သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် HIMARS ဒုံးစနစ် ယူကရိန်းခုခံစစ်မှာ ထိရောက်


UKRAINE-CRISIS/MISSILES
UKRAINE-CRISIS/MISSILES

အမေရိကန်ပြည်ထောင်စုက အကူအညီပေးခဲ့တဲ့ ဒုံးစနစ်တွေကြောင့် ရုရှားကျူးကျော်စစ်ကို ခုခံရာမှာ အတော်လေး ထိရောက်နေတယ်လို့ အမေရိကန်ရော ယူကရိန်း တာဝန်ရှိသူတွေကပါ ပြောဆိုကြပါတယ်။ ယူကရိန်းအရှေ့ခြမ်း Donbas ဒေသမှာ ရုရှားကျူးကျော်မှုကို ရင်ဆိုင်နေတဲ့ ယူကရိန်းတပ်တွေအတွက် ဒီဒုံးစနစ်တွေက အတော်လေး အထောက်အကူဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားရဲ့ စစ်ဖက်ဆိုင်ရာ ပစ်မှတ် (၃၀) ကျော်ကို ထိထိရောက်ရောက် ချေမှုန်းဖျက်ဆီးနိုင်ခဲ့တာကြောင့် ရုရှားတပ်တွေရဲ့ တိုက်ခိုက်စွမ်းရည် သိသိသာသာ ကျဆင်းသွားစေခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ အမေရိကန် အကူအညီပေးတဲ့ HIMARS (ဟိုင်းမက်) ခေတ်မီအဆင့်မြင့်ဒုံးစနစ်ဟာ GPS နဲ့ ထိန်းချုပ်ပြီး ဒုံးကျည်အများအပြားကို တကြိမ်တည်း ဆက်တိုက်ပစ်ခတ်နိုင်တာကြောင့်၊ ရုရှားကျူးကျော်မှုကို အတော်လေး ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့တယ်လို့ အမေရိကန် စစ်ဖက်အကြီးတန်းအရာရှိတဦးကပါ ပြောဆိုခဲ့ပါတယ်။

ဒုံးစနစ်ဟာ ယူကရိန်းမှာရှိတဲ့ ဆိုဗီယက်ခေတ်လက်ကျန် လက်နက်ကြီးတွေထက် ပိုပြီး တာဝေးကို တိတိကျကျ ပစ်ခတ်နိုင်သလို၊ ရှေ့တန်းစစ်မျက်နှာပြင် နောက်ပိုင်းက ရုရှားပစ်မှတ်တွေကိုပါ တိုက်ခိုက်နိုင်စွမ်းရှိခဲ့တာပါ။ ဒီအတွက်ကြောင့် Donbas ဒေသမှာ ရုရှားတပ်တွေရဲ့စစ်ရေးလှုပ်ရှားမှု အကန့်အသတ် ဖြစ်ခဲ့ပြီး၊ ယူကရိန်းတပ်တွေဘက်က ရုရှားကို ထိန်းထားနိုင်ခဲ့တယ်လို့ အမေရိကန် စစ်ဖက်အကြီးတန်းအရာရှိက ပြောပါတယ်။

=== Unicode ===




XS
SM
MD
LG