သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးထိုင်းခရီး မြန်မာအကျပ်အတည်း ဆွေးနွေးမည်


ကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
ကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

[[Zawgyi/Unicode]]

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို ဇူလိုင် ၆ ရက်က ၁၁ ရက်အထိ သွားရောက်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာရှိနေစဉ် G-20 ဆိုင်ရာ ကိစ္စရပ်များအပြင်၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ ဆွေးနွေးဖို့ ရှိပါတယ်။ တရုပ် နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့လည်း သီးခြားတွေ့ဆုံမှာ ဖြစ်ပါတယ်။

ဘန်ကောက်ကို ရောက်တဲ့အခါမှာတော့ ဝန်ကြီးချုပ် Prayut Chan-o-cha၊ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ အာရှ-ပစိဖိတ် စီးပွါးရေး ပူးပေါင်း‌ဆောင်ရွက်မှု လုပ်ငန်းစဉ် ၂၀၂၂ အောင်မြင့်မှုအပေါ်မှာ ဆက်လက် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိပါတယ်။ ကျန်းမာရေးနဲ့ ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံ အကျပ်အတည်း ကိစ္စတွေလည်း ပါဝင်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Ned Price က ထုတ်ပြန်ပါတယ်။

လွတ်လပ်၊ ပွင့်လင်း၊ ချိတ်ဆက် ကြွယ်ဝ၊ လုံခြုံမှုရှိပြီး အရှုံးမပေးစိတ်ဓာတ်တည်ရှိတဲ့ ဒေသဖြစ်ရေး သမ္မတရဲ့ အင်ဒို-ပစိဖိတ် မဟာဗျူဟာကို မြှင့်တင်ဆောင်ရွက်ရာမှာ အမေရိကန်နဲ့ ထိုင်း မဟာမိတ်ဖွဲ့မှုဟာ အလွန့်ကို အရေးကြီးတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]




ဆက်စပ်သတင်းများ ...

XS
SM
MD
LG