သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားလက်နက် ရုရှားဝယ်ဖို့ကြိုးပမ်းနေကြောင်း ကန်ထောက်လှမ်းရေးသတင်းဖော်ပြ 


ပျက်စီးနေတဲ့ ရုရှားလုပ်တင့်ကားတွေ ယူကရိန်းနိုင်ငံထဲမှာတွေ့ရစဉ်၊ မေ ၂၃၊ ၂၀၂၂
ပျက်စီးနေတဲ့ ရုရှားလုပ်တင့်ကားတွေ ယူကရိန်းနိုင်ငံထဲမှာတွေ့ရစဉ်၊ မေ ၂၃၊ ၂၀၂၂

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဟာ မြောက်ကိုရီးယားဆီကနေ သန်းနဲ့ချီတဲ့ ရော့ကတ်ဒုံးတွေ၊ လက်နက်ကြီး ကျည်ဆံတွေ ဝယ်ယူဖို့ စီစဉ်နေကြောင်း မကြာသေးခင်ကပဲ ကန့်သတ်အဆင့်ကနေ လျှော့ချလိုက်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ 

မြောက်ကိုရီးယားလက်နက် ရုရှားဝယ်ဖို့ကြိုးပမ်းနေကြောင်း ကန်ထောက်လှမ်းရေးသတင်းဖော်ပြ

{{Zawgyi/Unicode}}
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဟာ မြောက်ကိုရီးယားဆီကနေ သန်းနဲ့ချီတဲ့ ရော့ကတ်ဒုံးတွေ၊ လက်နက်ကြီး ကျည်ဆံတွေ ဝယ်ယူဖို့ စီစဉ်နေကြောင်း မကြာသေးခင်ကပဲ ကန့်သတ်အဆင့်ကနေ လျှော့ချလိုက်တဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

အသံ (Pentagon Spokesperson Brig. Gen. Patrick Ryder)
"ရုရှားအနေနဲ့ လက်နက် ခဲယမ်းမီးကျောက်တွေ ရရှိဖို့အတွက် မြောက်ကိုရီးယား ကို ချည်းကပ်ခဲ့တဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ လတ်တလောမှာတော့ ဒီထက်ပိုပြီး အသေးစိတ် မပြောနိုင်သေးပါဘူး။" လို့ အမေရိကန် စစ်ဌာနချုပ် Pentagon ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Patrick Ryder က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ရုရှားအနေနဲ့ ပိုကုန် ထိန်းချုပ်မှု နဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်ခံရမှုတွေကြောင့် ယူကရိန်း က သူတို့တပ်ဖွဲ့တွေဆီကို လက်နက်ထောက်ပို့ပေးနိုင်မှု အခြေအနေ ဆိုးဝါးနေတဲ့အတွက်ကြောင့် မြောက်ကိုရီးယား ဆီကနေ လက်နက်တွေ အမြောက်အများ ဝယ်ယူရတာဖြစ်တယ်လို့ သူက ပြောပါတယ်။ ရုရှားအနေနဲ့ အနာဂါတ်မှာ မြောက်ကိုရီးယား စစ်ဖက်ဆိုင်ရာ ပစ္စည်းတွေကို ထပ်မံပြီးတော့ ဝယ်ယူလာနိုင်တယ်လို့လည်း အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက ယုံကြည်နေကြပါတယ်။

အဲဒီလို ထောက်လှမ်းရေး က ရရှိထားတဲ့ အချက်အလက်တွေကို ပထမဆုံး The New York Times မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယား ဆီကနေ လက်နက် ခဲယမ်းမီးကျောက် ဘယ်လောက် ဘယ်မျှ ဝယ်ယူဖို့ ရုရှားအနေနဲ့ ရည်ရွယ်ထားလဲဆိုတာကိုတော့ အမေရိကန် အရာရှိတွေက အသေးစိတ် ဖော်ပြခြင်းမရှိပါဘူး။

ရုရှားတို့ဟာ အခု ယူကရိန်း ကို ကျူးကျော်တဲ့ စစ်ပွဲမှာ အသုံးပြုဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လထဲကလည်း အီရန်နိုင်ငံက ထုတ်လုပ်တဲ့ အဝေးထိန်း Drones တွေကို ဝယ်ယူ အသုံးပြုခဲ့သေးကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့ပြီးနောက် အခု မြောက်ကိုရီးယား ဆီက ဝယ်ယူတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ အီရန်ဆီက အဲဒီ Drones မောင်းသူမဲ့ လေယာဉ်တွေဟာ ရုရှားတပ်ဖွဲ့တွေ တကယ်လက်တွေ့ အသုံးပြုတဲ့အခါမှာတော့ စက်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံကြရတယ်လို့လည်း အမေရိကန် အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

...................................................................


{{Zawgyi/Unicode}}





XS
SM
MD
LG