစ်ဆေးမှာဖြစ်ပြီး ဒါက ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်လို့ နိုင်ငံတကာအနုမြူ စွမ်းအင် ဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် Rafael Grossi က Kyiv မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီ ခရီးစဉ်မှာ စက်ရုံရဲ့ ရုပ်ပိုင်းဆိုင်ရာ အပျက်အစီး အတိုင်းအဆ၊ စိတ်ချလုံခြုံရေးစနစ်တွေ အလုပ်လုပ်နိုင် မလုပ်နိုင်၊ ဝန်ထမ်းတွေရဲ့အခြေအနေနဲ့ အရေးပေါ် လုံခြုံစိတ်ချရေး ဆောင်ရွက်ချက်တွေကို လုပ်နိုင်မလုပ်နိုင် ကြည့်ရှုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

IAEA အဖွဲ့က ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့လည်း အင်္ဂါနေ့က တွေ့ ဆုံခဲ့ပါတယ်။ ရုရှားကသိမ်းပိုက်ထားတဲ့ Zaporizhzhia နျူကလီယား ဓာတ်အားပေးစက်ရုံကို ယူကရိန်းဝန်ထမ်းတွေနဲ့ ဆက်ပြီးလည်ပတ်နေတာပါ။ စက်ရုံနေရာကို စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပြီး ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက် ပြန်ပေးဖို့ သမ္မတ Zelenskyy က တောင်းဆိုထားပါတယ်။

နျူကလီယားစက်ရုံတည်ရှိတဲ့ နေရာတဝိုက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် နျူကလီယားအန္တရာယ်နဲ့ ကြုံရမှာကို နိုင်ငံတကာက စိုးရိမ်နေကြတာပါ။ အခုလို စက်ရုံနေရာတဝိုက်ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ရုရှားနဲ့ယူကရိန်းတို့ တဘက်နဲ့တဘက် အပြန်အလှန် အပြစ်တင်စွပ်စွဲနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]






XS
SM
MD
LG