သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတ ပူတင်ရဲ့ မဟာမိတ်သမီး လုပ်ကြံ သတ်ဖြတ်ခံရ


Darya Dugina သေဆုံးသွားသည့် ပေါက်ကွဲမှုဖြစ်သည့် မော်စကိုမြို့အနီးက နေရာတွင် စုံစမ်း စစ်ဆေးနေစဉ်။
Darya Dugina သေဆုံးသွားသည့် ပေါက်ကွဲမှုဖြစ်သည့် မော်စကိုမြို့အနီးက နေရာတွင် စုံစမ်း စစ်ဆေးနေစဉ်။

ရုရှားသမ္မတ Vladimir Putin ရဲ့ မဟာမိတ်တစ်ယောက်ရဲ့ သမီးဟာ Toyota Land Cruiser ကားကို မောင်းသွားရင်း ပေါက်ကွဲသွားတာကြောင့် သေဆုံးသွားပါတယ်။

သတင်းစာဆရာတစ်ယောက်ဖြစ်တဲ့ Darya Dugin ဟာ မော်စကိုမြို့အနီးမှာ စနေနေ့က ပေါက်ကွဲသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကားက သူ့အဖေကား ဖြစ်ပြီး၊ အဖေကို ပစ်မှတ်ထားပုံ ရတယ်လို့ ဒါယာကိုသိတဲ့ သူငယ်ချင်းတစ်ယောက် ပြောတာကို ကိုးကားပြီး တာ့စ်သတင်းဌာန က ဆိုပါတယ်။ သားအဖနှစ်ယောက် ဟာ မော်စကိုမြို့ပြင်က ပွဲတစ်ခုကို လာတက်ကြတာဖြစ်ပြီး၊ နောက်ဆုံးအချိန်မှာ ကားလဲသွားကြတာ ဖြစ်တယ်လို့ ရုရှားအစိုးရသတင်းစာ Rossiiskaya Gazeta က ဆိုပါတယ်။

ဒါယာရဲ့အဖေဟာ ရုရှားနိုင်ငံရေးသုံးသပ်သူ Alexander Dugin ဖြစ်ပြီး၊ သူ့ကို သမ္မတပူတင်ရဲ့ ခေါင်းအဖြစ် တင်စားပြောတတ်ကြပါတယ်။ သူဟာ အစွန်းရောက် အမျိုးသားရေးဝါဒီ တစ်ယောက်လည်း ဖြစ်ပါတယ်။ သားအဖနှစ်ယောက်လုံးဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကို ထောက်ခံကြသူတွေ ဖြစ်ကြပါတယ်။

===== Unicode =====




XS
SM
MD
LG