သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း ေတာင္ပိုင္းၿမိဳ႕ Mykolaiv ကို ႐ုရွားတို႔ ပစ္ခတ္ တိုက္ခိုက္  


Russia's attack on Ukraine continues in Mykolaiv Region

ယူကရိန္းအေရွ႕ပိုင္းေဒသမွာ ႐ုရွားတပ္ေတြက ေနာက္ထပ္တိုက္ခိုက္မႈေတြ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ေနခ်ိန္မွာပဲ ေတာင္ပိုင္းက ယူကရိန္းရဲ႕ မဟာဗ်ဴဟာအခ်က္ခ်ာက်တဲ့ Mykolaiv ၿမိဳ႕မွာလည္း တနဂၤေႏြေန႔က ႐ုရွားရဲ႕ မစ္စိုင္းဒံုးက်ည္ေတြ ပစ္ခတ္တာခံခဲ့ရပါတယ္။ 

ယူကရိန္း ေတာင္ပိုင္းၿမိဳ႕ Mykolaiv ကို ႐ုရွားတို႔ ပစ္ခတ္ တိုက္ခိုက္

{{Zawgyi/Unicode}}
ယူကရိန္းအေရွ႕ပိုင္းေဒသမွာ ႐ုရွားတပ္ေတြက ေနာက္ထပ္တိုက္ခိုက္မႈေတြ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ေနခ်ိန္မွာပဲ ေတာင္ပိုင္းက ယူကရိန္းရဲ႕ မဟာဗ်ဴဟာအခ်က္ခ်ာက်တဲ့ Mykolaiv ၿမိဳ႕မွာလည္း တနဂၤေႏြေန႔က ႐ုရွားရဲ႕ မစ္စိုင္းဒံုးက်ည္ေတြ ပစ္ခတ္တာခံခဲ့ရပါတယ္။

Mykolaiv ၿမိဳ႕ေတာ္ဝန္ Oleksandr Senkevych ကေတာ့ သူတို႔ၿမိဳ႕က သေဘၤာတည္ေဆာက္တဲ့ ဗဟိုဌာနကို ႐ုရွားမစ္စိုင္းဒံုးက်ည္ေတြ ထိမွန္ခဲ့တယ္လို႔ ေျပာပါတယ္။ ေသဆံုးဒဏ္ရာရမႈ ရွိမရွိေတာ့ မသိရေသးပါဘူး။

႐ုရွားစစ္တပ္ကေလည္း သူတို႔ဟာ ႐ိုေမးနီးယားအထိ ေရာက္တဲ့ ယူကရိန္းရဲ႕ ပင္လယ္နယ္ကမ္း႐ိုးတန္း တခုလံုးကို အဆက္သြယ္ျဖတ္ေတာက္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာပါတယ္။ ႐ုရွားသိမ္းထားတဲ့ Crimea နဲ႔ ယူကရိန္းပင္မဆိပ္ကမ္း Odesa ၾကား ပင္လယ္နက္ကမ္း႐ိုးတန္းနားက Mykolaiv ကို ၅ လၾကာေနၿပီျဖစ္တဲ့ စစ္ပြဲ အေစာပိုင္းတုန္းက ႐ုရွားတို႔ သိမ္းဖို႔ ႀကိဳးစားမႈကို ယူကရိန္းတပ္ေတြကတိုက္ထုတ္ႏိုင္ခဲ့တာပါ။ အဲဒီအခ်ိန္ကတည္းက ဒီၿမိဳ႕ကိုေရာ Odesa ကိုပါ ႐ုရွားက မစ္စိုင္းဒံုးေတြနဲ႔ ပံုမွန္ ပစ္ခတ္ေနတာ ျဖစ္ပါတယ္။

ေတာင္ပိုင္းက Kherson၊ Mariupol နဲ႔ Zaporizhzhia ၿမိဳ႕ေတြၾကား ႐ုရွားက တပ္သားေတြေရာ စက္ပစၥည္းေတြကိုပါ ေရႊ႕ေျပာင္းေနသလို Melitopol ၿမိဳ႕တဝိုက္မွာလည္း လံုျခံဳေရးေတြ တိုးျမႇင့္ေနတာေတြ႕ရၿပီး ဒါဟာ ယူကရိန္းအေရွ႕ပိုင္းမွာ ဆက္တိုက္ေနေပမယ့္ ေတာင္ပိုင္းမွာလည္း တပ္ေတြအသင့္ရွိဖို႔ လိုတယ္လို႔ ႐ုရွားတပ္မႈးေတြ တြက္ဆေနတာျဖစ္ေၾကာင္း ၿဗိတိန္ကာကြယ္ေရးဌာနက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

