႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ အေရးက အဓိက ဦးစားေပး အေၾကာင္းအရာ ျဖစ္ေနခ်ိန္မွာဘဲ အင္ဒိုနီးရွား ႏိုင္ငံ ဘာလီမွာ ဒီသီတင္းပတ္ ေႏွာင္ပိုင္းမွာ က်င္းပမယ့္ G-20 စီးပြားေရး အင္အား အႀကီးဆံုး ႏိုင္ငံ ၂၀ အဖြဲ႔ရဲ႕ ႏိုင္ငံျခားေရး ၀န္ႀကီးေတြနဲ႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken ေတြ႕ဆံုဖို႔ ရွိေနပါတယ္။
ဘာလီမွာ ဇူလိုင္လ ၇ရက္နဲ႔ ၈ ရက္ေန႔တို႔မွာ က်င္းပမယ့္ G-20 ၀န္ႀကီးအဆင့္ ေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Blinken ဗုဒၶဟူးေန႔မွာ ထြက္ခြာမွာ ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီး Wang Yi နဲ႔လည္း ဘာလီမွာ သီးျခား ေတြ႕ဆံုေဆြးေႏြးဖို႔ ရွိေနပါတယ္။
G-20 ဆက္စပ္ ေဆြးေႏြးပြဲေတြကို တက္ေရာက္မယ့္ အျပင္ အင္ဒိုနီးရွား ႏိုင္ငံျခားေရး ၀န္ႀကီး Retno Marsudi နဲ႔လည္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး ေတြ႕ဆံုေဆြးေႏြးမွာ ျဖစ္ေၾကာင္း၊ ဒါ႔အျပင္ G-20 စည္းေ၀းပြဲေတြအတြင္း တ႐ုတ္ ႏိုင္ငံေတာ္ ေကာင္စီ၀င္ ႏိုင္ငံျခားေရး ၀န္ႀကီး Wang Yi နဲ႔လည္း သီးျခားေတြ႕ဆံုမယ့္ အေၾကာင္း ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက အဂၤါေန႔မွာ ေၾကညာခ်က္ ထုတ္ပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးနဲ႔ တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးနဲ႔ ၂ ႀကိမ္ ေဆြးေႏြးဖို႔ ရွိေနတာမွာ ပထမ ေဆြးေႏြးပြဲမွာေတာ့ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို အေလးထားမယ့္ပံု ရၿပီး ဒုတိယ ေဆြးေႏြးပြဲမွာေတာ့ ႏိုင္ငံတကာ ကိစၥေတြကို ေဆြးေႏြးမယ့္ အေနအထားရွိေၾကာင္း သံတမန္ သတင္းရင္းျမစ္ေတြက ေျပာဆိုၾကပါတယ္။ G-20 ၀န္ႀကီးအဆင့္ ေဆြးေႏြးပြဲေတြ အၿပီးမွာေတာ့ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Blinken က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္ကို သြားေရာက္မွာ ျဖစ္ပါတယ္။
က်န္းမာေရးနဲ႔ ရာသီဥတု ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး တိုးျမႇင့္ေရး၊ ၿပီးခဲ႔တဲ႔ႏွစ္ အတြင္း စစ္အာဏာသိမ္းခံရတဲ႔ ျမန္မာႏိုင္ငံတြင္း လူသားခ်င္း စာနာမႈဆိုင္ရာ အက်ပ္အတည္းျပသနာေတြ ေျပေလ်ာ့ေစေရး တို႔ဟာလည္း ေဆြးေႏြးေဆာင္ရြက္မယ့္ အစီအစဥ္ေတြထဲမွာ ပါ၀င္ေၾကာင္း ႏိုင္ငံျခားေရး ၀န္ၾကပီးဌာနက ေျပာဆိုထားပါတယ္။
(Unicode)
ကန်နဲ့တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေ G-20 အစည်းအဝေးမှာ သီးသန့်တွေ့မည်
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အရေးက အဓိက ဦးစားပေး အကြောင်းအရာ ဖြစ်နေချိန်မှာဘဲ အင်ဒိုနီးရှား နိုင်ငံ ဘာလီမှာ ဒီသီတင်းပတ် နှောင်ပိုင်းမှာ ကျင်းပမယ့် G-20 စီးပွားရေး အင်အား အကြီးဆုံး နိုင်ငံ ၂၀ အဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken တွေ့ဆုံဖို့ ရှိနေပါတယ်။
ဘာလီမှာ ဇူလိုင်လ ၇ရက်နဲ့ ၈ ရက်နေ့တို့မှာ ကျင်းပမယ့် G-20 ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken ဗုဒ္ဓဟူးနေ့မှာ ထွက်ခွာမှာ ဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့လည်း ဘာလီမှာ သီးခြား တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
G-20 ဆက်စပ် ဆွေးနွေးပွဲတွေကို တက်ရောက်မယ့် အပြင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi နဲ့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံဆွေးနွေးမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် G-20 စည်းဝေးပွဲတွေအတွင်း တရုတ် နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့လည်း သီးခြားတွေ့ဆုံမယ့် အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ၂ ကြိမ် ဆွေးနွေးဖို့ ရှိနေတာမှာ ပထမ ဆွေးနွေးပွဲမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားမယ့်ပုံ ရပြီး ဒုတိယ ဆွေးနွေးပွဲမှာတော့ နိုင်ငံတကာ ကိစ္စတွေကို ဆွေးနွေးမယ့် အနေအထားရှိကြောင်း သံတမန် သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။ G-20 ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေ အပြီးမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ရာသီဥတု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေး၊ ပြီးခဲ့တဲ့နှစ် အတွင်း စစ်အာဏာသိမ်းခံရတဲ့ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းပြသနာတွေ ပြေလျော့စေရေး တို့ဟာလည်း ဆွေးနွေးဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာ ပါဝင်ကြောင်း နိုင်ငံခြားရေး ဝန်ကြပီးဌာနက ပြောဆိုထားပါတယ်။