သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယားဒေသမှာ ဒရုန်းယာဉ်တစင်း ရုရှားပစ်ချ 


Russia Ukraine War
Russia Ukraine War

ခရိုင်းမီးယားဒေသမှာ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်က အဝေးထိန်း ဒရုန်းယာဉ်တစင်းကို စနေနေ့က ပစ်ချလိုက်ကြောင်း ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ ပင်လယ်နက်ဒေသ ရုရှားရေတပ်ဌာနချုပ်မှာ အခုလို ကြုံရတာ သီတင်း ၃ ပတ်အတွင်း ဒါဟာ ဒုတိယအကြိမ်ပါ။ 

ခရိုင်းမီးယားဒေသမှာ ဒရုန်းယာဉ်တစင်း ရုရှားပစ်ချ

{{Zawgyi/Unicode}}
ခရိုင်းမီးယားဒေသမှာ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်က အဝေးထိန်း ဒရုန်းယာဉ်တစင်းကို စနေနေ့က ပစ်ချလိုက်ကြောင်း ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ ပင်လယ်နက်ဒေသ ရုရှားရေတပ်ဌာနချုပ်မှာ အခုလို ကြုံရတာ သီတင်း ၃ ပတ်အတွင်း ဒါဟာ ဒုတိယအကြိမ်ပါ။

အသေးစားဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် ခရိုင်းမီးယားဒေသ အနောက်ပိုင်းက လေကြောင်းရန် ကာကွယ်ရေး စနစ်က တုံ့ပြန်ခဲ့တာလို့လည်း ခရိုင်းမီးယားဒေသ အုပ်ချုပ်ရေးမှူးရဲ့ လက်ထောက်ဖြစ်သူ Oleg Kryuchkov ကပြောပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။

ခရိုင်းမီးယားဒေသကို ရုရှားပိုင်နက်ထဲ ၂၀၁၄ ခုနှစ်မှာ သွတ်သွင်းခဲ့ပေမဲ့ ယူကရိန်းကတော့ ရုရှားပိုင်အဖြစ် အသိအမှတ် လက်မခံပါဘူး။ ပစ်ချခံရတဲ့ ဒရုန်းယာဉ်ဟာ ရုရှားရေတပ်ဌာနချုပ် ခေါင်မိုးပေါ် ပြုတ်ကျခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ဘူးလို့လည်း Sevastopol အုပ်ချုပ်ရေးမှူး Mikhail Razvozhaev ကပြောပါတယ်။

လေကြောင်းရန် ကာကွယ်ရေးစနစ် ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေရိုက်ကူးပြီး ဖြန့်ဝေတာတွေ မလုပ်ကြဖို့လည်း ဒေသခံတွေကို အုပ်ချုပ်ရေးမှူးက စနေနေ့ညမှာ Telegram ကနေ သတိပေးခဲ့တယ်လို့လည်း Reuters သတင်းက ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ ခရိုင်းမီးယား ဒေသမှာ ရုရှားရဲ့ အားနည်းချက်ကို ပြသရာလည်း ရောက်ခဲ့တာပါ။ ဒီသီတင်းပတ်အတွင်းမှာပဲ Crimea ကျွန်းဆွယ်က ရုရှား လက်နက်သိုလှောင်ရုံတရုံ ပေါက်ကွဲမီးလောင်ခဲ့သလို ဒီလအစောပိုင်းကလည်း အဲဒီကျွန်းဆွယ်ပေါ်က ရုရှားလေတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်လေယာဉ် ၉ စင်း ပျက်စီးခဲ့ပါတယ်။

ခရိုင်းမီးယားဒေသမှာ ဒရုန်းယာဉ်တစင်း ရုရှားပစ်ချ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

......................................................


{{Zawgyi/Unicode}}





XS
SM
MD
LG