သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားသိမ္းပိုက္နယ္ေျမတခ်ဳိ႕ကို ယူကရိန္းတပ္ေတြ တန္ျပန္ထိုးစစ္ဆင္


(Zawgyi / Unicode)

၆ လၾကာ က်ဳးေက်ာ္စစ္ပဲြအစပိုင္းမွာ ႐ုရွားသိမ္းပိုက္ထားတဲ့ ယူကရိန္းေတာင္ပိုင္း ေဒသေတြကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ဖို႔ ယူကရိန္းတပ္ေတြက တန္ျပန္ထိုးစစ္ စတင္ဆင္ႏဲႊၿပီလို႔ တနလၤာေန႔မွာ ယူကရိန္းတာ၀န္ရွိသူေတြက ေျပာဆိုလိုက္ပါတယ္။

Kherson ေဒသအပါအ၀င္ ေနရာအေတာ္မ်ားမ်ားကို ဦးတည္တဲ့ ထိုးစစ္ကို စတင္လိုက္တယ္လို႔ ယူကရိန္းေတာင္ပိုင္း စစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီး Natalia Humeniuk ေျပာဆိုတာကို ကိုးကားၿပီး ယူကရိန္း သတင္းဌာနေတြ ကေဖၚျပပါတယ္။

႐ုရွားတပ္ေတြဟာ ယူကရိန္းေျမာက္ပိုင္းမွာရွိတဲ့ ၿမိဳ႔ေတာ္ Kyiv ကို သိမ္းပိုက္ႏိုင္ျခင္းမရွိေပမယ့္ ေတာင္ပိုင္း ပင္လယ္နက္ကမ္းေျခတေလွ်ာက္က နယ္ေျမအေတာ္မ်ားမ်ားကို သိမ္ပိုက္ထားပါတယ္။
လနဲ႔ခ်ီတဲ့ တိုက္ခိုက္မႈေတြ အတြင္း ယူကရိန္းအေရွ႕ဖက္ျခမ္းက Donbas ေဒသမွာ အဓိက တိုက္ပဲြေတြ ျဖစ္ခဲ့ပါတယ္။ ဒီေဒသမွာ ႐ုရွား ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ခဲြထြက္ေရး သူပုန္ေတြရွိၿပီး ၂၀၁၄ ခုႏွစ္ကတည္းက တိုက္ပဲြေတြ ျဖစ္ေနခဲ့တာပါ။

အေရွ႕ဖက္ေဒသအတြင္း ႐ုရွားနဲ႔ ယူကရိန္း နယ္ေျမ အျပန္အလွန္ ရယူထိန္းခ်ဳပ္ႏိုင္တာေတြ ရွိခဲ့ၿပီး ရက္သတၱပတ္အခ်ိဳ႔ တိုက္ပဲြေတြ ရပ္ဆိုင္းသြားပါတယ္။
ေတာင္ပိုင္းေဒသမွာ ေနာက္ထပ္ျဖစ္လာမယ့္ တိုက္ပဲြေတြ အတြင္း ယူကရိန္းအေနနဲ႔ ယုံၾကည္မႈ အသစ္ေတြ ရရွိလာေစမယ့္ လက္နက္ခဲယမ္း ကူညီေထာက္ပံ့မႈေတြကို အေမရိကန္ဦးေဆာင္တဲ့ အေနာက္တိုင္း မဟာမိတ္ေတြနဲ႔ ဆက္လက္ လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားသိမ်းပိုက်နယ်မြေတချို့ကို ယူကရိန်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်

၆ လကြာ ကျုးကျော်စစ်ပွဲအစပိုင်းမှာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းတောင်ပိုင်း ဒေသတွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ယူကရိန်းတပ်တွေက တန်ပြန်ထိုးစစ် စတင်ဆင်နွဲှပြီလို့ တနင်္လာနေ့မှာ ယူကရိန်းတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

Kherson ဒေသအပါအဝင် နေရာအတော်များများကို ဦးတည်တဲ့ ထိုးစစ်ကို စတင်လိုက်တယ်လို့ ယူကရိန်းတောင်ပိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Natalia Humeniuk ပြောဆိုတာကို ကိုးကားပြီး ယူကရိန်း သတင်းဌာနတွေ ကဖေါ်ပြပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းမြောက်ပိုင်းမှာရှိတဲ့ မြို့တော် Kyiv ကို သိမ်းပိုက်နိုင်ခြင်းမရှိပေမယ့် တောင်ပိုင်း ပင်လယ်နက်ကမ်းခြေတလျှောက်က နယ်မြေအတော်များများကို သိမ်ပိုက်ထားပါတယ်။
လနဲ့ချီတဲ့ တိုက်ခိုက်မှုတွေ အတွင်း ယူကရိန်းအရှေ့ဖက်ခြမ်းက Donbas ဒေသမှာ အဓိက တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီဒေသမှာ ရုရှား ကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေး သူပုန်တွေရှိပြီး ၂၀၁၄ ခုနှစ်ကတည်းက တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

အရှေ့ဖက်ဒေသအတွင်း ရုရှားနဲ့ ယူကရိန်း နယ်မြေ အပြန်အလှန် ရယူထိန်းချုပ်နိုင်တာတွေ ရှိခဲ့ပြီး ရက်သတ္တပတ်အချို့ တိုက်ပွဲတွေ ရပ်ဆိုင်းသွားပါတယ်။
တောင်ပိုင်းဒေသမှာ နောက်ထပ်ဖြစ်လာမယ့် တိုက်ပွဲတွေ အတွင်း ယူကရိန်းအနေနဲ့ ယုံကြည်မှု အသစ်တွေ ရရှိလာစေမယ့် လက်နက်ခဲယမ်း ကူညီထောက်ပံ့မှုတွေကို အမေရိကန်ဦးဆောင်တဲ့ အနောက်တိုင်း မဟာမိတ်တွေနဲ့ ဆက်လက် လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG