သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-နိုင်ငံခြားရေးဌာန အတိုင်ပင်ခံနဲ့ NUG ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး


ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းကိုသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့အဖွဲ့ဝင်များ (ဇွန်လ ၉ ရက်၊ ၂၀၂၂/ photo- Thai Government Official)
ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်းကိုသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့အဖွဲ့ဝင်များ (ဇွန်လ ၉ ရက်၊ ၂၀၂၂/ photo- Thai Government Official)


ဒီလအစောပိုင်းက အရှေ့တောင်အာရှနိုင်ငံတချို့ကို သွားရောက်ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က သူ့ခရီးစဉ်အတွင်း ဆွေးနွေးချက်တွေကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ မနေ့က ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့နဲ့ မြန်မာပြည်သူတွေအတွက် စုစည်းညီညွတ်ပြီး လွတ်လပ်သာယာဝပြောတဲ့ အနာဂတ်နိုင်ငံတခု ဖြစ်လာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်နေတဲ့ အမေရိကန်အစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ NUG ဝန်ကြီးချုပ် နဲ့ ဆွေးနွေးခဲ့တယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Chollet က သူ့ရဲ့ Twitter လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောဆိုထားပါတယ်။ မစ္စတာ Chollet ဟာ ဇွန်လ ၇ ရက် နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်္ကာပူ၊ ဘရူနိုင်း စတဲ့ အာဆီယံနိုင်ငံတွေကို သွားရောက်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေး ကိစ္စအပါအဝင်၊ ပြီးခဲ့တဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက် အကာင်အထည်ဖော်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့တဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲ့ဒီအချိန်က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာတော့ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး၊ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေအပါအဝင် မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ပါ မစ္စတာ Chollet တြေ့ဆုံခဲ့ပါတယ်။

===Unicode ====




XS
SM
MD
LG