သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး ကန္ နဲ႔ မဟာမိတ္ေတြ ေဆြးေႏြး


အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet (ညာ)

= =[[ Zawgyi ]]= =

ျမန္မာ႔အေရး ကန္ နဲ႔ မဟာမိတ္ေတြ ေဆြးေႏြး

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပဋိပကၡေတြနဲ႔ စာနာမႈဆိုင္ရာ အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္လို႔ အေမရိကန္က မဟာမိတ္ႏိုင္ငံေတြနဲ႔ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ဗုဒၶဟူးေန႔မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ထိထိေရာက္ေရာက္ ပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔ ဥေရာပသမဂၢ (EU) ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ကေနဒါ၊ ၾသစေၾတးလ်၊ နယူးဇီလန္ ႏိုင္ငံက တာ၀န္ရွိသူေတြနဲ႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet တို႔ ဒီသီတင္းပတ္ထဲမွာပဲ ေဆြးေႏြးခဲ့ၾကတာပါ။

ျမန္မာစစ္အာဏာပိုင္ေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ လူသားခ်င္းစာနာမႈ အေျခအေနေတြ ဆိုးရြားလာေနတဲ့အေပၚ စိုးရိမ္တဲ့သေဘာထားကိုလည္း ေဆြးေႏြးမႈအတြင္း အတိုင္ပင္ခံအရာရွိက ေျပာၾကားခဲ့ေၾကာင္း ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အၾကမ္းဖက္မႈေတြကိုရပ္ဖို႔၊ မတရား ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔၊ လူသားခ်င္းစာနာမႈ လုပ္ငန္းေတြ လြတ္လြတ္လပ္လပ္ လုပ္ခြင့္ရွိဖို႔၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ျပႆနာေတြကို ေျဖရွင္းဖို႔နဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ လုပ္ဖို႔လည္း အေလးထား ေျပာဆိုခဲ့တာပါ။

ျမန္မာစစ္အာဏာပိုင္ေတြ အေနနဲ႔ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို လိုက္နာဖို႔နဲ႔ အာဆီယံ အထူးကိုယ္စားလွယ္ကိုလည္း ျမန္မာႏိုင္ငံက သက္ဆိုင္သူ အားလုံးနဲ႔ ေတြ႕ဆုံခြင့္ျပဳဖို႔ အေရးႀကီးေၾကာင္းလည္း အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန အတိုင္ပင္ခံအရာရွိက ေဆြးေႏြးပဲြမွာ ေျပာဆိုခဲ့ပါတယ္။

ျမန္မာ႔အေရး ကန္ နဲ႔ မဟာမိတ္ေတြ ေဆြးေႏြး
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္


= ={{ Unicode }}= =

မြန်မာ့အရေး ကန် နဲ့ မဟာမိတ်တွေ ဆွေးနွေး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေနဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမေရိကန်က မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် နိုင်ငံတကာ အသိုင်းအဝန်းက ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဥရောပသမဂ္ဂ (EU) ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန် နိုင်ငံက တာဝန်ရှိသူတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet တို့ ဒီသီတင်းပတ်ထဲမှာပဲ ဆွေးနွေးခဲ့ကြတာပါ။

မြန်မာစစ်အာဏာပိုင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူသားချင်းစာနာမှု အခြေအနေတွေ ဆိုးရွားလာနေတဲ့အပေါ် စိုးရိမ်တဲ့သဘောထားကိုလည်း ဆွေးနွေးမှုအတွင်း အတိုင်ပင်ခံအရာရှိက ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေကိုရပ်ဖို့၊ မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဖို့လည်း အလေးထား ပြောဆိုခဲ့တာပါ။

မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကိုလည်း မြန်မာနိုင်ငံက သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံခွင့်ပြုဖို့ အရေးကြီးကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံအရာရှိက ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG