သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



FILE - This photograph taken June 14, 2022, shows wheat in a grain storage facility on a farm near Izmail, in the Odesa region, amid the Russian invasion of Ukraine.




{{Zawgyi/Unicode}}





တိုက်ရိုက် လင့်ခ်

.....................................................


ယူကရိန်းထွက်ကောက်နှံ ပြည်ပတင်ပို့နိုင်ရေး ရုရှားနဲ့ဆွေးနွေး

{{Zawgyi/Unicode}}

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ကာလတအတွင်း ရုရှားတို့ ပိတ်ဆို့ဟန့်တားထားတဲ့ ပင်လယ်နက်ထဲက ဆိပ်ကမ်းတွေကနေ ယူကရိန်းရဲ့ ကောက်နှံတွေ ပြည်ပကို ပြန်လည်တင်ပို့နိုင်ရေး သဘောတူညီမှုရဖို့ နီးကပ်လာပြီလို့ ယူကရိန်းက ပြောပါတယ်။ ကောက်ပဲသီးနှံတွေစတင် တင်ပို့နိုင်ရေး ကုလသမဂ္ဂ၊ တူရကီအပါအဝင် ရုရှားတာဝန်ရှိသူတွေနဲ့ တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမတိုင်ခင်မှာပဲ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာပါ။

သဘောတူညီမှုရဖို့ ခြေလှမ်း ၂ လှမ်းလောက်သာ လိုပါတော့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ ရုရှားနဲ့ ယူကရိန်းကြား လနဲ့ချီကြာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုမှာ တိုးတက်မှုရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့တာပါ။

ယူကရိန်းနိုင်ငံထွက် ကောက်နှံတန်ချိန် သန်း ၂၀ လောက် ပင်လယ်နက်ထဲက Odesa ဆိပ်ကမ်းမှာ သောင်တင်နေသလို ရုရှားက ပိတ်ဆို့ ဟန့်တားထားတဲ့အတွက် ဒါဇင်နဲ့ချီတဲ့ ကုန်တင်သင်္ဘောတွေလည်း ဒီအတိုင်းကျောက်ချရပ်နားထားရပါတယ်။

ကမ္ဘာ့ဈေးကွက်ကို အလျင်အမြန် ကုန်တင်ပို့ ဖြန့်ဖြူးတင်ပို့ပေးမယ့် ကုန်တင်သင်္ဘောအစီး ၂၀ လောက်လည်း ဒေသတွင်းမှာအဆင်သင့်ရှိနေပါတယ်လို့ တူရကီကပြောပါတယ်။ ခုလို ကောက်ပဲသီးနှံတွေတင်ပို့ရေး နှောင့်နေး ကြန့်ကြာနေတဲ့အတွက် အထူးသဖြင့် ဆင်းရဲတဲ့တိုင်းပြည်တွေမှာ စားနပ်ရိက္ခာရှားပါးမှုအကျိုးဆက်တွေကျရောက်လာမှာကို နိုင်ငံတကာ ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG