သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ပိုင္းမွာ ႐ုရွားထိုးစစ္အရွိန္ျမႇင့္


Russia Ukraine War

Zawgyi/Unicode

Zawgyi

တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ယူကရိန္းအေရွ႕ပိုင္း Donbas ေဒသမွာ စေနေန႔က ႐ုရွားနဲ႔ ယူကရိန္းတပ္ေတြၾကား အျပန္အလွန္ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနၾကပါတယ္။ စေနအေစာပိုင္းက ယူကရိန္းၿမိဳ႕ႀကီး အေတာ္မ်ားမ်ားမွာ ႐ုရွားရဲ႕ မစ္ဇိုင္းဒုံး ေပါက္ကြဲမႈေတြ ရွိခဲ့ၿပီး လူေန အေဆာက္အဦးေတြပါ ပ်က္စီးခဲ့ရပါတယ္။

Dnipro ၿမိဳ႕မွာေတာ့ မစ္ဇိုင္းဒုံးထိမွန္ရာက ၃ ဦးေသၿပီး ၁၅ ဦး ဒဏ္ရာရခဲ့ေၾကာင္း ၿမိဳ႕ေတာ္ဝန္ Valentyn Reznychenko က တယ္လီဂရမ္လူမႈကြန္ယက္မွာ ေရးပါတယ္။ ယူကရိန္းေလတပ္ကေတာ့ ဒီ ၿမိဳ႕ကို ပစ္ခတ္လာတဲ့ မစ္ဇိုင္းဒုံး ၄ ခုကို ၾကားျဖတ္ တားဆီးႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

ယူကရိန္း အေရွ႕ေျမာက္ပိုင္း Kharkiv ၿမိဳ႕တဝိုက္ မွာေတာ့ ႐ုရွားေတြရဲ႕ မစ္ဇင္းဒံုးေၾကာင့္ Chuguiv မွာ ၃ ဦးေသဆံုးခဲ့တယ္လို႔ Kharkiv ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။ ယူကရိန္းအလယ္ပိုင္းက Vinnytsia ၿမိဳ႕မွာလည္း ႐ုရွားေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ ေသဆံုးရသူက ၂၄ ဦးရွိသြားၿပီလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ယူကရိန္းမွာ ႐ုရွားတပ္ေတြစစ္ေရးအရွိန္တိုးျမႇင့္ဖို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu က ၫႊန္ၾကားခဲ့ခ်ိန္မွာ ခုလိုတိုက္ခိုက္တာ ျဖစ္ၿပီး ဒါဟာ ယူကရိန္းအေရွ႕ပိုင္းနဲ႔ တျခား ႐ုရွားထိန္းခ်ဳပ္ထားတဲ့ေဒသေတြမွာ ယူကရိန္းေတြ လာမတိုက္ႏိုင္ေအာင္ ကာကြယ္ဖို႔ ျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးရဲ႕ ေျပာၾကားခ်က္ကို ဝန္ႀကီးဌာန ဝဘ္ဆိုက္မွာ ေဖၚျပထားပါတယ္။

အီရန္က လက္နက္တပ္ဆင္ႏိုင္တဲ့ အေ၀းထိန္းဒ႐ုန္း အမ်ားအျပား ႐ုရွားကို ေပးဖို႔ ျပင္ဆင္ေနတယ္လို႔ အေမရိကန္အရာရွိေတြက ေထာက္လွန္းေရးဓါတ္ပံုနဲ႔ ထုတ္ေဖၚေျပာဆိုခဲ့တဲ့ေနာက္ အခုလို ကာကြယ္ေရးဝန္ႀကီး က ေျပာလိုက္တာျဖစ္ပါတယ္။ ဒီေမာင္းသူမဲ့ ဒ႐ုန္းေတြကို ယူကရိန္းစစ္ပြဲမွာ သံုးလာႏိုင္ေျခရွိေနပါတယ္။

အေမရိကန္က ယူကရိန္းကို ပို႔ေပးတဲ့ အဆင့္ျမင့္ေရာ့ကတ္ဒုံးေတြဟာ Donbas ေဒသက ႐ုရွားတပ္ေတြကို ယူကရိန္းေတြ တိုက္ထုတ္ရာမွာ သိသိသာသာ ထိေရာက္မႈရွိေၾကာင္း အေမရိကန္နဲ႔ ယူကရိန္းအရာရွိေတြက ေျပာပါတယ္။

စေနေန႔က ေဆာ္ဒီေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကေတာ့ ႐ုရွားရဲ႕ ယူကရိန္းအေပၚ က်ဳးေက်ာ္မႈဟာ ႏိုင္ငံတကာ စည္းမ်ဥ္းစည္းကမ္းေတြ အားနည္းေအာင္ ႀကိဳးစားတဲ့လုပ္ရပ္တခုအျဖစ္ မွတ္ခ်က္ေပးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

Unicode

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသမှာ စနေနေ့က ရုရှားနဲ့ ယူကရိန်းတပ်တွေကြား အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြပါတယ်။ စနေအစောပိုင်းက ယူကရိန်းမြို့ကြီး အတော်များများမှာ ရုရှားရဲ့ မစ်ဇိုင်းဒုံး ပေါက်ကွဲမှုတွေ ရှိခဲ့ပြီး လူနေ အဆောက်အဦးတွေပါ ပျက်စီးခဲ့ရပါတယ်။

Dnipro မြို့မှာတော့ မစ်ဇိုင်းဒုံးထိမှန်ရာက ၃ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန် Valentyn Reznychenko က တယ်လီဂရမ်လူမှုကွန်ယက်မှာ ရေးပါတယ်။ ယူကရိန်းလေတပ်ကတော့ ဒီ မြို့ကို ပစ်ခတ်လာတဲ့ မစ်ဇိုင်းဒုံး ၄ ခုကို ကြားဖြတ် တားဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်း အရှေ့မြောက်ပိုင်း Kharkiv မြို့တဝိုက် မှာတော့ ရုရှားတွေရဲ့ မစ်ဇင်းဒုံးကြောင့် Chuguiv မှာ ၃ ဦးသေဆုံးခဲ့တယ်လို့ Kharkiv မြို့တော်ဝန်က ပြောပါတယ်။ ယူကရိန်းအလယ်ပိုင်းက Vinnytsia မြို့မှာလည်း ရုရှားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရသူက ၂၄ ဦးရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်းမှာ ရုရှားတပ်တွေစစ်ရေးအရှိန်တိုးမြ ှင့်ဖို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ညွှန်ကြားခဲ့ချိန်မှာ ခုလိုတိုက်ခိုက်တာ ဖြစ်ပြီး ဒါဟာ ယူကရိန်းအရှေ့ပိုင်းနဲ့ တခြား ရုရှားထိန်းချုပ်ထားတဲ့ဒေသတွေမှာ ယူကရိန်းတွေ လာမတိုက်နိုင်အောင် ကာကွယ်ဖို့ ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ဝန်ကြီးဌာန ဝဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အီရန်က လက်နက်တပ်ဆင်နိုင်တဲ့ အဝေးထိန်းဒရုန်း အများအပြား ရုရှားကို ပေးဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်အရာရှိတွေက ထောက်လှန်းရေးဓါတ်ပုံနဲ့ ထုတ်ဖေါ်ပြောဆိုခဲ့တဲ့နောက် အခုလို ကာကွယ်ရေးဝန်ကြီး က ပြောလိုက်တာဖြစ်ပါတယ်။ ဒီမောင်းသူမဲ့ ဒရုန်းတွေကို ယူကရိန်းစစ်ပွဲမှာ သုံးလာနိုင်ခြေရှိနေပါတယ်။

အမေရိကန်က ယူကရိန်းကို ပို့ပေးတဲ့ အဆင့်မြင့်ရော့ကတ်ဒုံးတွေဟာ Donbas ဒေသက ရုရှားတပ်တွေကို ယူကရိန်းတွေ တိုက်ထုတ်ရာမှာ သိသိသာသာ ထိရောက်မှုရှိကြောင်း အမေရိကန်နဲ့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

စနေနေ့က ဆော်ဒီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျုးကျော်မှုဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ အားနည်းအောင် ကြိုးစားတဲ့လုပ်ရပ်တခုအဖြစ် မှတ်ချက်ပေးခဲ့တာပါ။

XS
SM
MD
LG