တိုက္ပြဲေတြ ျဖစ္ပြါးေနတဲ့ ေနရာကို ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu စေနေန႔ ေရာက္လာခ်ိန္ကလည္း အခု ထိုးစစ္ဆင္ေနတဲ့ ေနရာအားလံုးမွာ တိုက္ပြဲအရွိန္ျမႇင့္ၾကဖို႔ အမိန္႔ေပးခဲ့တာ ျဖစ္ပါတယ္။ ယူကရိန္း စစ္ေထာက္လွမ္းဌာန ေျပာခြင့္ရကေတာ့ ႐ုရွားဟာ သူ႔ထိုးစစ္ကို ေနာက္တဆင့္ တက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................................

ယူကရိန်း တောင်ပိုင်းမြို့ Mykolaiv ကို ရုရှားတို့ ပစ်ခတ် တိုက်ခိုက်

{{Zawgyi/Unicode}}
ယူကရိန်းအရှေ့ပိုင်းဒေသမှာ ရုရှားတပ်တွေက နောက်ထပ်တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေချိန်မှာပဲ တောင်ပိုင်းက ယူကရိန်းရဲ့ မဟာဗျူဟာအချက်ချာကျတဲ့ Mykolaiv မြို့မှာလည်း တနင်္ဂနွေနေ့က ရုရှားရဲ့ မစ်စိုင်းဒုံးကျည်တွေ ပစ်ခတ်တာခံခဲ့ရပါတယ်။

Mykolaiv မြို့တော်ဝန် Oleksandr Senkevych ကတော့ သူတို့မြို့က သင်္ဘောတည်ဆောက်တဲ့ ဗဟိုဌာနကို ရုရှားမစ်စိုင်းဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးဒဏ်ရာရမှု ရှိမရှိတော့ မသိရသေးပါဘူး။

ရုရှားစစ်တပ်ကလေည်း သူတို့ဟာ ရိုမေးနီးယားအထိ ရောက်တဲ့ ယူကရိန်းရဲ့ ပင်လယ်နယ်ကမ်းရိုးတန်း တခုလုံးကို အဆက်သွယ်ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ ရုရှားသိမ်းထားတဲ့ Crimea နဲ့ ယူကရိန်းပင်မဆိပ်ကမ်း Odesa ကြား ပင်လယ်နက်ကမ်းရိုးတန်းနားက Mykolaiv ကို ၅ လကြာနေပြီဖြစ်တဲ့ စစ်ပွဲ အစောပိုင်းတုန်းက ရုရှားတို့ သိမ်းဖို့ ကြိုးစားမှုကို ယူကရိန်းတပ်တွေကတိုက်ထုတ်နိုင်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက ဒီမြို့ကိုရော Odesa ကိုပါ ရုရှားက မစ်စိုင်းဒုံးတွေနဲ့ ပုံမှန် ပစ်ခတ်နေတာ ဖြစ်ပါတယ်။

တောင်ပိုင်းက Kherson၊ Mariupol နဲ့ Zaporizhzhia မြို့တွေကြား ရုရှားက တပ်သားတွေရော စက်ပစ္စည်းတွေကိုပါ ရွှေ့ပြောင်းနေသလို Melitopol မြို့တဝိုက်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်နေတာတွေ့ရပြီး ဒါဟာ ယူကရိန်းအရှေ့ပိုင်းမှာ ဆက်တိုက်နေပေမယ့် တောင်ပိုင်းမှာလည်း တပ်တွေအသင့်ရှိဖို့ လိုတယ်လို့ ရုရှားတပ်မှုးတွေ တွက်ဆနေတာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu စနေနေ့ ရောက်လာချိန်ကလည်း အခု ထိုးစစ်ဆင်နေတဲ့ နေရာအားလုံးမှာ တိုက်ပွဲအရှိန်မြှင့်ကြဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း စစ်ထောက်လှမ်းဌာန ပြောခွင့်ရကတော့ ရုရှားဟာ သူ့ထိုးစစ်ကို နောက်တဆင့် တက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG