သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားဗုံးခွဲ လုပ်ကြံမှု ယူကရိန်းကို ရုရှားပြစ်တင်


In this handout photo taken from video released by Investigative Committee of Russia on Sunday, Aug. 21, 2022, investigators work on the site of explosion of a car driven by Daria Dugina outside Moscow. (Investigative Committee of Russia via AP)
In this handout photo taken from video released by Investigative Committee of Russia on Sunday, Aug. 21, 2022, investigators work on the site of explosion of a car driven by Daria Dugina outside Moscow. (Investigative Committee of Russia via AP)

(Zawgyi / Unicode)

ထင်ရှားတဲ့ ရုရှား အမျိုးသားရေး ဝါဒီရဲ့ သမီးဖြစ်သူ သေဆုံးခဲ့ရတဲ့ ကားဗုံးကွဲမှုဟာ ယူကရိန်း ထောက်လှမ်းရေးဌာနရဲ့ လက်ချက်ဖြစ်တယ်လို့ ရုရှားရဲ့ ထိပ်တန်း တန်ပြန်ထောက်လှမ်းရေး ဌာနက တနလာၤနေ့မှာ ပြစ်တင် ပြောဆိုပါတယ်။

သူတို့ သားအဖ နှစ်ဦးစလုံးက ရုရှား သမ္မတ Vladimir Putin ရဲ့ ယူကရိန်း ကျူးကျော်စစ်ကို အခိုင်အမာ ထောက်ခံသူတွေ ဖြစ်ပါတယ်။ Alexander Dugin ရဲ့ အသက် ၂၉ နှစ် အရွယ် သမီးဖြစ်သူ Daria Dugina ကို စနေနေ့ညက သတ်ဖြတ်မှုဟာဆိုရင် ယူကရိန်း အထူးတပ်ဖွဲ့တွေရဲ့ ကြံစည် ဆောင်ရွက်မှု ဖြစ်တယ်လို့ ရုရှား ပြည်ထောင်စု လုံခြုံရေး ဌာန FSB က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ FSB ဟာဆိုရင် အရင် ဆိုဗီယက် KGB က ဆင်းသက်လာတဲ့ အဓိက ဌာန ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ ဘယ်သူကမှ သူတို့ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။ ယူကရိန်း သမ္မတရဲ့ အကြံပေး Mykhailo Podolyak ကတော့ ကားဗုံးခွဲမှုမှာ ယူကရိန်းတွေ ပါဝင် ပတ်သက်မှု မရှိကြောင်း တနင်္ဂနွေနေ့မှာ ငြင်းဆိုထားပါတယ်။

ဒါပေမယ့် FSB ရဲ့ ကြေညာချက်မှာတော့ ယူကရိန်း နိုင်ငံသား Natalya Vovk ဟာ ကားဗုံးခွဲ တိုက်ခိုက်မှု လုပ်ခဲ့ပြီးနောက် သူမရဲ့ ၁၂ နှစ် အရွယ် သမီး ဖြစ်သူနဲ့ အတူ ရုရှားကနေ အက်စတိုးနီးယားကို ထွက်ပြေးသွားကြောင်း စွပ်စွဲထားပါတယ်။ Vovk နဲ့ သမီး ဖြစ်သူတို့ဟာ ဇူလိုင်လ အတွင်းမှာ ရုရှားကို ရောက်လာခဲ့တာ ဖြစ်ပြီး Dugina ကို နောက်ယောင်ခံဖို့ အတွက် သူမ နေတဲ့ အဆောက်အအုံမှာဘဲ အခန်းငှား ခဲ့ကြတယ်လို့ ရုရှား လုံခြုံရေး ဌာနက ပြောဆိုထားပါတယ်။

ကားဗုံးမပေါက်ကွဲခင် ကလေးမှာဘဲ ဒီ ယူကရိန်း သားအမိ နှစ်ဦးက Dugin နဲ့ သမီး ဖြစ်သူတို့ တက်ရောက်နေကြတဲ့ အမျိုးသားရေး ပွဲတော်မှာ ရှိနေခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ Vovk နဲ့ သမီး ဖြစ်သူတို့က ရုရှား ကနေ အက်စတိုးနီးယားကို ကားနံပတ်ပြား ပြောင်းပြီး ထွက်ခွာသွားတာ ဖြစ်တယ်လို့လည်း FSB က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG