သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း ၄၀၀ အမေရိကန်ထပ်မံပေးအပ်


Russia Ukraine War
Russia Ukraine War

Zawgyi/ Unicode

//Zawgyi//

ယူကရိန်းအရှေ့ပိုင်း Donbas နဲ့ တခြားနေရာတွေမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေကို၊ ပစ်မှတ်ထား၊ ဟန့်တားဖျက်ဆီးနိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီတွေ ပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။

အလွယ်တကူ ရွှေ့ပြောင်း ပစ်ခတ်နိုင်တဲ့ အဆင့်မြင့် HIMARS လက်နက်ကြီး နောက်ထပ် ၄ ခုနဲ့ အရင်က ယူကရိန်းကို မပို့ပေးဘူးသေးတဲ့ ၁၅၅ မမ - လက်နက်ကြီးကျည် ၁၀၀၀ အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ သန်း ၄၀၀ တန် အကူအညီတွေ ထပ ်မံပေးအပ်မှာဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒါဟာ ယူကရိန်းအတွက် ရန်သူပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်စွမ်းရှိတဲ့ လက်နက်တွေကို ပေးအပ်တာဖြစ်တဲ့အတွက် ထိရောက်မှု ရှိနိုင်သလို Donbas ဒေသတိုက်ပွဲအတွက် ယူကရိန်းကိုအကူညီပေးမှုမှာ တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ လည်း ပြောပါတယ်။ အဓိကက ယူကရိန်းတပ်သားတွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ဖြစ်ပြီး ယူကရိန်းတွေဟာ ဆက်ပြီး တိုက်နိုင်စွမ်းရှိနေတယ် ဆိုတာ ရုရှားတွေ သိသွားဖို့က အရေးအကြီးဆုံး ဖြစ်ကြောင်းလည်း ပြောပါတယ်။

ယူကရိန်းတွေဟာ အရင်က အမေရိကန်တွေ ပို့ပေးထားတဲ့ HIMARS လက်နက်ကြီး ၈ လက်ကို တွဲသုံးပြီး Donbas မှာ ရုရှားထိုးစစ်ဆင်မှုကို နှေးကွေးအောင်လုပ်နိုင်ခဲ့သလို ပင်လယ်ကွေ့ ဒေသမှာလည်း ရုရှားတပ်တွေကို ထိန်းထားနိုင်တာအတွက် အမေရိကန်အရာရှိတွေက ချီးကျုးခဲ့ကြပါတယ်။ ဒီအဆင့်မြင့် လက်နက်တွေသုံးဖို့ ယူကရိန်းတပ်သား ၁၀၀ ကျော်ကို သင်တန်းပေးထားတာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းအရှေ့ပိုင်း က Luhansk ဒေသကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးတဲ့ နောက်မှာ အမေရိကန်က အခုလို ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

//Unicode//






XS
SM
MD
LG