သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နျူကလီယားဓါတ်အားပေးစက်ရုံ စစ်ဆေးဖို့ ကုလ ကျွမ်းကျင်သူတွေသွားနေ


ရုရှားသိမ်းယူထားတဲ့ ဥရောပမှာအကြီးဆုံး ယူကရိန်းနိုင်ငံက Zaporizhzhia နျူကလီယားဓာတ်အားပေးစက်ရုံကို ဂြိုဟ်တုမှ ရိုက်ယူထားတဲ့မြင်ကွင်း။ Aug. 28, 2022. (Planet Labs PBC via AP)
ရုရှားသိမ်းယူထားတဲ့ ဥရောပမှာအကြီးဆုံး ယူကရိန်းနိုင်ငံက Zaporizhzhia နျူကလီယားဓာတ်အားပေးစက်ရုံကို ဂြိုဟ်တုမှ ရိုက်ယူထားတဲ့မြင်ကွင်း။ Aug. 28, 2022. (Planet Labs PBC via AP)

[[Zawgyi/Unicode]]

ယူကရိန်းက Zaporizhzhia နျူကလီယား ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ (IAEA) ရဲ့ ကျွမ်းကျင်သူတွေ သွားရောက်နေပြီလို့ ကုလသမဂ္ဂ အနုမြူစွမ်းအင် အကြီးအကဲက ပြောပါတယ်။

အဖွဲ့ကို သူ ဦးဆောင်မှာဖြစ်တယ်လို့ IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi က လူမှုစာမျက်နှာမှာ ရေးထားပါတယ်။

“ဥရောပနဲ့ယူကရိန်းရဲ့ အကြီးဆုံး နျူကလီယားဓာတ်အားပေးစက်ရုံရဲ့ စိတ်ချလုံခြုံရေးကို ကျနော်တို့ ကာကွယ်ရပါမယ်” လို့ သူက ဆိုပါတယ်။

ဒီ ခရီးစဉ်မှာ စက်ရုံရဲ့ရုပ်ပိုင်းဆိုင်ရာ အပျက်အစီးကို စစ်ဆေးသတ်မှတ်မှာ ဖြစ်ပြီး စိတ်ချလုံခြုံရေးစနစ်တွေ အလုပ်လုပ်နိုင် မလုပ်နိုင်ကို ဆုံးဖြတ်မှာဖြစ်တယ်လို့ IAEA က ပြောပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့အခြေအနေနဲ့ အရေးပေါ် လုံခြုံစိတ်ချရေး ဆောင်ရွက်ချက်တွေကို လုပ်နိုင်မလုပ်နိုင်ကိုလည်း ကြည့်ရှုမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီ ခရီးစဉ်ကနေ နျူကလီယား လုံခြုံရေးဆိုင်ရာ လုပ်ပုံကိုင်ပုံတွေကို ချိုးဖောက်နေတဲ့ အချက်အလက်တွေ ရှင်းရှင်း ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောပါတယ်။

IAEA ရဲ့ အလုပ်တွေကို ထောက်ခံကြောင်း ရုရှားက ပြောပါတယ်။ ဒါပေမယ့် စက်ရုံဝန်းကျင်ကို စစ်ရေးကင်းဇုံသတ်မှတ်ပြီး ရုရှားစစ်သားတွေ ရုပ်သိမ်းဖို့ကိုတော့ ငြင်းဆိုထားပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက စက်ရုံအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိခဲ့ပြီး ယူကရိန်းနဲ့ရုရှားတို့က ဘယ်သူက ပစ်ခတ်တယ်ဆိုတာကို အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]









XS
SM
MD
LG